Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»(အယ်ဒီတာ့ထံပေးစာ) ချင်းပြည် ပလက်ဝအရေးကို ချင်းတွေမေ့နေခဲ့ပြီလား?

(အယ်ဒီတာ့ထံပေးစာ) ချင်းပြည် ပလက်ဝအရေးကို ချင်းတွေမေ့နေခဲ့ပြီလား?

0
By Editor on May 14, 2024 Featured

ချင်းပြည် ပလက်ဝမြို့ဟာ ချင်းပြည်ရဲ့ နယ်နိမိတ်ထဲမှာ ဧရိယာအကျယ်ဆုံး မြို့တစ်မြို့ဖြစ်သလို ချင်းပြည်ရဲ့ တစ်ခု တည်းသော စီးပွားရေးဇုန်မြို့တော်တစ်ခုဖြစ်ပါတယ်။

၂၀၁၄ – ၂၀၁၅ ဝန်းကျင် အာဏာမသိမ်းခင်ကတည်းက AA နဲ့ ဗမာ့တပ်မတော်ရဲ့ တိုက်ပွဲတွေကြားမှာ ချင်းပြည်သူလူ ထုတွေအနေနဲ့ အလူးအလိမ့်ခံခဲ့ကြရပါတယ်။ AA ဟာ သူတို့ရဲ့ တိုက်ပွဲ ဖော်ဆောင်မှုတွေကို စတင်ဖော်ဆောင် ကတည်းက ရခိုင်ပြည်ထဲမှာ ဦးဆုံးမဖော်ဆောင်ပါပဲနဲ့ ချင်းပြည် ပလက်ဝမြို့ကနေ စတင်ပြီး ဘာကြောင့် တိုက်ပွဲ ဖော်ဆောင်ခဲ့ကြတာလဲဆိုတဲ့ မေးခွန်းကို မေးဖို့အတွက် ချင်းလူမျိုးအတော် များများက မေးရကောင်း မှန်းမသိခဲ့ ကြသလို အဖြေကို ဃဂဏန သိဟန်လည်းမတူပါဘူး။

ကျနော်တို့အတွင်းပိုင်းကနေသိရသလောက်ပြောရမယ်ဆိုရင် AA ရဲ့ မဟာဗျူဟာလှည့်ကွက်တွေထဲမှာ ပလက်ဝမြို့ကို ရခိုင်ပြည် ဖြစ်မြောက်လာဖို့အရေးကို AA အနေနဲ့ လွန်ခဲ့တဲ့ ၂၀၁၄ – ၂၀၁၅ တိုက်ပွဲ ဖော်ဆောင်မှုတွေကို ကြည့်ခြင်းအား ဖြင့် ကွက်ကွက်ကွင်းကွင်း သိမြင်နိုင်ပေမယ့်လည်း ချင်းလူမျိုး တွေအနေနဲ့ သဘောထားကြီးစွာနဲ့ တိုင်းရင်းသားအချင်း ချင်း ဒီလို နယ်မြေကျူးကျော်မှုတွေ မလုပ် လောက်ပါဘူးဆိုတဲ့ အတွေးလောက်နဲ့ ပြီးဆုံးခဲ့ကြပါတယ်။ ပြောရရင်တော့ ချင်းတွေအချင်းချင်း ငြင်းခုန်နေရမယ့်အချိန်မဟုတ်တော့ပဲ ချင်းတွေက မလုပ်တန်လောက်ပါဘူးဆိုတဲ့စိတ်နဲ့ သဘောထားကြီးခဲ့ကြတာဖြစ်ပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်မှာ သိသိသာသာ ပြောင်းလဲလာရတဲ့ အကြောင်းရင်းတွေကို ဒီနောက်ပိုင်း ကွက်ကွက် ကွင်းကွင်း မြင်လာနိုင်ပါတယ်။ CDF ခေါင်းဆောင်တွေအနေနဲ့ AA နဲ့ ပူးပေါင်းမှု နယ်မကျွံသေးခင်မှာ အကြိမ်ကြိမ် သတိပေးခဲ့ဖူး အကြံတချို့ပေးခဲ့ပါတယ်။

AA ဟာ ပလက်ဝကို ဘယ်တော့မှ ဒီအတိုင်းလက်လွှတ်လိမ့်မယ်လို့မထင်လေနဲ့။ AA ဟာ CDFs တွေနဲ့ CNA ပူးပေါင်း သွားမှာကို အကြောက်ဆုံးပါပဲ။ ဘာကြောင့် ဒီလိုကြောက်ရသလဲဆိုရင် ချင်းတွေစည်းလုံးသွား တဲ့အခါ ပလက်ဝနယ် မြေကို AA လက်ထဲရယူနိုင်ဖို့အတွက်ခက်ခဲသွားမှာဖြစ်တယ်။ အဲဒီ Chin Nation Building လို့ခေါ်တဲ့ ချင်းအမျိုးသား တည်ဆောက်ရေး မအောင်မြင်လေ သူတို့အတွက် နည်းဗျူဟာ သာလွန်အောင်မြင်လေပဲ ဖြစ်ပါတယ်။

အောက်ခြေမှာဖြစ်ပျက်နေတာကတော့ CDFs တွေဟာ ငါတို့မွေးစားသားတွေပါကွာဆိုတဲ့ အတွေးနဲ့ CNA နဲ့ CDFs တွေမပူးပေါင်းအောင် နည်းလမ်းမျိုးစုံနဲ့ သူတို့ကြိုးစားခဲ့ကြသလို CDFs တစ်ချို့နဲ့ အပေးအယူတွေ လက်နက် လဲလှယ်မှုတွေကို လုပ်ခဲ့ကြပါတယ်။

အားလုံးသတိတဲ့အတိုင်း AA ဟာ ခုချိန်မှာ ပလက်ဝမှာ ချင်းတွေမနေနိုင်အောင် မနေရဲအောင် ထွက်ပြေး အောင် နည်းမျိုးစုံနည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတယ်ဆိုတာက ဘင်္ဂလားဒေ့ရှ်က ရခိုင်လူမျိုးတွေကို ချင်းပြည် ပလက်ဝမြို့နယ်ထဲကို ပို့ဖို့အတွက် ကြိုးစားနေတာတွေကို ကြည့်ခြင်းအားဖြင့် ကွက်ကွက်ကွင်းကွင်း သိမြင်နိုင်ပြီဖြစ်ပါတယ်။

ဒါတင်မကပဲ တကယ့်အောက်ခြေမှာ မီဒီယာတွေမှာ ဖော်ပြခြင်းလုံးဝမခံရပါပဲနဲ့ ချင်းပြည် ပလက်ဝက ချင်းပြည်သူ တွေကို AA က တစ်ရွာလုံးပေါ်တာဆွဲတာ၊ သူတို့ပေါ်တာဆွဲတာကို လက်မခံရင် ရွာလုံးကျွတ် ခရီးသွားခွင့်ပိတ်ပင် တာမျိုးတွေ၊ တစ်အိမ်ထောင်မှာ ဘယ်လောက်ထည့်ရမယ်ဆိုပြီး အတင်းအကျပ် ကောက်ခံတာမျိုးတွေကို ချင်းပြည်ပလက်ဝက ချင်းလူမျိုးတွေဟာ အလူးအလဲ ခံနေကြရတယ်ဆိုတာကို ချင်းတိုင်းက မသိကြရှာပါဘူး။

ကျနော်ဒီအကြောင်းအရာကိုရေးတဲ့အခါ လူမျိုးမုန်းတီးရေးကို ဦးတည်ပြီး ရေးခြင်းမဟုတ်သလို၊ CNA နဲ့ CDFs တွေကို သွေးခွဲရေးသားနေခြင်း လုံးဝမဟုတ်ပါဘူး။ ကျနော်တို့ ချင်းတွေအနေနဲ့ လက်ရှိ ချင်းတစ်မျိုး သားလုံး အရေးအတွက် စုစည်းထားတဲ့ ချင်းလဲန်းကောင်စီလို အစုအဖွဲ့တွေနဲ့အတူ စုစည်းပြီး တစ်စု တစ်စည်းတည်း ရှိနေဖို့လိုအပ်ပါတယ်။

ချင်းပြည်သူလူထု တစ်ရပ်လုံးအနေနဲ့လည်း နိုးနိုးကြားကြားနဲ့ ချင်းပြည် ပလက်ဝအရေးကို သေချာ စဥ်းစား ပြီး မိမိကိုယ်ကျိုးတစ်ခုတည်းကို မကြည့်ပဲ မိမိရဲ့ ရာထူးအာဏာတည်မြဲရုံသက်သက်ကိုသာ ရှေ့မရှုပဲ ချင်း တွေအနေနဲ့ မိမိတို့ချင်းအမျိုးသားရေးကိုသာ ဦးတည်ရှေးရှုလျှက် ချင်းပြည်ပလက်ဝသည် အခြားသော လူမျိုးများလက်ထဲသို့ မိမိတို့ကိုယ်တိုင် တွန်းမပို့ပေးမိဖို့ အရေးကြီးတဲ့ အချိန်အခါရောက်ရှိနေပြီဖြစ်ပါတယ်။

ပလက်ဝဒေသခံတစ်ဦး – Tui

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

#Article”ချင်းကို ကာရံညှိခြင်း”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.