• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စကစ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၇ ဦး CDF-Mindat ထံ ဝင်ရောက်ပူးပေါင်း

ချင်းပြည်နယ် မင်းတပ်မြို့နယ်တွင် စကစ ဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၇ ဦး CDF-Mindat ထံ ဝင်ရောက်ပူးပေါင်း

0
By Editor on July 26, 2021 Headline

ချင်းပြည်နယ် မင်းတပ်မြို့နယ် မကွီအိမ်နူးမြို့ရှိ အာဏာသိမ်းစစ်ကောင်စီနှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်းထားသည့် ရဲစခန်းမှ စကစဗိုလ်ကြီးအဆင့်ရှိသူအပါအဝင် ၇ ဦးသည် လက်နက်ခဲယမ်းများနှင့်အတူ ဇူလိုင်လ ၂၄ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင့်သည့် CDM လှုပ်ရှားမှုတွင် ပါဝင်လာပြီး CDF-Mindat တပ်ဖွဲ့ထံ ဝင်ရောက်ပူးပေါင်းခဲ့သည်ဟု သိရသည်။

မင်းတပ်မြို့ အနောက်တောင်ဘက်တွင်တည်ရှိသည့် မကွီအိမ်နူးမြို့ ရှေ့တန်းရဲစခန်းတွင် စကစတဖွဲ့နှင့် ရဲတပ်သား ၁၂ ဦးရှိသည့်အနက် ၅ ဦးမှာ လက်နက်နှင့် ထွက်ပြေးသွားပြီး ၇ ဦးမှာ CDF-Mindat နှင့် ဝင်ရောက်ပူးပေါင်းသည်ဟု CDF-Mindat မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီလ ၂၄ ရက်နေ့က ကျနော်တို့ CDF အနေနဲ့ သူတို့စခန်းကိုသွားတယ်၊ CDM လုပ်ပေးဖို့ပြောတယ်၊ သူတို့နဲ့ ညှိနှိုင်းဖို့ခေါ်တယ်၊ သူတို့လာတယ်၊ CDM လုပ်ပေးဖို့ လိုချင်တဲ့အကြောင်းပြောတယ်၊ တစ်ယောက်နဲ့တစ်ယောက် ပစ်ရခတ်ရတာမကောင်းဘူး၊ အဲဒီမှာ တချို့ကကျတော့ ကျနော်တို့နဲ့ပူးပေါင်းတယ်၊ ၅ ယောက်လောက်က ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိဘူး၊ စခန်းကလက်နက်တွေယူပြီး ထွက်ပြေးသွားတယ်၊ ၇ ယောက်က ကျနော်တို့နဲ့ပူးပေါင်းတယ်” ဟု CDF-Mindat တာဝန်ရှိသူက ပြောသည်။

CDF-Mindat နှင့် ပူးပေါင်းလာသူများမှာ မကွီးအိမ်နူးမြို့ရဲစခန်းမှ တာဝန်ရှိသူ စစ်တက္ကသိုလ်အပတ်စဉ် ၅၅ ကျောင်းဆင်း ဗိုလ်ကြီးသိန်းထိုက်နှင့် ရဲဘော် ၂ ယောက်၊ ရဲတပ်ဖွဲ့မှ အရာရှိတစ်ဦးနှင့် တပ်သား ၃ ယောက် စုစုပေါင်း ၇ ယောက်ဟု သိရသည်။

ယခုကဲ့သို့ စကစတပ်ဖွဲ့ဝင်များ ပူးပေါင်းလာသည့်ကိစ္စနှင့်ပတ်သက်၍ CDF-Mindat တာဝန်ရှိသူက “မနေ့က ကျနော်တို့ပြောတဲ့စကားအရ နိုင်ငံကို ကောင်းတဲ့ဘက်ကို ရွှေ့စေချင်တာပေါ့နော်၊ သူတို့စိတ်ဆန္ဒက ဒါပါပဲ၊ ကျနော်တို့ကတော့ ကြိုဆိုတယ်၊ ကျန်တဲ့ ပူးပေါင်းဆောင်ရွက်မှုမရှိသေးတဲ့ ရဲဘက်ကပဲဖြစ်ဖြစ် စကစဘဲဖြစ်ဖြစ် ကိုယ့်ကိုကိုယ် ပြည်သူကိုကာကွယ်မယ်လို့ သစ္စာဆိုထားတယ်ဆိုတဲ့ဟာကို မမေ့ဖို့လိုတယ်၊ ဘာဖြစ်ဖြစ် အချိန်မှီသေးတယ်၊ နိုင်ငံကို ကောင်းစေချင်တယ်ဆိုရင် ပြည်သူအပေါ်မှာ စေတနာရှိတယ်ဆိုရင် အချိန်မီ လက်နက်တွေကိုယူဆောင်လာပြီးတော့ ကျနော်တို့နဲ့ ပူးပေါင်းလို့ရပါတယ်” ဟု ပြောသည်။

မကွေအိမ်နူးမြို့သည် မင်းတပ်မြို့မှ မိုင် ၇၀ ခန့်ကွာဝေးပြီး ဆော-ကန်ပက်လက်-ပလက်ဝ ဆက်သွယ်သည့် လမ်းပေါ်တွင်တည်ရှိကာ ၂၀၁၇ ခုနှစ်တွင် ကျေးရွာမှ မြို့အဆင့် တိုးမြင့်ခံခဲ့ရသည်။

CDF-Mindat နှင့် စစ်ကောင်စီအကြား အပစ်ခတ်ရပ်စဲရေးဆွေးနွေးမှုအား ဇူလိုင်လ ၁၆ ရက်နေ့ကစ၍ ပျက်ပြယ်ခဲ့ပြီးနောက် ဇူလိုင်လ ၂၁ ရက်နေ့ကစ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခဲ့ပြီး ရာနှင့်ချီသော ဒေသခံပြည်သူများလည်း ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် တောထဲဆိတ်အစာထွက်ရှာသည့် အမျိုးသားတစ်ဦး မိုင်းနင်းမိ၍ သေဆုံး၊ ၅ ဦးဒါဏ်ရာရ

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ချင်းလူမျိုး ၆၄ ဦးထက်မနည်းသေဆုံးဟု ICA ထုတ်ပြန်

မတူပီမြို့တွင် MPT ဖုန်းလိုင်းပြန်ဖွင့်ပေး

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.