Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»ချင်းလဲန်းကောင်စီအဖွဲ့ဝင် ကန်ပက်လက်ကောင်စီနှင့် CDF-Kanpetlet တပ်ရင်း ၇ နယ်မြေထဲကို AA နှင့် ချင်းညီနောင်တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး၊ ထိတွေ့မှုဖြစ်ပွားမည်ကို ပြည်သူများစိုးရိမ်

ချင်းလဲန်းကောင်စီအဖွဲ့ဝင် ကန်ပက်လက်ကောင်စီနှင့် CDF-Kanpetlet တပ်ရင်း ၇ နယ်မြေထဲကို AA နှင့် ချင်းညီနောင်တပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုး၊ ထိတွေ့မှုဖြစ်ပွားမည်ကို ပြည်သူများစိုးရိမ်

0
By Editor on October 13, 2024 Headline

ချင်းလဲန်းကောင်စီအဖွဲ့ဝင် ကန်ပက်လက်ကောင်စီနှင့် CDF-Kanpetlet တပ်ရင်း ၇ ထိန်းချုပ်နယ်မြေထဲကို အာရက္ခတပ်တော် AA နဲ့ ချင်းညီနောင်တပ်ဖွဲ့များက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာနေပြီး အချိန်မရွေး ထိတွေ့တိုက်ပွဲဖြစ်နိုင်သည့် အခြေအနေမှာရှိနေသောကြောင့် ဒေသခံပြည်သူများ စိုးရိမ်ပူပန်နေကြသည်ဟု သိရသည်။

အာရက္ခတပ်တော် AA နှင့် ချင်းညီနောင်တပ်ဖွဲ့ဝင်များသည် အောက်တိုဘာလ ၁၁ ရက်နှင့် ယနေ့အောက်တိုဘာလ ၁၂ ရက်နေ့မှာ စစ်ကြောင်း ၂ ကြောင်းဖြင့် CDF-Kanpetlet တပ်ရင်း ၇ အခြေချတပ်စွဲထားသော စခန်းအနီးပတ်ဝန်းကျင်အထိ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ကန်ပက်လက်ဒေသခံများထံမှ သိရသည်။

ကန်ပက်လက်ကောင်စီလက်အောက်ခံတပ်ရင်းဖြစ်သော CDF-Kanpetlet တပ်ရင်း ၇ ဘက်က နှစ်ဖက်ထိတွေ့ပစ်ခတ်မှုမဖြစ်လိုသောကြောင့် တပ်ပြန်ရုပ်သိမ်းရန်ဆွေးနွေးခဲ့သော်လည်း AA နှင့် ချင်းညီနောင်ဘက်က လက်မခံဘဲ ဆက်လက်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု သိရသည်။

ထိုကဲ့သို့အခြေအနေကြောင့် အချင်းချင်းပွတ်တိုက်မှုဖြစ်ပွားလာမည်ကို ယင်းဒေသတွင်နေထိုင်ကြသော ပြည်သူများက အလွန်စိုးရိမ်နေကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအဖွဲ့များကလည်း ကြားဝင်ညှိနှိုင်းပေးရန် ကြိုးစားခဲ့ကြသော်လည်း ချင်းညီနောင်အဖွဲ့ဝင် CDF-Kanpetlet တပ်ရင်းများက လက်မခံကြကြောင်း ကန်ပက်လက်ဒေသခံတစ်ဦးကပြောသည်။

ယခုအနေအထားသည် AA နှင့် ချင်းညီနောင်တပ်ဖွဲ့ဘက်က စစ်ကြောင်းပြန်မလှည့်ဘဲ ဆက်ပြီးစစ်ကြောင်းထိုးလာမည်ဆို အပြန်အလှန်ပွတ်တိုက်မှုဖြစ်နိုင်သည့်အခြေအနေတွင်ရှိနေပြီး ကန်ပက်လက်ပြည်သူများက အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားကြမည်ကို အလွန်အမင်းစိုးရိမ်နေကြသည်ဟု ကန်ပက်လက်ဒေသခံများထံမှ သိရသည်။

မြန်မာ့နွေဦးတော်လှန်ရေးကနေ ပေါက်ဖွားလာသော CDF-Kanpetlet တပ်ဖွဲ့တွင် တပ်ရင်း ၇ ရင်းရှိခဲ့ပြီး ယင်းအနက် တပ်ရင်း ၅ ရင်းဖြစ်သည့် တူမီးတပ်ရင်း၊ ဝကောက်တပ်ရင်း၊ ဗစ်တိုရိယတပ်ရင်း၊ ခေါနူးတပ်ရင်းနှင့် မဟူရာတပ်ရင်းတို့သည် ချင်းညီနောင်အဖွဲ့နှင့်ပူးပေါင်းခဲ့သည်။

ကန်ပက်လက်ကောင်စီလက်အောက်ခံ ထားကြယ်တပ်ရင်းဟုခေါ်သော တပ်ရင်း ၇ တစ်ခုတည်းသာ ချင်းလဲန်းကောင်စီဘက်တွင် ပူးပေါင်းခဲ့ကြောင်း သိရသည်။

နောက်ထပ်တပ်ရင်းတစ်ခုဖြစ်သည့် Kkei Sing တပ်ရင်းမှာမူ CDF-Kanpetlet မှခွဲထွက်ပြီး CDF-Daai တပ်ဖွဲ့တွင် ပူးပေါင်းရပ်တည်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်၊ တိုက်နယ် – ၁ ထဲကို Cluster ဗုံးနှင့် ပေါင် ၅၀၀ ဗုံးပါ အသုံးပြု၍ ၃ ရက်ဆက် လေကြောင်းတိုက်ခိုက်

မီဇိုရမ်ပြည်နယ်က မြန်မာစစ်ဘေးရှောင်များ ဇီဝအချက်အလက်ကောက်ယူမည့်အစီစဉ် မကြာခင်စတင်ဖွယ်ရှိ

မင်းတပ်မြို့၊ တိုက်နယ် ၁ မှ ကျေးရွာများကို နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.