• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဥပဒေအထောက်အကူပြုအစီအစဉ်စတင်ဆောင်ရွက်

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က ဥပဒေအထောက်အကူပြုအစီအစဉ်စတင်ဆောင်ရွက်

0
By Editor on August 18, 2022 Headline

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (Chin Baptist Convention) က ချင်းပြည်သူများအတွက် ဥပဒေအထောက်အကူပြုအစီစဉ် စတင်ဆောင်ရွက်နေပြီး ဥပဒေဆိုင်ရာ အထောက်အကူပြုမှု လိုအပ်နေသူများအတွက် အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်သည်ဟု သိရသည်။

ယင်းဥပဒေအထောက်အကူပြု အစီစဉ်ကို လာမည့် ၂၀၂၃ ခုနှစ် မတ်လအထိ လုပ်ဆောင်မည်ဖြစ်ပြီး ချင်းပြည်နယ် ၉ မြို့နယ်အပြင် ကလေး-ကဘော်ဒေသ၊ ယောဒေသများလည်း လွှမ်းခြုံနိုင်ရန် စီစဉ်ဆောင်ရွက်ထားသည်ဟု ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ထံမှ သိရသည်။

ယခုကိစ္စနှင့်ပတ်သက်၍ ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အတွင်းရေးမှူး သိက္ခာတော်ရဆရာတော် ဒေါက်တာလောဟာလိန်းက “ကျွန်တော်တို့လုပ်ငန်းကတော့ စနေပါပြီ။ ကျွန်တော်တို့ က UNDP နဲ့ပူးပေါင်းပြီးတော့ ပူးတွဲပြီးတော့ ပရောဂျ က်အနေနဲ့လုပ်တာဖြစ်တယ်။ ပထမအဆင့်အနေနဲ့ ကျွန်တော်တို့ လူထုတွေကို ဥပဒေနဲ့ဆိုင်တဲ့ ပညာပေးလုပ်ငန်းတွေ၊ ကျွန်တော်တို့ လက်လှမ်းမှီသလောက် ပညာပေးလုပ်ငန်းတွေလုပ်တယ်၊ နောက်တစ်ခုက အကယ်၍ ထိတွေ့အဖမ်းအဆီး တွေရှိတဲ့အခါကြရင်လည်း အကျိုးအကြောင်းမေးမြန်းတာပေါ့လေ၊ နောက်လိုအပ်ရင် ရှေ့နေတွေနဲ့ အထောက်အကူလိုတဲ့ ဖမ်းဆီးခံတဲ့ပုဂ္ဂိုလ်များရဲ့ အနေအထားကဘာများဖြစ်မလဲပေါ့လေ ဒါလည်း ရှေ့နေတွေနဲ့ လက်လှမ်းမှီ သလောက် ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။” ဟု ပြောသည်။

ဥပဒေဆိုင်ရာ အကူအညီလိုအပ်နေသူများအနေဖြင့် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်ထံ အချိန်မရွေးအကူအညီတောင်းခံနိုင်ပြီး အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးသွားမည်ဟု သိက္ခာတော်ရဆရာတော်က ပြောသည်။

“ဥပမာ ဖမ်းဆီးခံတဲ့အခါမှာ ကျွန်တော်တို့ လက်လှမ်းမှီသလောက်ပေါ့ သူတို့ဘယ်မှာရှိလဲ၊ နောက် ဘယ်ပုဒ်မ၊ ဘယ်လိုကိစ္စနဲ့ ဖမ်းဆီးခံရတယ်၊ ကျွန်တော်တို့ ဥပဒေပိုင်းဆိုင်ရာကနေ ဘာတွေ ကူညီနိုင်တာရှိမလဲပေါ့၊ ဥပမာ ရှေ့နေငှါးပေးတာကအစပေါ့ ကျွန်တော်တို့ ဘယ်လောက်အထိ ပံ့ပိုးနိုင်တဲ့ဟာဖြစ်မလဲ၊ မိသားစုတွေကို ဘာတွေကူညီပေးနိုင်မလဲ အသေးအမွှားကအစ ကျွန်တော်တို့ တရားဝင် ဥပဒေဘောင်အတွင်းကနေ ဘာတွေ ကူညီဆောင်ရွက်ပေးနိုင်တာဖို့ပါ” ဟု သိက္ခာတော်ရဆရာတော်က ပြောသည်။

ယခုလက်ရှိတွင် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်အနေဖြင့် ချင်းအကျိုးဆောင်ရှေ့နေ ဥပဒေကွန်ရက်များနှင့် တွေ့ဆုံခြင်း၊ CSO အရပ်ဖက်လူမှုအဖွဲ့အစည်းခေါင်းဆောင်များနှင့်တွေ့ဆုံခြင်း၊ ဥပဒေဆိုင်ရာ အသိပညာပေးခြင်းများလည်း လုပ်ဆောင်နေသည်ဟု သိရသည်။

ချင်းပြည်နယ်တွင် အကြီးဆုံးသော ဘာသာရေးအဖွဲ့အစည်းဖြစ်သည့် ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့သည် လွန်ခဲ့သည့် ၂၀၁၆ ခုနှစ်တွင် Chin Shalom Mission (CSM) ကို ဖွဲ့စည်းခဲ့ပြီး ချင်းပြည်နယ်အတွင်း ချင်းအမျိုးသားများ ပိုမိုညီညွတ်ငြိမ်းချမ်းရေးအတွက် ချင်းငြိမ်းချမ်းရေးဖိုရမ်များလည်း ကျင်းပပြုလုပ်ခဲ့ကြသည်။

ထို့အပြင် စစ်ရေးပဋိပက္ခကြောင့် နပ်ရပ်စွန့်ခွါ ထွက်ပြေးတိမ်းရှောင်နေကြရသည့် ချင်းစစ်ဘေးရှောင်ပြည်သူများကိုလည်း ကူညီထောက်ပံ့မှုများဆောင်ရွက်ခဲ့ကြသည်။

ချင်းနှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်သည် နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်ခြင်းမရှိဘဲ ပြည်သူလူထုအား အကျိူးပြုသည့်သဘောဖြင့် ဥပဒေဆိုရင်အထောက်အကူပြုအစီစဉ်ကို လုပ်ဆောင်ရခြင်းဖြစ်ပြီး Chin Shalom Mission ၏ နောက်ဆက်တွဲလုပ်ငန်းတစ်ခုလည်းဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

မိုခါမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများအတွက် KIO က ကျပ်သိန်း ၂၀၀၀ လှူဒါန်း

ချင်းပြည်နယ်တွင် ကျောင်းပေါင်း ၃၀၀ ကျော်ဖွင့်လှစ်ပြီး ကျောင်းတက်သူဦးရေ ၃၅၀၀၀ ကျော်ရှိ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.