• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»ချင်းပြည်နယ်ဝန်ကြီးကို အွန်လိုင်းမှတဆင့်ခြိမ်းခြောက်မှု စုံစမ်းဖော်ထုတ်အရေးယူမည်

ချင်းပြည်နယ်ဝန်ကြီးကို အွန်လိုင်းမှတဆင့်ခြိမ်းခြောက်မှု စုံစမ်းဖော်ထုတ်အရေးယူမည်

0
By Editor on June 12, 2019 Khonumthung

By လားနွန် – ချင်းပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုးထက်နှင့် စည်ပင်ဝန်ကြီးဟောင်း ဆလိုင်း အိုက်ဇက်ခင်တို့ကို အွန်လိုင်းမှတဆင့် ခြိမ်းခြောက်ခံရမှုကို စုံစမ်းစစ်ဆေးနေပြီး ခိုင်လုံသော သက်သေ အထောက်အ ထားရရှိပြီးပါက အရေးယူမည်ဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။

“လူမှုကွန်ယက်မှာ လူတစ်ဦးတစ်ယောက်ကိုခြိမ်းခြောက်ပြီးတော့ ဓာတ်ပုံနဲ့ ခြိမ်းခြောက်လုပ်တာတွေကို အရေးယူဖို့ ဆောင်ရွက်နေပါတယ် ဘယ်သူတွေလုပ်မယ်ဆိုတာလည်း ကျနော်တို့သိပါတယ် ကျန်းမားရေးဝန်ထမ်းတွေပါတယ် ပညာရေးဝန်ထမ်းတွေပါတယ် အဲဒီလိုလက်တစ်ဆုပ်စာလူတွေက လုပ်နေတာ ကျနော်တို့ဒီချင်းပြည်နယ် ပလက်ဝမှာ ရခိုင် နဲ့ ချင်း အမုန်းတရားပွားအောင်ဒီလူတွေက ဖန်တီးနေတာ အဲဒါမျိုးတွေကိုကျနော်ဖော်ထုတ်ပြီး အရေးယူဖို့၊ ကျနော်တို့သတင်းအချက်အလက်တွေကို စုနေတယ် စုံလို့ရှိရင် ခိုင်လုံတဲ့ သက်သေအထောက်အထားရှိတဲ့အချိန်မှာ အရေးယူမယ်” ဟု စည်ပင်ဝန်ကြီး ဦးစိုးထက်ကပြောသည်။

ဝန်ကြီးဦးစိုးထက်နှင့် ဆလိုင်းအိုက်ဇက်ခင်တို့သည် Paletwa Township News အွန်လိုင်းစာမျက်နှာတွင် “ခွေး နှစ်ကောင်ထဲက ခမီးတစ်ကောင်ကို ငရဲပြည်ပို့ပေးရမယ်” “မကြာမီ မျှော်” ဟု ဇွန်လ ၆ ရက်နေ့က ဓာတ်ပုံနှင့်တကွတင်ထားပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခံခဲ့ရခြင်းဖြစ်သည်။

အွန်လိုင်းမှတဆင့် ခြိမ်းခြောက်သူများသည် ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ (အေအေ) ကို ထောက်ခံသူလူတစ်စုနှင့် ပလက်ဝမြို့ပေါ်ရှိ အစိုးရ၀န်ထမ်းတစ်ချို့လည်းပါဝင်ပြီး ဒေသတွင်းဆူပူအောင်နှင့် လူမျိုးရေးမုန်းတီးရေးဖြစ်ပွားအောင် ဖန်တီးသူများကို လက်ခံနိုင်စရာအကြောင်းမရှိဟု ၀န်ကြီးဦးစိုးထက်ကပြောသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ခူမီးချင်းမျိုးနွယ်စုများရေးရာ ပေါင်းစပ်ညှို့နှိုင်းရေးကော်မတီ (KACC) က ဇွန်လ (၈) ရက်နေ့က ကြေညာချက်တစ်စောင်ထုတ်ပြန်ကာ ယခုကဲ့သို့ အသက်အန္တရာယ် ခြိမ်းခြောက်မှုပြုလုပ်သည့်လုပ်ရပ်ကို ပြင်းထန်စွာကန့်ကွက်ကြောင်း မလိုလားအပ်သည့် နားလည်မှုလွဲမှားခြင်း၊ အမုန်းတရားများ မကြီးထွားစေရေးအတွက် ချင်းနှင့်ရခိုင် တိုင်းရင်းသားဘာသာရေးခေါင်းဆောင်များ လူကြီးမိဘများက ၀ိုင်းဝန်းထိန်းသိမ်းကူညီဆောင်ရွက်ပေးကြရန် တောင်းဆိုခဲ့ကြသည်။

KACC ညှိနှိုင်းရေးမှူး ဦးစောမြက “အခုလိုမျိုး တစ်ဖက်ကိုတစ်ဖက် မလုပ်ကျဖို့ ကိုယ့်လမ်းကိုသွားကျပေါ့ လက်နက်ကို င်ပဋိပက္ခဖြစ်ပြီဆိုတာနဲ့ တစ်ဖက်ဖက်ကိုပါတယ်လို့ သံသယ၀င်နေကြတယ်လေ ကျနော်တို့ချင်းတွေဆိုလည်းပဲ အစိုးရတပ်မတော်ကိုသတင်းပေးတဲ့လူလို့ အဲလိုပဲ သူတို့ကမြင်တယ် တပ်ဖက်ကလူတွေကလည်း သူတို့ရခိုင်တွေကို သတင်းပေးတဲ့လူလို့ပဲမြင်မှာပဲလေ အဲဒါတွေက ပဋိပက္ခဖြစ်ခြင်းရဲ့အကျိုးဆက်တွေပဲ အဲဒါတွေ အကျိုးအဆက်တွေ နည်းအောင် တိုက်ပွဲတွေခဏခဏမဖော်နဲ့ ကျနော်တို့နယ်မြေငြိမ်းချမ်းနေမှာပေါ့ အဲဒါကပိုကောင်းတယ်လေ၊ ခြိမ်းခြောက်မှုက AA ဗဟိုဌာနချုပ်ကနေညွှန်ကြားပြီးတော့ လုပ်တဲ့ပုံစံမျိုးတော့မဟုတ်လောက်ဘူး ဒီအောက်ခြေက AA ကိုထောက်ခံတဲ့လူတွေ ဖြစ်ဖို့များတယ် အဲဒါကြောင့် AA တာဝန်ရှိတဲ့လူတွေရော နောက်ရခိုင်အသိုင်းအ၀ိုင်း လူကြီးသူမတွေအကုန်လုံးက အဲဒါကိုဝိုင်းထိန်းသိမ်းဖို့လိုပါတယ် ” ဟု ပြောသည်။

ပလက်ဝ နှစ်ခြင်းခရစ်ယာန်အသင်းတော်များနယ်အဖွဲ့ အတွင်းရေးမှူး ဦးစတီဗဲန်ကိုလည် မကြာသေးခင်က လူမှုကွန်ယက်မှတဆင့် အသက်အန္တရာယ်ခြိမ်းခြောက်ခံရသည်ဟု KACC ကပြောသည်။

ပလက်ဝမြို့နယ်အတွင်း တိုင်းရင်းသားပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူတကွ နေထိုင်နိုင်ရေးကို အစဉ်တစိုက်လိုလာပြီး ချစ်ကြည်ရင်းနှီးငြိမ်းချမ်းစွာအတူနေထိုင်နိုင်မည့် အခြေအနေမျိုးကို ထိခိုက်ပျက်ယွင်းစေမည့် အမုန်းစကားများပြောကြားမှု များမပြုကြရန်နှင့် ပဋိပက္ခနှင့် တိုက်ပွဲများဆက်လက်မဖြစ်ပွားစေရန် တစ်ဖက်နှင့်တစ်ဖက်ထိန်းကြောင်းရန်လိုအပ်သည်ဟု KACC က တိုက်တွန်းတောင်းဆိုထားသည်။

ပလက်ဝမြို့နယ်တွင် ယခုရက်ပိုင်းအတွင်း မြန်မာ့တပ်မတော်နှင့် (အေအေ) အကြား တိုက်ပွဲများ ခတ်စိတ်စိတ်ဖြစ်ပွားလာပြီး လက်နက်ကြီးနှင့် ပစ်ခတ်မှုလည်း ပိုမိုများလာသည့်အတွက် စစ်ဘေးရှောင်ပြည်သူများလည်း တိုးလာနေကြောင်း သိရသည်။

လွန်ခဲ့သည့် ဇွန်လ ၇ ရက်နေ့ကဖြစ်ပွားသည့် တိုက်ပွဲကြောင့် ကျေးရွာ ၅ ရွာမှ လူဦးရေ ၇၀၀ ကျော်တို့သည် မိမိနေရပ်ကို စွန့်ခွာပြီး ပလက်ဝမြို့ပေါ်သို့ ထွက်ပြေးခိုလုံခဲ့ကြရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မီဇိုရမ်တွင် မြန်မာနိုင်ငံသားတစ်ဦးထံ Crystal Meth စိတ်ကြွမူးယစ်ဆေးတစ်မျိုး ဖမ်းမိ

ဂန့်ဂေါမြို့နယ်ထဲက ပျူစောထီးနှင့်စကစ စခန်းကို PDF နှင့် CDF တို့ ပူးပေါင်းတိုက်ခိုက်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

မီဇိုရမ်တွင် ချင်းစစ်ဘေးရှောင်လူငယ်တစ်ဦးသေဆုံး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.