• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ချင်းတောင်ပေါ်က တစ်ပိုင်တစ်နိုင်မွေးမြူသည့် နွားနောက်များ ခိုးသတ်၍ ရောင်းစားမှုများလာဟုဆို

ချင်းတောင်ပေါ်က တစ်ပိုင်တစ်နိုင်မွေးမြူသည့် နွားနောက်များ ခိုးသတ်၍ ရောင်းစားမှုများလာဟုဆို

0
By Editor on November 25, 2019 Khonumthung

By ဒိမ် – တိမ်ကောလုနီးပါးဖြစ်နေပြီဖြစ်သော နွားနောက်မွေးမြူရေးလုပ်ငန်းကို ချင်းပြည်နယ်တွင် တစ်ပိုင်တစ်နိုင်လုပ်ငန်းအဖြစ် လုပ်ကိုင်နေကြသော်လည်း ၎င်းတို့မွေးမြူထားသည့်နွားနောက်များကို ခိုးပြီးသတ်ဖြတ်သူများရှိနေသည့်အတွက် ပျောက်ဆုံးမှု များနေသည်ဟု နွားနောက်မွေးမြူသူများထံမှသိရသည်။

နွားနောက်သည် ခြံခတ်၍ မွေးမြူသည့် အိမ်မွေးတိရိစ္ဆာန် မဟုတ်သည့်အတွက် စားကျက်နေမြေတွင် လွှတ်ထားပြီးမွေးမြူ ရသောကြောင့် အနီးနားပတ်ဝန်ကျင်ရှိအမည်မသိရွာသားတချို့မှ ခိုးပြီးပစ်သတ်ကြသည့်အပြင် တောရိုင်းတိရိစ္ဆာန်များက ကိုက်ဖြတ်စားသောက်လေ့ရှိသည့်အတွက် ပျောက်ဆုံးမှုပိုများလာနေကြောင်း နွားနောက်မွေးမြူသူ ဟားခါးမြို့နယ် ဆုန်ကျူံးကျေးရွာသား ဦးဘွောလ်ရဲမ်းကပြောသည်။

“တချို့က နွားနောက်ကို သတ်ပစ်ပြီးတော့ တောထဲမှာ အခြောက်ခံတယ်။ ပြီးတော့ ဟားခါးမြို့ပေါ်မှာ ခိုးရောင်း နေကြတယ်။ အရိုးတွေကို မြေမြုပ်ထားကြတယ်။ ကျတော့ နွားနောက် အမ အကောင်ကြီးကြီး ၁၂ ကောင်ကို ၂၀၁၈ ခုနှစ် အတွင်းမှာ ပျောက်သွားတယ်” ဟု နွားနောက်ပိုင်ရှင် ဦးဘွောလ်ရဲမ်းက ဆိုသည်။

နွားနောက်ကောင်ရေ ၅၀ ကျော်မွေးမြူနေသည့် ဦးဘွောလ်ရဲမ်း၏ နွားနောက်သည် ယခုနှစ်တွင်လည်း ၄ ကောင် ပျောက်ဆုံးပြီးဖြစ်သည်ဟု သိရသည်။ ထို့အပြင် နွားနောက်ကောင်ရေ ၁၅၀ ခန့်မွေးမြူနေသည့် ဟိုင်ရောန်ကျေးရွာသား ဦးရောလ်တလိန်း၏ နွားနောက်မှာ ယခုနှစ်အတွင်း ကောင်ရေ ၁၅ ကောင်ခန့်ပျောက်ဆုံးနေကြောင်း သိရသည်။

“နွားနောက်ခိုးပစ်တဲ့သူတွေ တိုင်ကြားဖို့ လုပ်ပေမဲ့ အချင်းချင်းဒီလိုမျိုးလုပ်တာ မကောင်းဘူးဆိုတော့ ပြေလည်မှုနဲ့ လုပ်လိုက်တယ်။ ထိုက်သင့်သလောက်ပြန်လျော်ခိုင်းတာဘဲရှိတယ်။ တချို့လူတွေကို မတိုင်တာဘဲရှိတယ်၊ လက်ပူးလက်ကျက်မမိတော့ စွတ်စွဲလို့မကောင်းတော့ ဒီအတိုင်းဘဲနေနေရတယ်” ဟု ဦးရောလ်တလိန်းက ဆိုသည်။

ယခုကဲ့သို့ နွားနောက်များကို ခိုးပြီးသတ်ဖြတ်သူများသည် နွားနောက်မွေးမြူနေသည့် အနီးအနားရှိ ပြည်သူတချို့ဖြစ်ကြောင်း၊ တောရိုင်းတိရိစ္ဆာန်ဖြစ်သည့် တောခွေးများကမူ နွားနောက်ကောင် ပေါက်စများကိုသာ တခါတလေ ကိုက်စားတတ်သည်ဟု နွားနောက်မွေးမြူသူများထံမှ သိရသည်။ ဟားခါးမြို့နယ် ဟိုင်ရောန်၊ ဆုန်ကျူံးကျေးရွာနှင့် ဖလမ်းမြို့နယ် ရမ်တလိုးကျေးရွာ နယ်မြေအတွင်း နွားနောက် ကောင်ရေ ၂၀၀ ကျော်မွေးလျက်ရှိကြပြီး နွားနောက် ၃ နှစ်မှ ၉ နှစ်အရွယ် တစ်ကောင်ကို ကျပ်ငွေ ဆယ်သိန်းခွဲ ဈေးပေါက်နေကြောင်းသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ထန်တလန်မြို့တွင် စစ်ကောင်စီတပ်သား ၆ ဦးကို ချင်းကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီး

“တမူးမြို့နယ်တွင် ပီဒီအက်(ဖ်) အကြမ်းဖက်သမားများက သားအမိ ၃ ဦးကို သေနတ်ဖြင့်ပစ်ခတ်သွား” ဆိုတဲ့သတင်းအမှား

“တမူးမြို့နယ် မလူကျေးရွာအတွင်းသို့ ပီဒီအက်(ဖ်) အကြမ်းဖက်သမား ၅၀ ဦးခန့် ဝင်ရောက်လာပြီး ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း များအားလုယက်ယူဆောင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး” ဆိုတဲ့သတင်းအမှား

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.