• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းတောင်တက်သော စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ဦးသေ

ချင်းတောင်တက်သော စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၆ ဦးသေ

0
By Editor on March 13, 2023 Headline

ကလေးမြို့မှ ချင်းပြည်နယ်ဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ဖွဲ့များသည် မတ်လ ၁၁ ရက်နေ့ မနက် ၈ နာရီခွဲခန့်က CDF-CDM Siyin နှင့် MEDF ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ကာ စစ်ကောင်စီတပ်သား ၆ ဦးပွဲချင်းသေဆုံးခဲ့ပြီး ၂၁ ဦး ဒဏ်ရာများရရှိခဲ့သည်ဟု သိရသည်။

ချင်းပြည်နယ် ဖလမ်းဘက်သို့ဦးတည်လာသော စစ်ကောင်စီတပ်ဖွဲ့သည် ယင်းနေ့တရက်တည်းတွင် မနက်ပိုင်း ၈ နာရီခွဲမှ ညနေပိုင်း ၄ နာရီအထိ (၁၀) ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ အထိအခိုက်အသေအပျောက်များသည်ဟု Chinland Defense Force CDM Siyin မှ သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့များသည် မတ်လ ၇ ရက်နှင့် ၉ ရက်နေ့က သံချပ်ကာ ၂ စီးအပါအဝင် ကားအစီး ၃၀ ကျော်ဖြင့် ကလေးမြို့မှ ချင်းတောင်ဘက်သို့ တက်လာခဲ့ကြခြင်းဖြစ်သည်။

ကလေး- တီးတိန်လမ်းမကို အများပြည်သူများ ပြန်လည်အသုံးပြုနိုင်ပြီဖြစ်သော်လည်း ဟားခါး၊ ဖလမ်း-သိုင်းငင်းလမ်းပိုင်းကိုမှု လုံးဝသွားလာခြင်းမပြုလုပ်ရန် Chinland Defense Force CDM Siyin ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.