• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်အတွင်းဆောင်ရွက်သည့် စီမံကိန်းများကို အိန္ဒိယသံအမတ် လာရောက်လေ့လာ

ချင်းပြည်နယ်အတွင်းဆောင်ရွက်သည့် စီမံကိန်းများကို အိန္ဒိယသံအမတ် လာရောက်လေ့လာ

0
By Editor on May 9, 2019 Headline

By လားနွန် – အိန္ဒိယ၏အကူအညီဖြင့် ချင်းပြည်နယ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံကိန်းများကို မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံအမတ် မစ္စတာ ဆော်ရက် (ဘ်) ကူးမားက ချင်းပြည်နယ်သို့ လာရောက်ကြည့်ရှူလေ့လာနေသည်ဟု သိရသည်။

မေလ ၆ ရက်မှ ၁၀ ရက်နေ့အထိ ၅ ရက်တာကြာမြင့်မည့် အိန္ဒိယသံအမတ်၏ ချင်းပြည်နယ်ခရီးစဉ်အတွင်း အိန္ဒိယအစိုးရရံပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေသော စီမံကိန်းအခြေအနေများကို အဓိက လာရောက်ကြည့်ရှူလေ့လာခြင်းဖြစ်သည်ဟု ချင်းပြည်နယ်အစိုးရပြောခွင့်ရပုဂ္ဂိုလ် စည်ပင်ဝန်ကြီးဦးစိုးထက်က ပြောသည်။

“အဓိကလာရတဲ့အကြောင်းအရင်းက ကျွန်တော်တို့ အိန္ဒိယအကူအညီနှင့်ဆောင်ရွက်တဲ့လုပ်ငန်းတွေရှိတယ် အဲဒီဟာက ပလက်ဝရေနက်ဆိပ်ကမ်း၊ ပလက်ဝနှင့် ဇိုရင့်ပွီးလမ်း စီမံကိန်းလုပ်နေတယ် အဲဒီမှာ AA ကြောင့် အခုရပ်နေတယ် အဲဒီအတွက်ကို သူတို့အလုပ်ကိုဆက်လုပ်ဖို့အတွက် လုံခြုံရေးကိစ္စတွေကို ကျွန်တော်တို့အစိုးရနဲ့ ဆွေးနွေးဖို့လာတာဖြစ်တယ် နောက်တစ်ခုက နယ်စပ် တံတားဆောက်မယ့်ကိစ္စ၊ နောက်ပြီးတော့ ရိခေါဒါရ်ကနေ တီးတိန်ကို ကားလမ်းဖောက်မယ် အဲဒီကိစ္စလည်းပါတယ် နောက်တစ်ခုက ကျွန်တော်တို့ တမူးကနေပြီးတော့ ရာကြီးလမ်း အဲဒီလမ်းဖောက်ဖို့လည်း အိန္ဒိယအကူအညီနဲ့ဖောက်မှာ အဲဒီကိစ္စကြောင့်လာတာဖြစ်တယ်” ဟု စည်ပင်ဝန်ကြီးဦးစိုးထက်ကပြောသည်။

အိန္ဒိယသံအမတ်သည် ယမန်နေ့က အိန္ဒိယ-မြန်မာအမှတ် (၂) နယ်စပ်ကုန်သွယ်ရေးစခန်း ရိ-ဇိုခေါထာရ်သို့ သွားရောက်လေ့လာပြီး နယ်စပ်ကုန်သွယ်ရေးအခြေအနေများကို မီဇိုရမ်အစိုးရတာဝန်ရှိသူများနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

ထို့ပြင် ဖလမ်းမြို့နယ်၊ လဲလက်ကျေးရွာနှင့် တီးတိန်မြို့နယ်၊ ဖါရ်တလန်ကျေးရွာတို့တွင် တည်ဆောက်မည့် နယ်စပ်ဈေး (၂) နေရာ တည်ဆောက်မည့်နေရာကိုလည်း သွားရောက်လေ့လာခဲ့သည်ဟုသိရသည်။

သံအမတ်ကြီးသည် ယနေ့တွင် ချင်းပြည်နယ်မြို့တော၊် ဟားခါးသို့ သွားရောက်မည်ဖြစ်ပြီး မနက်ဖြန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် လက်ရှိစီမံကိန်းအကောင်အထည်ဖော်ဆောင်မှုအခြေအနေနှင့် လုံခြုံရေးအခြေများ ဆွေးနွေးကြမည်ဖြစ်သည်။

ယခုလက်ရှိ ချင်းပြည်နယ်အတွင်း အိန္ဒိယအကူအညီဖြင့် ဆောင်ရွက်နေသည့်စီမံကိန်းများမှာ ကုလားတန်ဘက်စုံဖွံ့ဖြိုးရေးစီမံကိန်း၊ ပလက်ဝ-ဇိုရင့်ပွီးနယ်စပ်ကားလမ်းစီမံကိန်း၊ ရိခေါဒါရ်-တီးတိန်ကားလမ်းသစ်စီမံကိန်း၊ နယ်စပ်ဈေးနှင့် တံတားတည်ဆောက်ရေးစီမံကိန်းတို့ဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

CNDF နှင့် စစ်ကောင်စီတပ်ဖွဲ့ နှစ်လတာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်သေဆုံး၊ ဒဏ်ရာရရှိသူ အများအပြားရှိ

စစ််ခေါင်းဆောင်ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပက်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (၃) ဖွဲမှ ကြေညာချက်ထုတ်ပြန်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.