• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းလက်ကိုင်အဖွဲ့သစ် CNO/CNDF ဖွဲ့စည်း

ချင်းလက်ကိုင်အဖွဲ့သစ် CNO/CNDF ဖွဲ့စည်း

0
By Editor on April 22, 2021 Headline
Benezer – ချင်းပြည်နယ် ဖလမ်းမြို့နယ် နှင့် ချင်းပြည်နယ်ပြင်ပ (ကလေး-ကဘော်ဒေသ) နှင့် နိုင်ငံတကာရှိ ချင်းလူမျိုး များတွေ့ဆုံကာ နိုင်ငံရေးဦးဆောင်အဖွဲ့ ချင်းအမျိုးသားအဖွဲ့ချုပ် (Chin National Organization) နှင့် ကာကွယ်ရေးတာ ဝန်ထမ်းဆောင်ရန် ချင်းအမျိုးသားကာကွယ်ရေးအဖွဲ့ (Chin National Defense Force) ကို ၂၀၂၁ခုနှစ် ဧပြီလ (၁၃) ရက်နေ့က ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ဧပြီလ ၂၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
ဖက်ဒရယ်ဒီမိုကရေစီကို အခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ ချင်းအမျိုးသား တို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ရယူရေး၊ ရေရှည်တည်တံ့ပြီး ငြိမ်းချမ်းသော လူ့အဖွဲ့အစည်း တည်ဆောက်ရေးနှင့် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေးအခင်းအကျင်းတွင် ပါဝင်သည့် အဖွဲ့အစည်းများနှင့်အတူ နိုင်ငံရေးသဘောတူညီချက်များကို လက်တွဲ အကောင်အထည်ဖော်နိုင်ရေးတို့ကို အဓိက ရည်ရွယ်ပြီး ယခုကဲ့သို့ ဖွဲ့စည်းရခြင်းဖြစ်သည်ဟု CNO/CNDF ပြောခွင့်ရပုဂ္ဂိုလ် Salai William Chin ကပြောသည်။
“အဓိကတော့ လွတ်လပ်တဲ့ ချင်းပြည်ကြီး ထူထောင်သွားဖို့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်၊ CNO ဆိုတဲ့ဟာက လောလောဆယ် ဖလမ်းမြို့နယ်နဲ့ ဒေသအချို့ကိုဘဲ အခြေပြုထားတယ်၊ နောက်ပိုင်းမှာ တော်လှန်ရေး ဘယ်အဖွဲ့စည်းမဆိုနဲ့ သဘောထားခြင်း မူဝါဒခြင်းတူတဲ့သူနဲ့ ပူးပေါင်းပြီးမှ လှုပ်ရှားသွားဖို့ရှိပါတယ်၊ ချင်းပြည်သူတွေအနေ နဲ့ အားပေးကူညီပေးဖို့ ဖိတ်ခေါ်လိုပါတယ်”ဟု Salai William Chin က ပြောသည်။
CNO/CNDF အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) မှဖွဲ့စည်းလိုက်သော အမျိူးသား ညီညွတ် ရေးအစိုးရ (NUG)၊ တိုင်းရင်းသားနိ််ုင်ငံရေးအင်အားစုများ၊ အခြားဒီမိုကရေစီအင်အားစုများ၊ ချင်းနိုင်ငံရေး အစုအဖွဲ့ များနှင့်အတူ ပူးပေါင်၍ အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ၎င်းတို့ကြေညာချက်တွင်ဖော်ပြထားသည်။
“အခုကအဖွဲ့အစည်းသစ်ရပ်တည်တယ်ဆိုတာက လိုအပ်ချက်အရ ရပ်တည်တာဖြစ်တယ်၊ ကျနော်တို့ရဲ့ အစုအဖွဲ့အရင်ခိုင်အောင်လုပ်ပြီးမှ နောက်ပိုင်းလိုအပ်ရင်လိုအပ်သလို တစ်ခြားအဖွဲ့နဲ့ပေါင်းဖို့ရှိပါတယ်၊ နောက်ပိုင်းမှာ အခြေနေအရ မဟာမိတ်ပုံစံမျိုးမဟုတ်ဘဲနဲ့ ပေါင်းရင်လည်းပေါင်းသွားနိုင်တယ်” ဟု Salai William Chin က ပြောသည်။
ချင်းအမျိုးသားအဖွဲ့ချုပ် CNO သည် စစ်အာဏာရှင်စနစ်ကို နည်းမျိုးစုံဖြင့် ဆန့်ကျင်နေကြသော ပြည်သူလူထုနှင့် ကျဆုံးသွားသော အာဇာနည်များအား လေးစားဂုဏ်ပြုကြောင်း ပြည်သူလူထုတစ်ရပ်လုံးညီညွတ်စွာဖြင့် အတူရပ်တည်ပြီး အာဏာရှင်စနစ်ကို ဆက်လက်ဆန့်ကျင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် ဦးစီးအရာရှိအဆင့် ဝန်ထမ်း ၂ ဦး ဖမ်းဆီးခံရ

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မင်းတပ်မြို့နယ်က ကလေးငယ်တစ်ဦး ခြေတဖက်ပြတ်သွား

မတူပီမြို့နယ်က စစ်ဘေးရှောင်ပြည်သူများ ရိက္ခာနှင့် ဆေးဝါးများပြတ်လပ်

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.