• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ခ်င္းျပည္နယ္တြင္ မဲဆႏၵရွင္ ၉၀၀၀ ေက်ာ္ေလွ်ာ့သြား

ခ်င္းျပည္နယ္တြင္ မဲဆႏၵရွင္ ၉၀၀၀ ေက်ာ္ေလွ်ာ့သြား

0
By Editor on October 3, 2020 Headline

#Unicode

By လားနွန် – မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းကို ယနေ့အောက်တိုဘာလ ၁ ရက်နေ့ကစတင်၍ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာရာ ချင်းပြည်နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၉၀၀၀ ကျော်လျှော့သွားသည်ဟု သိရသည်။

၂၀၂၀ ရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင်စာရင်းကတ်ထားကြေညာခဲ့ရာတွင် ချင်းပြည်နယ်၌ မဲဆန္ဒရှင် ၃၄၂၁၃၇ ဦးရှိခဲ့ပြီး ယခုဒုတိယကြိမ်တွင် ၃၃၂၆၉၈ သာရှိပြီး မဲဆန္ဒရှင် ၉၄၃၉ ဦးလျှော့သွားခြင်းဖြစ်သည်။

ချင်းပြည်နယ် ရွေးကောက်ပွဲကောင်မရှင်အဖွဲ့ အတွင်းရေးမှူး ဦးလင်းကျော်က “ ကျနော်တို့ ပထမအကြိမ်မဲ စာရင်းကပ်တဲ့အချိန်မှာတော့ ပုံစံ (၃) နဲ့ လျှောက်တဲ့ဟာရှိတယ်လေ တိုးလာတယ်၊ ပြီးလို့ရှိရင် Door to Door နဲ့ တစ်အိမ်တက်ဆင်းစီစစ်တဲ့အခါမှာ အုပ်ချုပ်ရေးပိုင်းတွေနဲ့ ပေါင်းပြီးတော့ စီစစ်တဲ့အခါမှာ တိုးတဲ့ဟာတွေရှိတယ် ပြီးရင် ပုံစံ (၄) နဲ့ ကန့်ကွက်လို့ လျော့သွားတဲ့ဟာရှိတယ်၊ Door to Door ဆောင်ရွက်လို့ မိသားစုတွေလိုက်မရှိတော့ဘူး စီစစ်တဲ့အခါမှာမရှိတော့ဘူး တစ်ချို့ကလည်း ကွယ်လွန်သွားတဲ့ဟာရှိတယ်၊ တစ်ချို့ကလည်း နိုင်ငံခြားကို အပြီးပြောင်းနေတဲ့သူတွေရှိတယ်၊ အဲဒါတွေကို ကျနော်တို့ နှုတ်လိုက်တဲ့အခါမှာ အခုဒုတိယအကြိမ်မဲစားရင်းကတော့ အဲလိုဖြစ်သွားတယ် လျော့သွားတယ်” ဟု ပြောသည်။

ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ သက်ဆိုင်ရာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကတ်ထားကြေညာမည်ဖြစ်ပြီး မဲစာရင်းတွင် မိမိနာမည်ပါမပါ သေသေချာချာကြည့်စေချင် ကြောင်း အကယ်၍ မိမိနာမည်မပါသည်ဖြစ်စေ နာမည်မှားယွင်းသည်ဖြစ်စေ ပုံစံ(၃) ပုံစံ(၄) တို့ဖြင့် ပြန်လျှောက်လို့ရ သည်ဟု ဦးလင်းကျော်ကဆက်ပြောသည်။

ဦးလင်းကျော်က “ မဲစာရင်း ကပ်ထားတဲ့နေရာတွေကို တစ်အိမ်ထောင်စုကို တစ်ယောက်နှုန်းနဲ့တော့ လာကြည့်ပေးစေချင်တယ်၊ တကယ်လို့ မကြည့်နိုင်လို့ အခက်အခဲရှိတယ်ဆိုရင်တော့ သက်ဆိုင်ရာမြို့နယ် ကော်မရှင်တွေကို Call Center တွေဖုန်းနံပတ်တွေရှိပါတယ် အဲဒီဖုန်းနံပတ်တွေနဲ့ ဆက်သွယ်ပြီးတော့ မဲစာရင်းပါမပါ လှမ်းမေးလို့ရတယ်၊ တကယ်လို့များမပါလာလို့ ကိုယ့်အချက်အလက်တွေမှားနေလို့ဆိုလို့ရှိရင်လည်း ပုံစံ (၄) နဲ့ပေါ့ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စုတွေမှာ လျှောက်လို့ရတယ်၊ လျှောက်ဖို့အတွက်ကိုလည်း သွားလာဖို့အတွက်အခက်အခဲဖြစ်နေသေးတယ်ဆိုရင်လည်း အဲဒီမြို့နယ်ကော်မရှင်တွေရဲ့ Viber ဖုန်းနံပတ်တွေရှိပါတယ် ကြေညာထားပေးတယ် အဲဒီဖုန်းနံပတ်ကနေတဆင့် ပုံစံ (၃) ကိုရယူပြီးတော့ ဖြည့်မယ် ဖြည့်ပေးလို့ရှိရင် Viber နဲ့ပဲ ပြန်ပို့မယ် အဲဒါလေးကိုတော့ ကျနော်တို့ ပြည်နယ်အတွင်းမှာ စီစဉ်ပေးမယ်” ဟု ပြောသည်။

နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲထည့်ရန် ပြည်ပမှ ပုံစံ(၁၅) ဖြင့် လျှောက်ထားလာသူ ချင်းလူမျိူး ၂၅၃ ဦးရှိသည်ဟု သိရသည်။

ခရိုင် ၄ ခုနှင့် မြို့နယ်ပေါင်း ၉ ခုဖြင့်ဖွဲ့စည်းထားသည့် ချင်းပြည်နယ်တွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲရုံ ၁၁၁၄ ရုံထားရှိသွားမည်ဟုသိရသည်။

#Zawgyi

By လားႏြန္ – ျမန္မာႏုိင္ငံတစ္ႏုိင္ငံလံုးတြင္ ဒုတိယအႀကိမ္ မဲဆႏၵရွင္စာရင္းကို ယေန႔ေအာက္တိုဘာလ ၁ ရက္ေန႔ကစတင္၍ သက္ဆိုင္ရာေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲရံုးမ်ားတြင္ ကပ္ထားေၾကညာရာ ခ်င္းျပည္နယ္တြင္ ဆႏၵမဲေပးပိုင္ခြင့္ရွိသူ ၉၀၀၀ ေက်ာ္ေလွ်ာ့သြားသည္ဟု သိရသည္။ 

၂၀၂၀ ေရြးေကာက္ပြဲအတြက္ ပထမအႀကိမ္ မဲဆႏၵရွင္စာရင္းကတ္ထားေၾကညာခဲ့ရာတြင္ ခ်င္းျပည္နယ္၌ မဲဆႏၵရွင္ ၃၄၂၁၃၇ ဦးရွိခဲ့ၿပီး ယခုဒုတိယႀကိမ္တြင္ ၃၃၂၆၉၈ သာရွိၿပီး မဲဆႏၵရွင္ ၉၄၃၉ ဦးေလွ်ာ့သြားျခင္းျဖစ္သည္။ 

ခ်င္းျပည္နယ္ ေရြးေကာက္ပြဲေကာင္မရွင္အဖြဲ႔ အတြင္းေရးမွဴး ဦးလင္းေက်ာ္က “ က်ေနာ္တို႔ ပထမအၾကိမ္မဲ စာရင္းကပ္တဲ့အခ်ိန္မွာေတာ့ ပံုစံ (၃) နဲ႔ ေလွ်ာက္တဲ့ဟာရွိတယ္ေလ တိုးလာတယ္၊ ၿပီးလို႔ရွိရင္ Door to Door နဲ႔ တစ္အိမ္တက္ဆင္းစီစစ္တဲ့အခါမွာ အုပ္ခ်ဳပ္ေရးပိုင္းေတြနဲ႔ ေပါင္းၿပီးေတာ့ စီစစ္တဲ့အခါမွာ တိုးတဲ့ဟာေတြရွိတယ္ ၿပီးရင္ ပံုစံ (၄) နဲ႔ ကန္႔ကြက္လို႔ ေလ်ာ့သြားတဲ့ဟာရွိတယ္၊ Door to Door ေဆာင္ရြက္လို႔ မိသားစုေတြလိုက္မရွိေတာ့ဘူး စီစစ္တဲ့အခါမွာမရွိေတာ့ဘူး တစ္ခ်ိဳ႕ကလည္း ကြယ္လြန္သြားတဲ့ဟာရွိတယ္၊ တစ္ခ်ိဳ႕ကလည္း ႏိုင္ငံျခားကို အၿပီးေျပာင္းေနတဲ့သူေတြရွိတယ္၊ အဲဒါေတြကို က်ေနာ္တို႔ ႏႈတ္လိုက္တ့ဲအခါမွာ အခုဒုတိယအႀကိမ္မဲစားရင္းကေတာ့ အဲလိုျဖစ္သြားတယ္ ေလ်ာ့သြားတယ္” ဟု ေျပာသည္။ 

ဒုတိယအႀကိမ္ မဲဆႏၵရွင္စာရင္းမ်ားကို ေအာက္တိုဘာလ ၁ ရက္ေန႔မွ ၁၄ ရက္ေန႔အထိ သက္ဆိုင္ရာေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔ခြဲရံုးမ်ားတြင္ ကတ္ထားေၾကညာမည္ျဖစ္ၿပီး မဲစာရင္းတြင္ မိမိနာမည္ပါမပါ ေသေသခ်ာခ်ာၾကည့္ေစခ်င္ ေၾကာင္း အကယ္၍ မိမိနာမည္မပါသည္ျဖစ္ေစ နာမည္မွားယြင္းသည္ျဖစ္ေစ ပံုစံ(၃) ပံုစံ(၄) တို႔ျဖင့္ ျပန္ေလွ်ာက္လို႔ရ သည္ဟု ဦးလင္းေက်ာ္ကဆက္ေျပာသည္။ 

ဦးလင္းေက်ာ္က “ မဲစာရင္း ကပ္ထားတဲ့ေနရာေတြကို တစ္အိမ္ေထာင္စုကို တစ္ေယာက္ႏႈန္းနဲ႔ေတာ့ လာၾကည့္ေပးေစခ်င္တယ္၊ တကယ္လို႔ မၾကည့္ႏိုင္လို႔ အခက္အခဲရွိတယ္ဆိုရင္ေတာ့ သက္ဆိုင္ရာၿမိဳ႕နယ္ ေကာ္မရွင္ေတြကို Call Center ေတြဖုန္းနံပတ္ေတြရွိပါတယ္ အဲဒီဖုန္းနံပတ္ေတြနဲ႔ ဆက္သြယ္ၿပီးေတာ့ မဲစာရင္းပါမပါ လွမ္းေမးလို႔ရတယ္၊ တကယ္လို႔မ်ားမပါလာလို႔ ကိုယ့္အခ်က္အလက္ေတြမွားေနလို႔ဆိုလို႔ရွိရင္လည္း ပံုစံ (၄) နဲ႔ေပါ့ သက္ဆိုင္ရာ ရပ္ကြက္ေက်းရြာအုပ္စုေတြမွာ ေလွ်ာက္လို႔ရတယ္၊ ေလွ်ာက္ဖို႔အတြက္ကိုလည္း သြားလာဖို႔အတြက္အခက္အခဲျဖစ္ေနေသးတယ္ဆိုရင္လည္း အဲဒီၿမိဳ႕နယ္ေကာ္မရွင္ေတြရဲ႕ Viber ဖုန္းနံပတ္ေတြရွိပါတယ္ ေၾကညာထားေပးတယ္ အဲဒီဖုန္းနံပတ္ကေနတဆင့္ ပံုစံ (၃) ကိုရယူၿပီးေတာ့ ျဖည့္မယ္ ျဖည့္ေပးလို႔ရွိရင္ Viber နဲ႔ပဲ ျပန္ပို႔မယ္ အဲဒါေလးကိုေတာ့ က်ေနာ္တို႔ ျပည္နယ္အတြင္းမွာ စီစဥ္ေပးမယ္” ဟု ေျပာသည္။ 

ႏုိ၀င္ဘာလ ၈ ရက္ေန႔တြင္ က်င္းပမည့္ ပါတီစံုအေထြေထြေရြးေကာက္ပြဲတြင္ ဆႏၵမဲထည့္ရန္ ျပည္ပမွ ပံုစံ(၁၅) ျဖင့္ ေလွ်ာက္ထားလာသူ ခ်င္းလူမ်ဴိး ၂၅၃ ဦးရွိသည္ဟု သိရသည္။ 

ခရိုင္ ၄ ခုႏွင့္ ၿမိဳ႕နယ္ေပါင္း ၉ ခုျဖင့္ဖြဲ႔စည္းထားသည့္ ခ်င္းျပည္နယ္တြင္ ၂၀၂၀ ေရြးေကာက္ပြဲအတြက္ မဲရံု ၁၁၁၄ ရံုထားရွိသြားမည္ဟုသိရသည္။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.