• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်တစ်ပြည်နယ်လုံးတွင် ဝန်ထမ်းအင်အား ၇၂ ရာခိုင်နှုန်း CDM လှုပ်ရှားမှုတွင် ဝင်ရောက်ပူးပေါင်း

ချင်းပြည်နယ်တစ်ပြည်နယ်လုံးတွင် ဝန်ထမ်းအင်အား ၇၂ ရာခိုင်နှုန်း CDM လှုပ်ရှားမှုတွင် ဝင်ရောက်ပူးပေါင်း

0
By Editor on March 10, 2021 Headline
#Unicode
Benezer – ချင်းပြည်နယ်တွင် အာဏာသိမ်း စစ်ကောင်စီ၏ လက်အောက်တွင် အလုပ်မလုပ်လိုကြောင်း ဖော်ထုတ်သည့်အနေဖြင့် CDM လှုပ်ရှားမှုတွင်ပါဝင်သည့် ဝန်ထမ်းအင်အားမှာ ၁၄၀၀၀ ကျော်သွားပြီဖြစ်ပြီး ချင်းပြည်နယ်တွင် အစိုးရဝန်ထမ်း စုစုပေါင်း ၂ သောင်းကျော် ရှိသည့်အတွက် ရာခိုင်နှုန်းအားဖြင့် ၇၂ ရာခိုင်နှုန်းကျော်သွားပြီဖြစ်ကြောင်း သိရသည်။
CDM လှုပ်ရှားမှုတွင် ပါဝင်သည့် မြို့နယ်အလိုက် စာရင်းမှာ ကန်ပက်လက်တွင် ရဝဝကျော်၊ ထန်တလန်တွင် ၁၄ဝဝကျော်၊ ဟားခါးတွင် ၂၉၅၄ ဦး၊ မင်းတပ်တွင် ၂ရဝဝကျော်၊ ပလက်ဝတွင် ၁၄၆ဦး၊ တီးတိန်တွင် ၂၃ဝရဦး၊ တွန်းဇံတွင် ၇၇၄ ဦး၊ ဖလမ်းတွင် ၁၉၈ဝဦး၊ မတူပီတွင် ၁၆၃၀ ဦး ရှိပြီး စုစုပေါင်း ၁၄၅၉၁ ဦးရှိနေပြီ ဖြစ်ကြောင်း သိရသည်။
“ကျနော်တို့ ပလက်ဝမှာ CDM ဝင်တဲ့သူက ကျန်းမာရေး၊ ပညာရေး နဲ့ လူမှုဝန်ထမ်းက ဝန်ထမ်းတွေလောက်ဘဲရှိတယ်၊ ပလက်ဝအခြေအနေက ဘေးကြပ်နံကြပ်ဖြစ်တယ်၊ ပလက်ဝမြို့နယ်မှာက သိတဲ့အတိုင်း နယ်မြေအခြေအနေအရ CDM မဝင်ရဲကြဘူး၊ CDM ဝင်တဲ့ အမည်စာရင်းတွေလည်း ကောက်တာတွေရှိနေတော့ အဲဒါကြောင့် CDM စာရင်းက နည်းနေတာဖြစ်ပါတယ်” ဟု ပလက်ဝမြို့နယ် အမျိူးသားလွှတ်တော်ကိုယ်စာလှယ် ဦးဝှေ့တင်းကပြောသည်။
ချင်းပြည်နယ် CDM လှုပ်ရှားမှုတွင် ဝန်ထမ်းအင်အား အလုံးအရင်းဖြင့် ပူးပေါင်းပါဝင်လာသည့်အတွက် ဌာနဆိုင်ရာ အချို့တွင် အထက်အရာရှိများမှ ဖိအားပေး အလုပ်ဆင်းခိုင်းမှုများလည်းရှိနေသော်လည်း အများစုမှာ CDM လှုပ်ရှားမှုတွင် ဆက်လက်ပူးပေါင်းပါဝင်နေကြောင်း သိရသည်။
CDM လှုပ်ရှားမှုတွင် ပါဝင်ပြီး အခက်အခဲဖြစ်နေသည့် ဝန်ထမ်းများအား သက်ဆိုင်ရာမြို့နယ်အလိုက် ကော်မတီများဖွဲ့ စည်းပြီး အကူညီများလည်းပေးနေပြီး ပြည်တွင်းနဲ့ပြည်ပရှိ အလှူရှင်များမှလည်း CDM လှုပ်ရှားမှုတွင်ပါဝင်သူများအတွင် အလှူငွေ လှူဒါန်းပေးမှုများလည်း ရှိနေကြောင်း သိရသည်။
#Zawgyi
Benezer – ခ်င္းျပည္နယ္တြင္ အာဏာသိမ္း စစ္ေကာင္စီ၏ လက္ေအာက္တြင္ အလုပ္မလုပ္လိုေၾကာင္း ေဖာ္ထုတ္သည့္အေနျဖင့္ CDM လႈပ္ရွားမႈတြင္ပါဝင္သည့္ ဝန္ထမ္းအင္အားမွာ ၁၄၀၀၀ ေက်ာ္သြားၿပီျဖစ္ၿပီး ခ်င္းျပည္နယ္တြင္ အစိုးရဝန္ထမ္း စုစုေပါင္း ၂ ေသာင္းေက်ာ္ ရွိသည့္အတြက္ ရာခိုင္ႏႈန္းအားျဖင့္ ၇၂ ရာခိုင္ႏႈန္းေက်ာ္သြားၿပီျဖစ္ေၾကာင္း သိရသည္။
CDM လႈပ္ရွားမႈတြင္ ပါဝင္သည့္ ၿမိဳ႕နယ္အလိုက္ စာရင္းမွာ ကန္ပက္လက္တြင္ ရဝဝေက်ာ္၊ ထန္တလန္တြင္ ၁၄ဝဝေက်ာ္၊ ဟားခါးတြင္ ၂၉၅၄ ဦး၊ မင္းတပ္တြင္ ၂ရဝဝေက်ာ္၊ ပလက္ဝတြင္ ၁၄၆ဦး၊ တီးတိန္တြင္ ၂၃ဝရဦး၊ တြန္းဇံတြင္ ၇၇၄ ဦး၊ ဖလမ္းတြင္ ၁၉၈ဝဦး၊ မတူပီတြင္ ၁၆၃၀ ဦး ရွိၿပီး စုစုေပါင္း ၁၄၅၉၁ ဦးရွိေနၿပီ ျဖစ္ေၾကာင္း သိရသည္။
“က်ေနာ္တို႔ ပလက္ဝမွာ CDM ဝင္တဲ့သူက က်န္းမာေရး၊ ပညာေရး နဲ႔ လူမႈဝန္ထမ္းက ဝန္ထမ္းေတြေလာက္ဘဲရွိတယ္၊ ပလက္ဝအေျခအေနက ေဘးၾကပ္နံၾကပ္ျဖစ္တယ္၊ ပလက္ဝၿမိဳ႕နယ္မွာက သိတဲ့အတိုင္း နယ္ေျမအေျခအေနအရ CDM မဝင္ရဲၾကဘူး၊ CDM ဝင္တဲ့ အမည္စာရင္းေတြလည္း ေကာက္တာေတြရွိေနေတာ့ အဲဒါေၾကာင့္ CDM စာရင္းက နည္းေနတာျဖစ္ပါတယ္” ဟု ပလက္ဝၿမိဳ႕နယ္ အမ်ိဴးသားလႊတ္ေတာ္ကိုယ္စာလွယ္ ဦးေဝွ႕တင္းကေျပာသည္။
ခ်င္းျပည္နယ္ CDM လႈပ္ရွားမႈတြင္ ဝန္ထမ္းအင္အား အလုံးအရင္းျဖင့္ ပူးေပါင္းပါဝင္လာသည့္အတြက္ ဌာနဆိုင္ရာ အခ်ိဳ႕တြင္ အထက္အရာရွိမ်ားမွ ဖိအားေပး အလုပ္ဆင္းခိုင္းမႈမ်ားလည္းရွိေနေသာ္လည္း အမ်ားစုမွာ CDM လႈပ္ရွားမႈတြင္ ဆက္လက္ပူးေပါင္းပါဝင္ေနေၾကာင္း သိရသည္။
CDM လႈပ္ရွားမႈတြင္ ပါဝင္ၿပီး အခက္အခဲျဖစ္ေနသည့္ ဝန္ထမ္းမ်ားအား သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ ေကာ္မတီမ်ားဖြဲ႕ စည္းၿပီး အကူညီမ်ားလည္းေပးေနၿပီး ျပည္တြင္းနဲ႔ျပည္ပရွိ အလႉရွင္မ်ားမွလည္း CDM လႈပ္ရွားမႈတြင္ပါဝင္သူမ်ားအတြင္ အလႉေငြ လႉဒါန္းေပးမႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းပြည်သူများ ဘယ်နိုင်ငံပဲရောက်ရောက် တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် ဒေါက်တာ ဆာဆာ ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.