ချင်းပြည်နယ်အတွင််း မြို့နယ်(၈) မြို့နယ်တွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းမှုပြီးစီး

0
#Unicode
မာဂရက် – ချင်းပြည်နယ်အတွင်း မြို့နယ် ၉ မြို့နယ်ရှိသည့်အနက် မြို့နယ် (၈) မြို့ နယ်တွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပြီးစီးကြောင်း ချင်းပြည်နယ်၊ လွတ်တော် ကိုယ်စားပြုကော်မတီ (CRCH) က မတ်လ (၉) ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သည်။
ချင်းပြည်နယ် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးစီးသည့်မြို့နယ်များမှာ မင်းတပ်၊ ကန်ပလက်၊ မတူပီ၊ ဖလမ်း၊ ထန်တလန်၊ တွန်းဇံ၊ တီးတိန်း၊ ဟားခါး မြို့တို့ဖြစ်ကြပြီး ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တခုသာ ကျန်ရှိနေေ ကြာင်း သိရသည်။
ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင် မင်းတပ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဟုန်းနိုင်းက “ ကျွန်တော်တို့ မြို့နယ်က အားလုံး ၉ မြို့နယ်ရှိတယ်၊ လောလောဆယ် ဖွဲ့စည်းနိုင်တဲ့မြို့နယ်က (၈) မြို့နယ်ရှိတယ်၊ မဖွဲ့နိုင်တာက ပလက်ဝပဲ၊ ဘာကြောင့် မဖွဲ့နိုင်တာလဲ အကြောင်းပြချက်တွေရှိလိမ့်မယ်ထင်တယ် သူတို့ပဲ အသိဆုံးဖြစ်မယ်၊ ကျွန်တော်တို့ လည်းမသိဘူး၊ ဒီနေ့ဖွဲ့စည်းနိုင်တယ်လို့တော့ ကြားတယ်ဒါပေမယ့် လွတ်တော်ကိုယ်စားလှယ်တွေက ပိုသိလိမ့်မယ်၊” ဟု ပြောသည်။
မြို့နယ်အလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွင် လွတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိ-ရပ်ဖ ကိုယ်စား လှယ်များ၊ CDM တွင်ပါဝင်သော ကိုယ်ထမ်းကိုယ်စားလှယ်များ၊ CDM လူငယ်ကိုယ်စားပြုလူငယ်များ၊ CDM တွင် ဝန်းရံသူများ ပါဝင်ကြောင်းသိရသည်။
မြို့နယ် ပြည်သူ့အုပ်ချုုပ်ရေးအဖွဲ့များအနေဖြင့် ရပ်ကွက်/ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို တာဝန်ခံပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အချင်းချင်း ချိတ်ဆက်ဆောင်ရွက်သွားကာ ဒေသခံပြည်သူ များ၏ လုံခြုံရေး၊ ရပ်ရွာအေးချမ်းသာယာရေး နှင့် တရားစီရင်ရေးကိစ္စရပ်များအတွက် ချင်းအက်/ ချင်းရိုးရာဓလေ့ထုံးတမ်းများဖြင့်သာ စီရင်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
#Zawgyi
မာဂရက္ – ခ်င္းျပည္နယ္အတြင္း ျမဳိ႕နယ္ ၉ ျမဳိ႕နယ္ရွိသည့္အနက္ ျမဳိ႕နယ္ (၈) ျမဳိ႕ နယ္တြင္ ျမဳိ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔မ်ား ဖြဲ႔စည္းေဆာင္ရြက္ျပီးစီးေၾကာင္း ခ်င္းျပည္နယ္၊ လြတ္ေတာ္ ကုိယ္စားျပဳေကာ္မတီ (CRCH) က မတ္လ (၉) ရက္ေန႔က ထုတ္ျပန္ ေၾကညာခဲ့သည္။
ခ်င္းျပည္နယ္ ျမဳိ႕နယ္ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ ဖြဲ႔စည္းျပီးစီးသည့္ၿမိဳ႕နယ္မ်ားမွာ မင္းတပ္၊ ကန္ပလက္၊ မတူပီ၊ ဖလမ္း၊ ထန္တလန္၊ တြန္းဇံ၊ တီးတိန္း၊ ဟားခါး ျမဳိ႕တို႔ျဖစ္ၾကၿပီး ခ်င္းျပည္နယ္ေတာင္ပိုင္း ပလက္ဝျမဳိ႕နယ္တခုသာ က်န္ရွိေနေ ၾကာင္း သိရသည္။
ခ်င္းျပည္နယ္လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီအဖြဲ႔၀င္ မင္းတပ္ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဟုန္းႏိုင္းက “ ကြ်န္ေတာ္တုိ႔ ျမဳိ႕နယ္က အားလုံး ၉ ျမဳိ႕နယ္ရွိတယ္၊ ေလာေလာဆယ္ ဖြဲ႔စည္းႏုိင္တဲ့ျမဳိ႕နယ္က (၈) ျမဳိ႕နယ္ရွိတယ္၊ မဖြဲ႔ႏုိင္တာက ပလက္ဝပဲ၊ ဘာေၾကာင့္ မဖြဲ႔ႏုိင္တာလဲ အေၾကာင္းျပခ်က္ေတြရွိလိမ့္မယ္ထင္တယ္ သူတုိ႔ပဲ အသိဆုံးျဖစ္မယ္၊ ကြ်န္ေတာ္တုိ႔ လည္းမသိဘူး၊ ဒီေန႔ဖြဲ႔စည္းႏုိင္တယ္လုိ႔ေတာ့ ၾကားတယ္ဒါေပမယ့္ လြတ္ေတာ္ကုိယ္စားလွယ္ေတြက ပုိသိလိမ့္မယ္၊” ဟု ေျပာသည္။
ျမဳိ႕နယ္အလုိက္ ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔မ်ားတြင္ လြတ္ေတာ္ကုိယ္စားလွယ္မ်ား၊ ရပ္မိ-ရပ္ဖ ကုိယ္စား လွယ္မ်ား၊ CDM တြင္ပါဝင္ေသာ ကုိယ္ထမ္းကုိယ္စားလွယ္မ်ား၊ CDM လူငယ္ကုိယ္စားျပဳလူငယ္မ်ား၊ CDM တြင္ ဝန္းရံသူမ်ား ပါဝင္ေၾကာင္းသိရသည္။
ျမဳိ႕နယ္ ျပည္သူ႔အုပ္ခ်ုဳပ္ေရးအဖြဲ႔မ်ားအေနျဖင့္ ရပ္ကြက္/ေက်းရြာ ျပည္သူ႔အုပ္ခ်ဳပ္ေရး အဖြဲ႔မ်ားကုိ တာဝန္ခံျပီး ျပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႔ အခ်င္းခ်င္း ခ်ိတ္ဆက္ေဆာင္ရြက္သြားကာ ေဒသခံျပည္သူ မ်ား၏ လုံျခဳံေရး၊ ရပ္ရြာေအးခ်မ္းသာယာေရး ႏွင့္ တရားစီရင္ေရးကိစၥရပ္မ်ားအတြက္ ခ်င္းအက္/ ခ်င္းရုိးရာဓေလ့ထုံးတမ္းမ်ားျဖင့္သာ စီရင္ဆုံးျဖတ္သြားမည္ျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
Share.

About Author

Leave A Reply