Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

CDF – ဟားခါး ဒုဥက္ကဌဟောင်းနှင့် အတွင်းရေးမှူးတို့ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းဆောင်ရွက်မည်

0
By Editor on May 29, 2026 Headline

အတွင်းရေးမှူးကို လူသတ်မှုဖြင့် ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားပြီး ရာထူးမှ ရပ်ဆိုင်း

(006SV)

CDF – ဟားခါး၏ တပ်ဖွဲ့ဝင်အချင်းချင်း ကိုယ်ထိလက်ရောက် စကားများရာမှတဆင့် တပ်ဖွဲ့၏ ဒုတိယဥက္ကဌဟောင်းကို သေနတ် ဖြင့် ပစ်သတ်ခဲ့သည့် အထွေထွေအတွင်းရေးမှူးဖြစ်သူ၏ အမှုကို အထူးစုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်သွား မည်ဟု CDF – ဟားခါးဗဟိုကောင်စီထံမှ သိရသည်။

ယင်းအမှုနှင့်ပတ်သက်၍ တရားမျှတမှုနှင့် အမှန်တရားကို အမြန်ဆုံးဖော်ထုတ် ဆောင်ရွက်နိုင်ရန် အထူးစုံစမ်း စစ်ဆေးရေး ကော်မတီတစ်ရပ်ကို CDF – ဟားခါးဗဟိုကောင်စီ ကာကွယ်ရေးကော်မတီ၏ တရားရေးဌာန၊ ချင်းလဲန်းကောင်စီ၏ ကာကွယ်ရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်သည်။

CDF- ဟားခါးဗဟိုကောင်စီ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းဥပဒေ၊ စစ်ဥပဒေနှင့်အညီ ပွင့်လင်းစွာ၊ တရားမျှတစွာ တရားစီရင်မှုကို ပြည်သူ့ရှေ့မှောက်တွင် ဆောင်ရွက်သွားမည်ဟု CDF – ဟားခါး ဗဟိုကောင်စီ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီက မေလ၂၈ရက်မှာ ကြေညာသည်။

ကနေဦးဖြစ်စဉ်များ စုံစမ်းစစ်ဆေးခြင်း၊ ကျန်ရစ်သူမိသားစုများ နှစ်သိမ့်ခြင်း အစီအစဉ် ဆောင်ရွက်ခြင်းနှင့် ဟားခါးမြို့နယ်အတွင်း အရေးပေါ် စစ်ရေးအခြေအနေများကြောင့် သတင်းထုတ်ပြန်ချက်များ၊ ဖြစ်စဉ်ရှင်းလင်းချက်များ စောလျင်စွာ မချပြနိုင်သည့်အတွက် ပြည်သူများကို တောင်းပန်အပ်ပါသည်ဟု ထုတ်ပြန်ချက်မှာ အသိပေးသည်။

ဆိုရှယ်မီဒီယာပေါ်တွင် CDF – ဟားခါးဗဟိုကောင်စီ အပေါ် လုပ်ကြံသတင်းများ၊ သတင်းမှားများ ပြန့်နှံ့နေသည်ကို တွေ့ရှိရပြီး လိုအပ်ပါက ပြန်လည်ရှင်းလင်းချက်များ ထုတ်ပြန်သွားမည်ဟု ယင်းအဖွဲ့ထံမှ သိရသည်။

ယင်းအမှုဖြစ်စဉ်မှာ မေလ ၁၅ ရက်က နံနက် ၉ နာရီ ၅၀ ခန့်က CDF – ဟားခါး ရုံးချုပ်ခန့်ဆောင်ကို တာဝန်ရှိသူတို့၏ ခွင့်ပြုချက် မရှိဘဲ CDF – ဟားခါး လက်ရှိတပ်သား ဆလိုင်းဆန်လိန်း (Salai Sang Ling @ Salai Joshua) နှင့် သူ့ ထမင်းချက် စားဖိုးမှူး (ထောင်သား) ၊ သူ့စက်ကြီးမောင်း ၁ ဦးတို့မှာ အကြောင်းမဲ့ လာရောက် ဖြိုချကြောင်း သိရသည်။

ယင်းအချိန်မှာ CDF – ဟားခါး အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန် (Salai Za Cung Lian) မှ သတင်းရရှိ၍ သွားရောက်တားဆီးရာ စကားများကြပြီး ဆလိုင်းဆန်လိန်းမှ အထွေထွေအတွင်းရေးမှူးကို မှောက်လဲအောင်အထိ ပါးရိုက်မှု ဖြစ်ပွားခဲ့သည်။

ယင်းဖြစ်စဉ်ကို တရားရုံး၏ ဖမ်းဝရမ်းဖြင့် ဖမ်းဆီးနေစဉ်အတွင်း အထွေထွေအတွင်းရေးမှူးဖြစ်သူ ဆလိုင်း ဇာကျုံးလျန်မှ ဆလိုင်းဆန်လိန်းကို သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အခင်းဖြစ်ပွားရာ နေရာတွင် သေဆုံးခဲ့ရသည်ဟု CDF – ဟားခါးထံမှ သိရသည်။

တော်လှန်ရေး ရဲဘော် အချင်းချင်းအကြား ဖြစ်ပွားခဲ့သော ပြဿနာများကို လက်နက်အသုံးပြုပြီး လူသတ်မှု ကျူးလွန်ခြင်းသည် လုံးဝ မဖြစ်သင့်၊ မရှိအပ်သော အပြုအမှု၊ စိတ်ရွံ့ဖွယ်ရာ လုပ်ရပ်ဖြစ်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည်ဟု ယင်းအဖွဲ့က ဆိုသည်။

လူသတ်မှု ကျူးလွန်သော CDF – ဟားခါးဗဟိုကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဆလိုင်းဇာကျုံးလျန်ကို တရားစွဲဆိုရန် ထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားရှိပြီး အထွေထွေ အတွင်းရေးမှူး ရာထူးမှ ရပ်ဆိုင်းလိုက်သည်ဟု သိရသည်။

ဆလိုင်းဆန်လိန်းသည် CDF – ဟားခါး ဖွဲ့စည်းတည်ထောင်သူအဖွဲ့ဝင်တစ်ဦးဖြစ်သည်သာမက အားကိုးအားထားရသော ဗျူဟာမှူးဟောင်း၊ တပ်မဟာမှူးဟောင်း (ပူးတွဲ) အထွေထွေအတွင်းရေးမှူးဟောင်း၊ ဒုတိယဥက္ကဌဟောင်းနှင့် လက်ရှိတပ်သားဘဝဖြင့် အဖွဲ့အစည်းမှာ တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

စစ်အာဏာရှင်တော်လှန်ရေးမှာ အရေးပါသော မျိုးဆက်သစ် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သူ ဆလိုင်းဆန်လိန်အား ဆုံးရှုံးမှုအတွက် ကျန်ရစ်သူ မိသားစုများ၊ ဆွေမျိုး မိတ်သင်္ဂဟများနှင့်အတူ ဝမ်းနည်းကြေကွဲရပါကြောင်း CDF – ဟားခါး ဗဟိုကောင်စီက ထုတ်ပြန်သည်။

ပုံစာ- CDF-Hakha ဒုတိယ ဥက္ကဌဟောင်း ဆလိုင်းဆန်လိန်း

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

ချင်းလဲန်းကောင်စီက ဒေသန္တရအစိုးရများကို မြို့နယ်နှင့်ဒေသ ၁၉ ခုတွင် မျိုးနွယ်စုများနှင့်ဒေသကို အခြေခံ၍ ဖွဲ့စည်းခဲ့ဟု ဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 29, 2026

CDF-Hualngoram ထိန်းချုပ်နယ်မြေတွင် ပြည်သူ့ထည့်ဝင်ငွေဖြင့် ရဲဘော်များအား လစဉ် ၅ သိန်းကျပ်စီ ထောက်ပံ့

August 28, 2026

ဟားခါး၊ ချွန်ကျုံးကျေးရွာ သင်းအုပ်ဆရာတော်နှင့် ဒေသခံရွာသားတို့ကို စစ်တပ်က သတ်ဖြတ်မှု အရေးယူပေးရန် အမေရိကန်အစိုးရနှင့် နိုင်ငံတကာထံ BRI တောင်းဆို

August 28, 2026

တွန်းဇံမြို့နယ်ရှိ ZRA-EC စခန်းကို CDF-တွန်းဇံက ဝင်ရောက်စီးနင်းတိုက်ခိုက်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.