• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်ရသူ ၄သောင်းကျော်ရှိလာပြီး အစားအသောက်ပိုင်း အဓိကအခက်အခဲကြုံနေရ

ချင်းပြည်နယ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဘေးရှောင်ရသူ ၄သောင်းကျော်ရှိလာပြီး အစားအသောက်ပိုင်း အဓိကအခက်အခဲကြုံနေရ

0
By Editor on June 23, 2021 Headline
မြန်မာနိုင်ငံမှာ တပ်မတော်မှ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း စစ်ဘေးရှောင်ရသူ ၄သောင်းကျော်ရှိလားပြီး စစ်ဘေးရှောင်များအနေဖြင့် စားနပ်ရိက္ခာပိုင်းတွင် အဓိက အခက်အခဲကြုံနေရ ကြောင်း ချင်းလူ့အခွင့်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
“မင်းတပ်ဘက်ဘဲဖြစ်ဖြစ် တစ်ခြားနေရာဘဲဖြစ်ဖြစ် အများစုပြောကြတာက စားစရာလိုချင်တယ် ခက်ခဲတယ်လို့ပြောကြတယ်၊ ရေရှည်အတွက်က စားစရာကို မသယ်ယူနိုင်ကြတော့၊ သူတို့သယ်နိုင်တာက တစ်ပတ်စာလောက်ဘဲရှိတယ်၊ ဆေးဝါးတွေလည်းမရှိဘူး၊ ပြီးတော့ ကျန်းမာရေးပိုင်းကျွမ်းကျင်သူလည်းမရှိဘူး၊ နောက်ပြီး မိုးကအမြဲရွာနေတော့ နေရေးထိုင်ရေးမှာလည်းအဆင်မပြေဘူး၊ မိုးကာရှိရင်တောင် မြေကြီးက စိုနေတော့အဆင်မပြေဘူး၊ အဲဒါတွေမှာ အခက်အခဲကြုံနေရတယ်”ဟု ချင်းလူ့အခွင့်ရေးအဖွဲ့မှ Program Director Salai Van Biak Thang က ပြောသည်။
ချင်းပြည်နယ်ရှိ မြို့နယ်အလိုက် စစ်ဘေးရှောင်နေရသူ စာရင်းမှာ ဟားခါးမြို့နယ်တွင် ၇၀၀၀ ဝန်းကျင်၊ မင်းတပ်-ကန်ပက်လက်-မတူပီ သုံးမြို့နယ်ပေါင်း ၁၅၀၀၀ ကျော်၊ ထန်တလန်မြို့နယ်တွင် ၅၀၀၀ ဝန်းကျင်၊ မီဇိုရမ်ပြည်နယ်သို့ရောက်ရှိနေသူ ၁၅၀၀၀ ကျော်ရှိကာ စုစုပေါင်း ၄၂၀၀၀ကျော်ရှိလာပြီဖြစ်သည်။
အထက်ပါဖော်ပြထားသည့်စာရင်းမှာ ချင်းလူ့အခွင့်ရေးအဖွဲ့မှ အနီးစပ်ဆုံး လိုက်လံကောက်ယူထားသည့်စာရင်းဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်း စာရင်းသာဖြစ်ကာ အာဏာမသိမ်းခင်ကတည်းက စစ်ဘေးရှောင်နေရသည့် ပလက်ဝမြို့နယ်မှ စစ်ရှောင် ၁၀၀၀၀ကျော်အား ထည့်တွက်ထားခြင်းမရှိသေးပေ။
ဒုက္ခသည်ကူညီကယ်ဆယ်ရေးနှင့်ပတ်သတ်ပြီး “ချင်းမြောက်ပိုင်းမှာတော့ နိုင်ငံတကာအကူအညီနှင့် တစ်ခြားအကူအညီတွေလည်း ဘာမှမရှိဘူး၊ တောင်ပိုင်းဘက်မှာလည်းအဲလိုဘဲ ကြက်ခြေနီအဖွဲ့ဘဲ နည်းနည်းပါးပါးဝင်နိုင်တယ်၊ ဒါတောင် အဖွဲ့လိုက် တရားဝင် ဝင်နိုင်တာမျိုးမဟုတ်ဘူး၊ နိုင်ငံတကာအဖွဲ့တွေဖြစ်တဲ့ UN လိုမျိုးတွေလည်း တရားဝင် ဝင်ဖို့လုပ်ပေမယ့်ခုထိမဝင်နိုင်သေးဘူး၊ UNHCR နဲ့လည်း ကျနော်တို့ အမြဲတမ်းအဆက်အသွယ်ရှိတယ် သူတို့လည်း ဝင်ဖို့အဆင်သင့်လုပ်ထားပေမယ့် မဝင်နိုင်ဘူးလို့ပြောတယ်”ဟု Salai Van Biak Thang က ပြောသည်။
ချင်းပြည်နယ်အတွင်း တိုက်ပွဲအနည်းငယ်ငြိမ်သွားသည့် ဒေသများမှ ပြည်သူများမှာ နေရပ်ပြန်သူ အချို့လည်းရှိနေပြီး ယခုထက်တိုက်ပွဲပိုမိုပြင်းထန်လာပါကာ စစ်ဘေးရှောင်စာရင်းမှာ ယခုထက်ပိုမို များပြားလာနိုင်ပြီ စစ်ဘေးရှောင်ရန် အသင့်ပြင်ထားရသည့် ပြည်သူများလည်း ရှိနေကြောင်းသိရသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.