Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

ဆလိုင်းတင်မောင်ဦး စိတ်ဓါတ်ဆုပ်ကိုင်ပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ဆက်တိုက်ပွဲဝင်မည်ဟု ချင်းကျောင်းသားသမဂ္ဂ ကြေညာ

0
By Editor on June 26, 2026 Headline

(006SV)

ဆလိုင်းတင်မောင်ဦး၏ စိတ်ဓါတ်၊ ယုံကြည်ချက်နှင့် ရပ်တည်ချက်များကို ဆုပ်ကိုင်လျက် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ကျောင်းသားလူငယ်၊ ပြည်သူလူထုနှင့်အတူ ဆက်လက်ရပ်တည် တိုက်ပွဲဝင်သွားမည်ဟု ချင်းကျောင်းသားသမဂ္ဂက ကြေညာသည်။

ယနေ့ ဇွန်လ ၂၆ ရက် ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို စစ်အာဏာရှင်အစိုးရက ကြိုးပေးကွပ်မျက်ခဲ့သည့် နှစ် ၅၀ ပြည့် ရွှေရတုအထိမ်းအမှတ်နေ့တွင် ချင်းကျောင်းသားသမဂ္ဂ (Chin Student’s Union of Myanmar) က ထုတ်ပြန်ခြင်းဖြစ်သည်။

ဆလိုင်းတင်မောင်ဦး ကွပ်မျက်ခံရသည်မှာ နှစ်ပေါင်း ၅၀ ပြည့်မြောက်ပြီဖြစ်သော်လည်း နိုင်ငံသည် စစ်အာဏာရှင် စနစ်အောက်မှ အပြည့်အဝ လွတ်မြောက်နိုင်ခြင်း မရှိသေးကြောင်း ချင်းကျောင်းသားသမဂ္ဂက ဆိုသည်။

“၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ကျောင်းသားများ၊ လူငယ်များနှင့် ပြည်သူလူထုသည် စစ်တပ်၏ အကြမ်းဖက်မှု၊ မတရားဖမ်းဆီးမှု၊ ညှင်းပန်းနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများကို ဆက်လက်ရင်ဆိုင်နေကြရသည်” ဟု CSU Myanmar က ထုတ်ပြန်ထားသည်။

စစ်အာဏာရှင်စနစ်ကို ရဲဝံ့စွာ ဆန့်ကျင် တော်လှန်ခဲ့သော ချင်းကျောင်းသား ခေါင်းဆောင်တစ်ဦး ဖြစ်သော ဆလိုင်းတင်မောင်ဦးသည် လွတ်လပ်မှု၊ တရားမျှတမှုနှင့် လူထု၏ အခွင့်အရေးများအတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့သည့် အာဇာနည်သူရဲကောင်း ဖြစ်သည်ဟု သိရသည်။

ဆလိုင်းတင်မောင်ဦးသည် ကွပ်မျက်ခံရမည့်အချိန်တွင် “မင်းတို့ ငါ့ခန္ဓာကိုယ်ကို သတ်လို့ရပေမယ့် ငါ့ခံယူချက်နဲ့ စိတ်ဓါတ်ကိုတော့ ဘယ်တော့မှ သတ်လို့ မရဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်ဘူး” ဟု ကြွေးကြော်ခဲ့သူဖြစ်သည်။

ဆလိုင်းတင်မောင်ဦး၏ ယုံကြည်ချက်နှင့် ရပ်တည်ချက်တို့သည် ကျွနိုပ်တို့ ကျောင်းသားလူငယ်များ၏ စိတ်နှလုံးသားထဲတွင် ဆက်လက်ရှင်သန်နေဆဲဖြစ်သည်ဟု CSU Myanmar က ဆိုသည်။

၁၉၅၀ ခုနှစ်က တောင်ငူမြို့မှာ မွေးဖွားခဲ့ပြီး ရန်ကုန်မြို့မှာ ကြီးပြင်းခဲ့သူ ဆလိုင်းတင်မောင်ဦးသည် ရန်ကုန်ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်မှာ သတ္တဗေဒ ဘာသာကို အထူးပြုလေ့လာရင်း ကျောင်းသားလှုပ်ရှာမှုများတွင် ပါဝင်ခဲ့သော ချင်းကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည်။

ဆလိုင်းတင်မောင်ဦးသည် ၁၉၆၉ ကျွန်းဆွယ် အားကစားပွဲ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၂ ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၄ သမိုင်းချည်မျှင်နှင့် အထည်စက်ရုံ အလုပ်သမားသပိတ်၊ ဦးသန့်အရေးခင်းနှင့် ၁၉၇၆ မှိုင်းရာပြည့်လှုပ်ရှားမှု စသည့် လှုပ်ရှားမှုများတွင် တက်ကြွစွာပါဝင် လှုပ်ရှားခဲ့သည်ဟု ဗကသများအဖွဲ့ချုပ် (ABFSU) ထံမှ သိရသည်။

ရန်ကုန်တက္ကသိုလ် ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီမှာလည်း ပါဝင်လှုပ်ရှားခဲ့ပြီး ၁၉၇၄ ခုနှစ်မှာ ဆလိုင်းတင်မောင်ဦးသည် အထွေထွေအတွင်းရေးမှူးအဖြစ် ရွေးချယ်တင်‌မြှောက်ခံခဲ့ရသည်ဟု သိသည်။

၁၉၇၂ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် ပထမအကြိမ် ဖမ်းဆီးခံရပြီး ၂ နှစ်ကြာ အကျဉ်းချခံရသည်၊ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့် လှုပ်ရှားမှုတွင် ထပ်မံဖမ်းဆီးခံခဲ့ရပြီး ယင်းဖမ်းခံရချိန်တွင် စစ်အာဏာရှင် စစ်အစိုးရ၏ မတရား ကြိုးပေးသတ်ဖြတ်ခြင်းကို ခံရခြင်းဖြစ်သည်ဟု သိရသည်။

မှိုင်းရာပြည့် လှုပ်ရှားမှုဖြင့် ဆလိုင်းတင်မောင်ဦး အဖမ်းခံရချိန်တွင် ဆလိုင်းတင်မောင်ဦး၏ ဖခင်၊ မိခင်၊ ညီနှင့် ၉တန်းကျောင်းသူအရွယ် ညီမ တို့ပါ အဖမ်းဆီးခံခဲ့ရပြီး ဗိုလ်ချုပ် နေဝင်း စစ်အစိုးရက ဆလိုင်းတင်မောင်ဦးကို သေဒဏ်ပေးခဲ့ကာ မိသားစုဝင်များကို ၉ နှစ်၊ ၇ နှစ်၊ ၅ နှစ် စသည့် ထောင်ဒဏ် အသီးသီးချမှတ်ခဲ့သည်ဟု သိရသည်။

“စစ်ခုံရုံးမှာ ပြင်ဆင်ချက်တင်ရင် ပြစ်ဒဏ်လျှော့ပေးမယ်လို့ သေဒဏ်နဲ့ ပတ်သတ်ပြီး စစ်အစိုးရ ဘက်က ကမ်းလှမ်းခဲ့ပေမယ့် ဆလိုင်းတင်မောင်ဦးက “မင်းတို့ ငါ့ခန္ဒာကိုယ်သာ သတ်လို့ရမယ် ငါ့ရဲ့ယုံကြည်ချက်နှင့် ရပ်တည်ချက်ကိုတော့ ဘယ်တော့မှ သတ်လို့ရမှာမဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာ ငါဘယ်တော့မှ ဒူးမထောက်နိုင်ဘူး” လို့ ရဲဝံ့စွာ တုံ့ပြန်ခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်‌နေ့မှာ စစ်ထောက်လှမ်းရေးတစုက ဆလိုင်းတင်မောင်ဦးကို အင်းစိန်ထောင်‌ထဲမှာပဲ လူမသိသူမသိ အတင်းအဓမ္မခေါ်ထုတ်ကာ ကြိုးပေးသတ်ဖြတ်ခဲ့ပါတယ်” ဟု ဗကသများအဖွဲ့ချုပ် (ABFSU)၏ ယနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

ဆလိုင်းတင်မောင်ဦးသည် စစ်အာဏာရှင်စနစ် အုပ်စိုးမှု သမိုင်းအတွင်း ပထမဆုံး ကြိုးပေးသတ်ဖြတ်ခံရသည့် ကျောင်းသားခေါင်းဆောင်ဖြစ်ပြီး စစ်အာဏာရှင်အစိုးရ အဆက်ဆက်သည် ဆလိုင်းတင်မောင်ဦးကို သတ်ဖြတ်ခဲ့သော နေ့ရက်ကို ယနေ့တိုင် တရားဝင် ကြေညာခြင်း မရှိသေးကြောင်း သိရသည်။

#ဆလိုင်းတင်မောင်ဦး #ချင်းကျောင်းသားသမဂ္ဂ #ဗကသများအဖွဲ့ချုပ် #ABFSU

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

ကလေးလူငယ်များကို လက်နက်ကိုင်အဖွဲ့များက အဓမ္မစစ်မှုထမ်းစေခြင်းကို ကန့်ကွက်ကြောင်း ချင်းပညာရေးစီဒီအမ်အဖွဲ့ ထုတ်ပြန်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 25, 2026

စစ်တပ်လက်အောက်ခံ ပညာရေးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ပါက အရေးယူမည်ဟု ချင်းပညာရေးဝန်ကြီးဌာနထုတ်ပြန်

September 25, 2026

ULA နှင့် MTP တို့ တွေ့ဆုံဆွေးနွေးပြီးနောက် ပလက်ဝနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်

September 25, 2026

မြန်မာကို ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရသည့်နိုင်ငံ (CPC) အဖြစ် သတ်မှတ်ပေးရန် အမေရိကန်အစိုးရထံ BRI တောင်းဆို

September 24, 2026

ကလေးမြို့တွင် ZYA ဌာနချုပ်ဝန်းအတွင်း ယာဉ်တိုက်မှုကြောင့် ၁၁ နှစ်အရွယ် ကလေးငယ် သေဆုံး၊ အစ်ကိုဖြစ်သူ ဒဏ်ရာရ

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.