• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ခ်င္းေက်းရြာတစ္ရြာ၏ မဲဆႏၵရွင္စာရင္းမ်ား မေကြးတိုင္းထဲ ထည့္သြင္းမႈ ခ်င္းပါတီလက္မခံ

ခ်င္းေက်းရြာတစ္ရြာ၏ မဲဆႏၵရွင္စာရင္းမ်ား မေကြးတိုင္းထဲ ထည့္သြင္းမႈ ခ်င္းပါတီလက္မခံ

0
By Editor on October 21, 2020 Headline

#Unicode

By Benezer – ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင်အတွင်းရှိ ရွှေအောင်သာကျေးရွာ၏ မဲဆန္ဒရှင်လူဦးရေစာရင်းအချက်အလက်များ အား မကွေးတိုင်းဒေသကြီး ဂန့်ဂေါ်ခရိုင် ထီးလင်းမြို့နယ်၏အခြေခံမဲဆန္ဒရှင်စာရင်းသို့ လွဲပြောင်းထည့်သွင်းမှုကို လက်မခံ နိုင်ကြောင်း ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ်(CNLD) ပါတီကပြောဆိုလိုက်သည်။

ရွှေအောင်သာကျေးရွာသည် သမိုင်းအစဉ်အဆက် ချင်းပြည်နယ်နယ်နိမိတ်အစိတ်အပိုင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်အထွေထွေ ရွေးကောက်ပွဲအထိ ချင်းပြည်နယ် မင်းတပ်ခရိုင် မင်းတပ်မြို့နယ် မဲဆန္ဒနယ် လှေ့ချမ်းအုပ်စု မဲဆန္ဒရှင်စာရင်းတွင် ထည့်သွင်းမဲပေးခဲ့ခြင်းဖြစ်ရာ NLD အစိုးရသက်တမ်းတွင် ထိုကဲ့သို့ဆောင်ရွက်ခြင်းသည် ချင်းလူမျိူးအတွက်ဆုံးရှုံးနစ်နာမှု ကြီးဖြစ်သောကြောင့် ရွေးကောက်ပွဲကော်မရှင်နှင့် အာဏာပိုင်များက မူလအတိုင်းပြန်လည်ဆောင်ရွက်ပေးရန် အောက်တိုဘာလ ၁၉ ရက်နေ့စွဲဖြင့်ထုတ်ပြန်သော CNLD ပါတီ၏ကြေညာချက်တွင်ဖော်ပြထားသည်။

CNLD ပါတီအထွေထွေအတွင်းရေးမှူး ဆလိုင်းကျဲအိုဘိခ်ထောင်က “ ဒီကိစ္စကို ကျနော်တို့ကတော့ လက်မခံနိုင်ဘူး သမိုင်းအစဉ်ဆက်ကိုပြန်ကြည့်ရင် ဦးသန်းရွှေကလုပ်ထားတဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာတောင်မှ ချင်းပြည်နယ်ပဲ၊ ဦးသိန်းစိန်လုပ်ပေးထားတဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာလည်းပဲ ချင်းပြည်နယ်ပဲ အခု ၂၀၂၀ ဒေါ်အောင်ဆန်းစုကြည်လုပ်ပေးတဲ့ ရွေးကောက်ပွဲမှာ ဒီလိုဖြစ်သွားတာကတော့ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာလား၊ အဲလိုဆိုရင်တော့ ချင်းနယ်နိမိတ်အက်ကြောင်းကို သူတို့ဖန်တီးလိုက်ပြီပေါ့ဗျာ’’ ဟု ပြောသည်။

ရွေအောင်သာကျေးရွာသည် လွန်ခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့စွဲဖြင့် အထွေထွေအုပ်ချူပ်ရေးဦးစီးဌာနမှ ထုတ်ဝေခဲ့သော တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် နေပြည်တော်အတွင်းရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု၊ ကျေးရွာများစာအုပ်အရ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် အောင်းကျေးရွာအုပ်စုအတွင်းသို့ ထည့်သွင်း ခံရသည်ဟု သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူး ဦးလင်းကျော်က “ကျနော်တို့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဆောင်ရွက်တဲ့အခါမှာတော့ ပြည်ထည်ရေးရဲ့အမည်ပေါက်နယ်မြေဒေသအခြေနေပေါ် မူတည်ပြီးတော့ပဲ မဲစာရင်းကိုကောက်ယူရတာဖြစ်ပါတယ်၊ အဲဒီလိုကောက်ယူတဲ့အခါမှာ ရပ်ကျေးကော်မရှင်တွေကနေ အဲဒီဟာတွေပါ ပါလာတယ်ပေါ့၊ ကိုယ့်ရဲနယ်မြေထဲမှာမရှိတဲ့ အတွက် ပြန်လွဲပေးပါဆိုပြီးတော့ ညွန်ကြားလာတဲ့အတွက် ကျနော်တို့က ပြန်လွှဲပေးရတာပေါ့၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေဆောင်ရွက်တဲ့အခါမှာ ပြည်ထဲရေးရဲ့အမည်ပေါက် နယ်မြေဒေသ ပိုင်းခြားမှုအတိုင်းပဲ ဆောင်ရွက်ရတာဖြစ်ပါတယ်၊ ကျနော်တို့က ပေးချင်တိုင်းပေး ယူချင်တိုင်းယူလို့မရဘူး အမည်ပေါက်အတိုင်းပဲလုပ်ရတာ’’ ဟု ပြောသည်။

မကွေးတိုင်းနှင့် ချင်းပြည်နယ် နယ်နိမိတ်အရေးကို ယခင်လွှတ်တော်သက်တမ်း ၂ ခုအတွင်းက ကိုင်တွယ်ဖြေရှင်းမှုမရှိခဲ့ကြ သည့်အတွက် ယခုအနေသို့ရောက်ရှိရခြင်းဖြစ်သည်ဟု မင်းတပ်မြို့အခြေစိုက် အရပ်ဘက်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Third Eye အဖွဲ့မှဦးဆောင်သူ ဆလိုင်းမာန်အွမ်ကသုံးသပ်ထားသည်။

“ကျနော်နားလည်ထားတာကတော့ ဒါက ချင်းပြည်နယ် နယ်နိမိတ်ထဲမှာပါတယ်၊ သစ်တောကြိုးဝိုင်းအရအခြေခံပြီး ယူမယ်ဆိုရင် သေချာပေါက်မကွေးတိုင်းထဲမှာကျနိုင်တယ် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကြား နယ်နိမိတ်ကိစ္စက အရင်လွှတ်တော်သက်တမ်းနှစ်ခုစလုံးက ဒါကိုကောင်းကောင်းမွန်မွန်မကိုင်တွယ်ခဲ့ကြလို့ ဒီပြသနာဟာ ဒီနေ့ဖြစ်လာရ တယ်လို့ ကျနော်နားလည်ထားပါတယ်” ဟု ဆလိုင်းမာန်အွမ်ကပြောသည်။

မကွေးတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်နယ်စပ်လမ်းကြောင်းတွင်တည်ရှိသည့် ရွှေအောင်သာကျေးရွာတွင် အိမ်ထောင်စု ၃၀ ကျော် လူဦးရေစုစုပေါင်း ၁၀၀ ကျော်ခန့်ရှိပြီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၆၀ ခန့်ရှိသည်ဟု သိရသည်။

#Zawgyi

By Benezer – ခ်င္းျပည္နယ္ေတာင္ပိုင္း မင္းတပ္ခ႐ိုင္အတြင္းရွိ ေရႊေအာင္သာေက်းရြာ၏ မဲဆႏၵရွင္လူဦးေရစာရင္းအခ်က္အလက္မ်ား အား မေကြးတိုင္းေဒသႀကီး ဂန္႔ေဂၚခ႐ိုင္ ထီးလင္းၿမိဳ႕နယ္၏အေျခခံမဲဆႏၵရွင္စာရင္းသို႔ လြဲေျပာင္းထည့္သြင္းမႈကို လက္မခံ ႏိုင္ေၾကာင္း ခ်င္းအမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္(CNLD) ပါတီကေျပာဆိုလိုက္သည္။ 

ေရႊေအာင္သာေက်းရြာသည္ သမိုင္းအစဥ္အဆက္ ခ်င္းျပည္နယ္နယ္နိမိတ္အစိတ္အပိုင္းျဖစ္ၿပီး ၂၀၁၅ ခုႏွစ္အေထြေထြ ေရြးေကာက္ပြဲအထိ ခ်င္းျပည္နယ္ မင္းတပ္ခ႐ိုင္ မင္းတပ္ၿမိဳ႕နယ္ မဲဆႏၵနယ္ ေလွ႕ခ်မ္းအုပ္စု မဲဆႏၵရွင္စာရင္းတြင္ ထည့္သြင္းမဲေပးခဲ့ျခင္းျဖစ္ရာ NLD အစိုးရသက္တမ္းတြင္ ထိုကဲ့သို႔ေဆာင္ရြက္ျခင္းသည္ ခ်င္းလူမ်ဴိးအတြက္ဆံုးရံႈးနစ္နာမႈ ႀကီးျဖစ္ေသာေၾကာင့္ ေရြးေကာက္ပြဲေကာ္မရွင္ႏွင့္ အာဏာပိုင္မ်ားက မူလအတိုင္းျပန္လည္ေဆာင္ရြက္ေပးရန္ ေအာက္တိုဘာလ ၁၉ ရက္ေန႔စြဲျဖင့္ထုတ္ျပန္ေသာ CNLD ပါတီ၏ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။ 

CNLD ပါတီအေထြေထြအတြင္းေရးမွဴး ဆလိုင္းက်ဲအိုဘိခ္ေထာင္က “ ဒီကိစၥကို က်ေနာ္တို႔ကေတာ့ လက္မခံႏိုင္ဘူး သမိုင္းအစဥ္ဆက္ကိုျပန္ၾကည့္ရင္ ဦးသန္းေရႊကလုပ္ထားတဲ့ ၂၀၁၀ ေရြးေကာက္ပြဲမွာေတာင္မွ ခ်င္းျပည္နယ္ပဲ၊ ဦးသိန္းစိန္လုပ္ေပးထားတဲ့ ၂၀၁၅ ေရြးေကာက္ပြဲမွာလည္းပဲ ခ်င္းျပည္နယ္ပဲ အခု ၂၀၂၀ ေဒၚေအာင္ဆန္းစုၾကည္လုပ္ေပးတဲ့ ေရြးေကာက္ပြဲမွာ ဒီလိုျဖစ္သြားတာကေတာ့ ရည္ရြယ္ခ်က္ရွိရွိနဲ႔လုပ္တာလား၊ အဲလိုဆိုရင္ေတာ့ ခ်င္းနယ္နိမိတ္အက္ေၾကာင္းကို သူတို႔ဖန္တီးလိုက္ၿပီေပါ့ဗ်ာ’’ ဟု ေျပာသည္။ 

ေရြေအာင္သာေက်းရြာသည္ လြန္ခဲ့သည့္ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ ၃၁ ရက္ေန႔စြဲျဖင့္ အေထြေထြအုပ္ခ်ဴပ္ေရးဦးစီးဌာနမွ ထုတ္ေ၀ခဲ့ေသာ တိုင္းေဒသႀကီး၊ ျပည္နယ္မ်ားႏွင့္ ေနျပည္ေတာ္အတြင္းရွိ ခ႐ိုင္၊ ၿမိဳ႕နယ္၊ ရပ္ကြက္ႏွင့္ ေက်းရြာအုပ္စု၊ ေက်းရြာမ်ားစာအုပ္အရ မေကြးတိုင္းေဒသႀကီး၊ ဂန္႔ေဂါခ႐ိုင္ ထီးလင္းၿမိဳ႕နယ္ ေအာင္းေက်းရြာအုပ္စုအတြင္းသို႔ ထည့္သြင္း ခံရသည္ဟု သိရသည္။ 

ယခုကိစၥႏွင့္ပတ္သက္၍ ခ်င္းျပည္နယ္ ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔အတြင္းေရးမွဴး ဦးလင္းေက်ာ္က “က်ေနာ္တို႔ ေရြးေကာက္ပြဲလုပ္ငန္းစဥ္ေတြေဆာင္ရြက္တဲ့အခါမွာေတာ့ ျပည္ထည္ေရးရဲ႕အမည္ေပါက္နယ္ေျမေဒသအေျခေနေပၚ မူတည္ၿပီးေတာ့ပဲ မဲစာရင္းကိုေကာက္ယူရတာျဖစ္ပါတယ္၊ အဲဒီလိုေကာက္ယူတဲ့အခါမွာ ရပ္ေက်းေကာ္မရွင္ေတြကေန အဲဒီဟာေတြပါ ပါလာတယ္ေပါ့၊ ကိုယ့္ရဲနယ္ေျမထဲမွာမရွိတဲ့ အတြက္ ျပန္လြဲေပးပါဆိုၿပီးေတာ့ ၫြန္ၾကားလာတဲ့အတြက္ က်ေနာ္တို႔က ျပန္လႊဲေပးရတာေပါ့၊ ေရြးေကာက္ပြဲလုပ္ငန္းစဥ္ေတြေဆာင္ရြက္တဲ့အခါမွာ ျပည္ထဲေရးရဲ႕အမည္ေပါက္ နယ္ေျမေဒသ ပိုင္းျခားမႈအတိုင္းပဲ ေဆာင္ရြက္ရတာျဖစ္ပါတယ္၊ က်ေနာ္တို႔က ေပးခ်င္တိုင္းေပး ယူခ်င္တိုင္းယူလို႔မရဘူး အမည္ေပါက္အတိုင္းပဲလုပ္ရတာ’’ ဟု ေျပာသည္။

မေကြးတိုင္းႏွင့္ ခ်င္းျပည္နယ္ နယ္နိမိတ္အေရးကို ယခင္လႊတ္ေတာ္သက္တမ္း ၂ ခုအတြင္းက ကိုင္တြယ္ေျဖရွင္းမႈမရွိခဲ့ၾက သည့္အတြက္ ယခုအေနသို႔ေရာက္ရွိရျခင္းျဖစ္သည္ဟု မင္းတပ္ၿမိဳ႕အေျခစိုက္ အရပ္ဘက္အဖြဲ႔အစည္းတစ္ခုျဖစ္တဲ့ Third Eye အဖြဲ႔မွဦးေဆာင္သူ ဆလိုင္းမာန္အြမ္ကသံုးသပ္ထားသည္။ 

“က်ေနာ္နားလည္ထားတာကေတာ့ ဒါက ခ်င္းျပည္နယ္ နယ္နိမိတ္ထဲမွာပါတယ္၊ သစ္ေတာႀကိဳးဝိုင္းအရအေျခခံၿပီး ယူမယ္ဆိုရင္ ေသခ်ာေပါက္မေကြးတိုင္းထဲမွာက်ႏိုင္တယ္ တိုင္းေဒသႀကီးနဲ႔ ျပည္နယ္ေတြၾကား နယ္နိမိတ္ကိစၥက အရင္လႊတ္ေတာ္သက္တမ္းႏွစ္ခုစလံုးက ဒါကိုေကာင္းေကာင္းမြန္မြန္မကိုင္တြယ္ခဲ့ၾကလို႔ ဒီျပသနာဟာ ဒီေန႔ျဖစ္လာရ တယ္လို႔ က်ေနာ္နားလည္ထားပါတယ္” ဟု ဆလိုင္းမာန္အြမ္ကေျပာသည္။

မေကြးတိုင္းေဒသႀကီးႏွင့္ ခ်င္းျပည္နယ္နယ္စပ္လမ္းေၾကာင္းတြင္တည္ရွိသည့္ ေရႊေအာင္သာေက်းရြာတြင္ အိမ္ေထာင္စု ၃၀ ေက်ာ္ လူဦးေရစုစုေပါင္း ၁၀၀ ေက်ာ္ခန္႔ရွိၿပီး လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ ၆၀ ခန္႔ရွိသည္ဟု သိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.