• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်အစိုးရနှင့် လွှတ်တော်၏အားနည်းချက်များထောက်ပြရန် မီဒီယာများ ပူးပေါင်းရန်လိုအပ်ဟု USDP ပါတီပြော

ချင်းပြည်နယ်အစိုးရနှင့် လွှတ်တော်၏အားနည်းချက်များထောက်ပြရန် မီဒီယာများ ပူးပေါင်းရန်လိုအပ်ဟု USDP ပါတီပြော

0
By Editor on April 11, 2019 Khonumthung

By လားနွန် – ချင်းပြည်နယ်အစိုးရနှင့် လွှတ်တော်မှဆောင်ရွက်သည့်လုပ်ငန်းစဉ်များပတ်သက်၍ အားနည်းချက် အားသာချက်များ ဝေဖန်ထောက်ပြနိုင်ရန်အတွက် ချင်းမီဒီယာများနှင့် ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်ဟု ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခွဲယန်က ပြောသည်။

ချင်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဒေါက်တာမှုထန်အပါအ၀င် ပါတီတာဝန်ရှိသူများ သည် ဧပြီလ ၁၀ ရက်နေ့က ဟားခါးမြို့ ပါတီရုံးခန်းတွင် ဒေသတွင်းအခြေစိုက်ချင်းမီဒီယာများကို ဖိတ်ခေါ်ကာ ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ချင်းပြည်နယ်ကိစ္စ ချင်းပြည်နယ်အစိုးရဆောင်ရွက်ချက်တွေ လွှတ်တော်ရဲ့ဆောင်ရွက်ချက်တွေ တစ်ချို့အားနည်းချက် အားသာချက်တွေကို ထောက်ပြ ဝေဖန် အကြံပြုပေးဖို့အတွက် မီဒီယာတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်ဖို့လိုအပ်ပါတယ်၊ ဒါကြောင့် အဲဒီရည်ရွယ်ချက်နဲ့ မီဒီယာတွေနဲ့တွေ့ဆုံပွဲလုပ်ရ တာဖြစ်ပါတယ်” ဟု USDP ပါတီပြောရေးဆိုခွင့်ရှိသူ ဆလိုင်းခွဲယန်ကပြောသည်။

ထို့အပြင် ၎င်းတို့ပါတီကို ချင်းပါတီတစ်ခုလိုသဘောထားကြရန်လိုအပ်သည်ဟု ဆလိုင်းခွဲယန်ကပြောသည်။

“ချင်းပြည်ခိုင်ဖြိုးပါတီ(USDP) ကို ချင်းပါတီတစ်ခုလို ကျွန်တော်တို့ကိုယ်ဟာကိုလည်းပဲ ခံယူထားပါတယ်၊ ချင်းပါတီတစ်ခုလိုသဘောထားဖို့လိုပါတယ်၊ ချင်းပြည်ခိုင်ဖြိုးဆိုတာ ချင်းအမျိုးသားရေး ချင်းပြည်နယ်အရေး ချင်းပြည်နယ်မှာရှိတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ချင်းအရေးနဲ့ပတ်သက်လို့ အရာအားလုံးကို တခြားချင်းပါတီတွေချင်းပြည်သူတွေနဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်ဖို့အတွက် အသင့်ရှိတယ်ဆိုတာ သိစေချင်ပါတယ်” ဟု ဆလိုင်းခွဲယန်ကပြောသည်။

ယင်းတွေ့ဆုံပွဲတွင် ဟားခါးမြို့အခြေစိုက် ချင်းမီဒီယာများဖြစ်သည့် The Hakha Post ၊ The Chinland Post ၊ The Chin Journal/ Chin News Journal သတင်းဌာနများမှ သတင်းသမားများတက်ရောက်ကြပြီး USDP ပါတီအနေဖြင့် ချင်းမီဒီယာများနှင့် တစ်လတစ်ကြိမ်တွေ့ဆုံမှုများဆက်လျက်လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်းလည်းသိရသည်။ (Photo- CNJ)

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.