• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ခရီးသြားလုပ္ငန္းျမွင့္တင္းေရး ေလာက္ႏူးေျမ ရိုးရာယဥ္ေက်းမႈႏွင့္ ေခၚႏူူးစုမ္ေတာင္ဇလပ္ပန္းပြဲေတာ္က်င္းပမည္

ခရီးသြားလုပ္ငန္းျမွင့္တင္းေရး ေလာက္ႏူးေျမ ရိုးရာယဥ္ေက်းမႈႏွင့္ ေခၚႏူူးစုမ္ေတာင္ဇလပ္ပန္းပြဲေတာ္က်င္းပမည္

0
By Editor on January 24, 2020 Khonumthung

Zawgyi

By လားႏြန္ – ခ်င္းျပည္နယ္၏ ခရီးသြားလုပ္ငန္းဖြံၿဖိဳးတိုးတက္လာေစေရးအတြက္ရည္ရြယ္ကာ ေလာက္ႏူးေျမရိုးရယဥ္ ေက်းမႈႏွင့္ ေခၚႏူူးစုမ္ေတာင္ဇလပ္ပန္းပြဲေတာ္ကို ဇန္န၀ါရီလ ၂၅ မွ ၂၆ ရက္ေန႔အထိ (၂) ရက္တာ စည္ကားသိုက္ၿမိဳက္စြာက်င္းပျပဳလုပ္ၾကမည္ျဖစ္သည္။

ကန္ပက္လက္ၿမိဳ႕တြင္ ပထမဦးဆံုးအႀကိမ္က်င္းပျပဳလုပ္မည့္ ေလာက္ႏူးေျမရိုးရယဥ္ ေက်းမႈႏွင့္ ေခၚႏူူးစုမ္ေတာင္ဇလပ္ပန္းပြဲေတာ္ကို ခ်င္းျပည္နယ္ေဒသဆိုင္ရာ ခရီးသြားလုပ္ငန္းေကာ္မတီမွ ဦးစီးက်င္းပျခင္းျဖစ္ၿပီး ျပည္တြင္းျပည္ပခရီးသြားမ်ား ဖိတ္ေခၚသည့္အေနျဖင့္ျပဳလုပ္ရျခင္းျဖစ္သည္ဟု ခ်င္းျပည္နယ္လူမႈေရး၀န္ႀကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။

“ကန္ပက္လက္ေဒသရဲ႕ပြဲေပါ့ ေတာင္ဇလပ္ပန္းပြဲေတာ္ဆိုတဲ့အစီအစဥ္ အထူးသျဖင့္ က်ေနာ္တို႔ ခ်င္းျပည္နယ္ရဲ႕လွပတဲ့ ေတာင္ဇလပ္ပန္းမ်ားပြင့္တဲ့အခ်ိန္မွာ ဒီပန္းပြဲေတာ္လုပ္ဖို႔ဆိုျပီးေတာ့လုပ္တာျဖစ္တယ္ တစ္နည္းအားျဖင့္ ပြဲေတာ္က်င္းပတာနဲ႔ကို ေနာက္ပိုင္းမွာခရီးသြားလုပ္ငန္း ဖိတ္ေခၚႏိုင္ေအာင္ေပါ့ေနာ္ ဒါရည္ရြယ္ျပီးေတာ့ သေဘာက တီးတိန္မွာဆိုရင္ ခြါဒိုပြဲလိုေပါ့ အခုဒီမွာက ေလာက္ႏူးေတာင္ဇလပ္ပြဲေတာ္ ဒီကန္ပက္လက္နယ္ကေတာ့ ဒီခ်ိန္ဇန္န၀ါရီ ၀န္းက်င္မွာပဲ အျမဲတမ္းေတာင္ဇလပ္ပန္းက အေကာင္းဆံုးပြင့္တဲ့အခ်ိန္မွာပြဲလုပ္ဖို႔ အဲလိုစီစဥ္တယ္လို႔သိရပါတယ္” ဟု ခ်င္းျပည္နယ္လူမႈေရး၀န္ၾကီး ဦးေပါင္လြန္မင္းထန္ကေျပာသည္။

ေလာက္ႏူးေျမရိုးရာယဥ္ေက်းမႈႏွင့္ ေခၚႏူးစုပ္ေတာင္ဇလပ္ပြဲေတာ္က်င္းပျခင္းသည္ ကန္ပလက္ျမိဳ႕နယ္ရိွ ေဒသခရီးသြားလုပ္ငန္းျမွင့္တင္ႏိုင္သာမက ေလာက္ႏူးေျမ (ကန္ပက္လက္) ရိုးရာယဥ္ေက်းမႈဓေလ့ထံုးစံမ်ားေဖာ္ထုတ္ရန္ႏွင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေစာင့္ေရွာက္ေရး အေလ့အက်င့္မ်ားရိွေအာင္ ရည္ရြယ္ျပီးလုပ္ေဆာင္ျခင္းျဖစ္ေၾကာင္း ဟိုတယ္ႏွင့္ ခရီးသြားညႊန္ၾကားေရးဦးစီးဌာန ခ်င္းျပည္နယ္တာ၀န္ခံ ျပည္နယ္ဦးစီးမွဴးေအာင္ျဖိဳးမွသိရသည္။

ယင္းပြဲေတာ္က်င္းပျခင္းႏွင့္ ပတ္သက္ျပီး ကန္ပက္လက္ေဒသခံ Chin Education Initiative ဒါရိုက္တာ ဦး Kham Tin Thang က “ ခရီးသြားလုပ္ငန္းကို ျမွင့္တင္ဖို႔ရည္ရြယ္ျပီးလုပ္တဲ့ဟာျဖစ္တယ္၊ ဒီႏွစ္မွစလုပ္တယ္ဆိုေတာ့ သိပ္ျပီးက်ယ္က်ယ္ျပန္႔ျပန္႔နဲ႔ သိပ္မသိက်ေသးဘူးေပါ့ေနာ္ ဒီလုိလုပ္ျခင္းအားျဖင့္ ဒီေခၚႏူးစုမ္ေတာင္လည္း လူေတြကတြဲျမင္လာၾကမယ္ ဒီပြဲေတာ္ကို ဒီထက္ပို ေကာင္းေကာင္းမြန္မြန္ေၾကာ္ျငာႏို္င္လို႔ရိွရင္ေတာ့ ခရီးသြားေတြကပိုျပီးစိတ္၀င္စားလာမွာေပါ့” ဟုေျပာသည္။

ေလာက္ႏူးဆိုသည္မွာ ေဒသဘာသာစကားျဖင့္ ကန္ပက္လက္ျမိဳ႕ကို ေခၚေ၀ၚျခင္းျဖစ္သည္။

အဆိုပါပြဲေတာ္တြင္ ေလာက္ႏူးေျမ (ကန္ပက္လက္) အတြင္းရိွ မ်ိဳးႏြယ္စုမ်ားျဖစ္သည့္ မြင္း၊ ရာ့၊ ဒါးရင္ဒူး၊ ဒိုင္ႏွင့္ ဥ(၀္)တို႔မွာ မိမိရိုးရာအကမ်ားျဖင့္ ကျပေဖ်ာ္ေပးျခင္း၊ ရိုးရာလံုုယူးေက်ာက္ပ်ဥ္ခ်ီပြဲေတာ္အစီအစဥ္မ်ား၊ ေခၚနူးစုမ္ေတာင္ ေတာင္ထိပ္သို႔ ေျခလွ်င္လမ္းေလွ်ာက္ျပိဳင္ပြဲ၊ ေထာပတ္သီး ဟင္းလ်ာျပင္ဆင္ ခင္းက်င္းျပသျခင္း၊ ဧည့္သည္မ်ားႏွင့္အတူ ရိုးရာမီးပံုပြဲကျပေဖ်ာ္ေျဖျခင္းႏွင့္ ေတးဂီတျဖင့္ေဖ်ာ္ေျဖတင္ဆက္ျခင္းတို႔ပါ၀င္မည္ျဖစ္သည္။

တည္းဂီတျဖငေဖ်ာ္ေျဖရာတြင္လည္း ႏုိင္ငံေက်ာ္မ်ားေခၚယူထားေၾကာင္း ေတးသံရွင္ေယာကီး (Myanmar Idol- season 4)၊ ေတးသံရွင္ Jenevy (အိမ္မက္ဆံုရာ)၊ ေတးသံရွင္ ထန္းထန္း (အိမ္မက္ဆံုရာ) တို႔ေတးသံရွင္မ်ားစြာျဖင့္ ျပဳလုပ္က်င္းပမည္ျဖစ္သည္။

Unicode

By လားနွန် – ချင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းဖွံဖြိုးတိုးတက်လာစေရေးအတွက် ရည်ရွယ်ကာ လောက်နူးမြေရိုးရယဉ် ကျေးမှုနှင့် ခေါ်နူးစုမ်တောင်ဇလပ်ပန်းပွဲတော်ကို ဇန်နဝါရီလ ၂၅ မှ ၂၆ ရက်နေ့အထိ (၂) ရက်တာ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ကြမည်ဖြစ်သည်။

ကန်ပက်လက်မြို့တွင် ပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်မည့် လောက်နူးမြေရိုးရယဉ် ကျေးမှုနှင့် ခေါ်နူးစုမ်တောင်ဇလပ်ပန်းပွဲတော်ကို ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီမှ ဦးစီးကျင်းပခြင်းဖြစ်ပြီး ပြည်တွင်းပြည်ပခရီးသွားများ ဖိတ်ခေါ်သည့်အနေဖြင့်ပြုလုပ်ရခြင်းဖြစ်သည်ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

“ကန်ပက်လက်ဒေသရဲ့ပွဲပေါ့ တောင်ဇလပ်ပန်းပွဲတော်ဆိုတဲ့အစီအစဉ် အထူးသဖြင့် ကျနော်တို့ ချင်းပြည်နယ်ရဲ့လှပတဲ့ တောင်ဇလပ်ပန်းများပွင့်တဲ့အချိန်မှာ ဒီပန်းပွဲတော်လုပ်ဖို့ဆိုပြီးတော့လုပ်တာဖြစ်တယ် တစ်နည်းအားဖြင့် ပွဲတော်ကျင်းပတာနဲ့ကို နောက်ပိုင်းမှာခရီးသွားလုပ်ငန်း ဖိတ်ခေါ်နိုင်အောင်ပေါ့နော် ဒါရည်ရွယ်ပြီးတော့ သဘောက တီးတိန်မှာဆိုရင် ခွါဒိုပွဲလိုပေါ့ အခုဒီမှာက လောက်နူးတောင်ဇလပ်ပွဲတော် ဒီကန်ပက်လက်နယ်ကတော့ ဒီချိန်ဇန်နဝါရီ ဝန်းကျင်မှာပဲ အမြဲတမ်းတောင်ဇလပ်ပန်းက အကောင်းဆုံးပွင့်တဲ့အချိန်မှာပွဲလုပ်ဖို့ အဲလိုစီစဉ်တယ်လို့သိရပါတယ်” ဟု ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်မင်းထန်ကပြောသည်။

လောက်နူးမြေရိုးရာယဉ်ကျေးမှုနှင့် ခေါ်နူးစုပ်တောင်ဇလပ်ပွဲတော်ကျင်းပခြင်းသည် ကန်ပလက်မြို့နယ်ရှိ ဒေသခရီးသွားလုပ်ငန်းမြှင့်တင်နိုင်သာမက လောက်နူးမြေ (ကန်ပက်လက်) ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများဖော်ထုတ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အလေ့အကျင့်များရှိအောင် ရည်ရွယ်ပြီးလုပ်ဆောင်ခြင်းဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားရေးဦးစီးဌာန ချင်းပြည်နယ်တာဝန်ခံ ပြည်နယ်ဦးစီးမှူးအောင်ဖြိုးမှသိရသည်။

ယင်းပွဲတော်ကျင်းပခြင်းနှင့် ပတ်သက်ပြီး ကန်ပက်လက်ဒေသခံ Chin Education Initiative ဒါရိုက်တာ ဦး Kham Tin Thang က “ ခရီးသွားလုပ်ငန်းကိုမြှင့်တင်ဖို့ရည်ရွယ်ပြီးလုပ်တဲ့ဟာဖြစ်တယ်၊ ဒီနှစ်မှစလုပ်တယ်ဆိုတော့ သိပ်ပြီးကျယ်ကျယ်ပြန့်ပြန့်နဲ့ သိပ်မသိကျသေးဘူးပေါ့နော် ဒီလိုလုပ်ခြင်းအားဖြင့် ဒီခေါ်နူးစုမ်တောင်လည်း လူတွေကတွဲမြင်လာကြမယ် ဒီပွဲတော်ကို ဒီထက်ပို ကောင်းကောင်းမွန်မွန်ကြော်ငြာနိ်ုင်လို့ရှိရင်တော့ ခရီးသွားတွေကပိုပြီးစိတ်ဝင်စားလာမှာပေါ့” ဟုပြောသည်။

လောက်နူးဆိုသည်မှာ ဒေသဘာသာစကားဖြင့် ကန်ပက်လက်မြို့ကို ခေါ်ဝေါ်ခြင်းဖြစ်သည်။

အဆိုပါပွဲတော်တွင် လောက်နူးမြေ (ကန်ပက်လက်) အတွင်းရှိ မျိုးနွယ်စုများဖြစ်သည့် မွင်း၊ ရာ့၊ ဒါးရင်ဒူး၊ ဒိုင်နှင့် ဥ(ဝ်)တို့မှာ မိမိရိုးရာအကများဖြင့် ကပြဖျော်ပေးခြင်း၊ ရိုးရာလုံယူးကျောက်ပျဉ်ချီပွဲတော်အစီအစဉ်များ၊ ခေါ်နူးစုမ်တောင် တောင်ထိပ်သို့ ခြေလျှင်လမ်းလျှောက်ပြိုင်ပွဲ၊ ထောပတ်သီး ဟင်းလျာပြင်ဆင် ခင်းကျင်းပြသခြင်း၊ ဧည့်သည်များနှင့်အတူ ရိုးရာမီးပုံပွဲကပြဖျော်ဖြေခြင်းနှင့် တေးဂီတဖြင့်ဖျော်ဖြေတင်ဆက်ခြင်းတို့ပါဝင်မည်ဖြစ်သည်။

တည်းဂီတဖြငဖျော်ဖြေရာတွင်လည်း နိုင်ငံကျော်များခေါ်ယူထားကြောင်း တေးသံရှင်ယောကီး (Myanmar Idol- season 4)၊ တေးသံရှင် Jenevy (အိမ်မက်ဆုံရာ)၊ တေးသံရှင် ထန်းထန်း (အိမ်မက်ဆုံရာ) တို့တေးသံရှင်များစွာဖြင့် ပြုလုပ်ကျင်းပမည်ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.