• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ချင်းဝန်ကြီးများအားလုံး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အဆောင်ယောင်များအားလုံးထားခဲ့ပြီး ဝန်ကြီးအိမ်ယာမှ စွန့်ခွာရမည်

ချင်းဝန်ကြီးများအားလုံး ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အဆောင်ယောင်များအားလုံးထားခဲ့ပြီး ဝန်ကြီးအိမ်ယာမှ စွန့်ခွာရမည်

0
By Editor on February 10, 2021 Headline

#Unicode

By Benezer – မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာကို ဖေဖော်ဝါရီလ ၁ ရက်နေ့က သိမ်းယူပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံနေရသော ချင်းပြည်နယ် ဝန်ကြီးချူပ်အပါအဝင် ဝန်ကြီးများအားလုံးနှင့် လွှတ်တော်ဥက္ကဌတို့သည် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အဆောင်အယောင်များအားလုံးထားခဲ့ပြီး ဝန်ကြီးအိမ်ယာမှထွက်ခွါရမည်ဟု အမိန့်ထုတ်ထားကြောင်းသိရသည်။
ချင်းပြည်နယ် ဝန်ကြီးချူပ် ဆလိုင်းလျန်လွယ်၊ လွှတ်တော်ဥက္ကဌ ဦးဇိုဘွေ့တို့အပါအဝင် ချင်းပြည်နယ် ဝန်ကြီးများအားလုံး ကို ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က ရိပ်သာတွင် ခေတ္တဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကပြောသည်။
“ကျနော်သိသလောက်က ဦးဝီကောရယ် ဦးမာန်ဟင်ဒါလ်ရယ် ဦးပေါင်လွန်မင်းထန် ကျနော်ရယ် ရိပ်သာကို ခေါ်သွား ပြီးတော့ဘာမှ စစ်မေးတာတွေမရှိဘူး ထမင်းလည်းကောင်းကောင်းကျွေးတယ် ဘာမှလည်းမလုပ်ဘူး၊ ခုတော့အိမ်ပြန် ရောက်ကြပြီ၊ ကျန်တဲ့သူတွေတော့ ဖုန်းလည်းဆက်မရဘူးဆိုတော့ ဘာမှမသိဘူး၊ ၄ ရက်နေ့မှာ အဆောင်ယောင်တွေ အကုန် ပြန်အပ်ရမယ်ပြောတယ်၊ တစ်ခြားတော့ဘာမှမရှိဘူး၊ ကောင်းကောင်းဆက်ဆံတယ်” ချင်းပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးအိုကပြောသည်။
ယခုလက်ရှိတွင် ၎င်းတို့ကို ဝန်ကြီးအိမ်ယာနေအိမ်အတွင်း အကျယ်ချူပ်သဘောဖြင့်ထားရှိကာ အဝင်အထွက်ဂိတ်ကို စစ်သားတွေက စောင့်ကြပ်ထားသည်ဟုသိရသည်။
ချင်းပြည်နယ် ဝန်ကြီးချူပ်၊ လွှတ်တော်ဥက္ကဌ၊ ဒု-ဥက္ကဌ၊ ဝန်ကြီး ဦးစိုးထက်နှင့် ဦးဖွေအားတို့ကို ဟားခါးမြို့ ရုန်းတောင် တပ်စခန်းတွင် ဖမ်းဆီးထိန်းသိမ်းကာ ယနေ့နံနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်က ဝန်ကြီးချူပ် ဆလိုင်းလျန်လွယ်တ စ်ဦးသာ ဝန်ကြီးအိမ်ယာနေအိမ်သို့ပြန်လည်ရောက်ရှိပြီး ကျန် ၄ ဦးမှာ ပြန်လည်လွှတ်ပေးခြင်းမရှိ သေးကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်ပိုင်းက ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သမ္မတရုံးမှ အမိန့် ကြေညာစာအမှတ် ၁/၂၀၂၁ဖြင့် နိုင်ငံတော်အား အရေးပေါ်အခြေအနေကြေညာခဲ့ပြီး နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တရားစီရင် ရေးလုပ်ငန်းများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ အာဏာလွှဲပြောင်းလိုက်ကြောင်းကြေညာခဲ့သည်။
တပ်မတော်က အာဏာလွှဲပြောင်းမရယူခင် မနက်အစောပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းနှင့်ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ NLD ပါတီ ဗဟိုကော်မတီများ နှင့် နိုင်ငံရေးသမား အချို့ကို ဖမ်းဆီးခဲ့ပြီး အချို့မှာ နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
#Zawgyi
By Benezer – ျမန္မာ့တပ္မေတာ္က နိုင္ငံေတာ္အာဏာကို ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က သိမ္းယူၿပီးေနာက္ ဖမ္းဆီးထိန္းသိမ္းခံေနရေသာ ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဴပ္အပါအဝင္ ဝန္ႀကီးမ်ားအားလုံးႏွင့္ လႊတ္ေတာ္ဥကၠဌတို႔သည္ ေဖေဖာ္ဝါရီလ ၄ ရက္ေန႔တြင္ အေဆာင္အေယာင္မ်ားအားလုံးထားခဲ့ၿပီး ဝန္ႀကီးအိမ္ယာမွထြက္ခြါရမည္ဟု အမိန႔္ထုတ္ထားေၾကာင္းသိရသည္။
ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဴပ္ ဆလိုင္းလ်န္လြယ္၊ လႊတ္ေတာ္ဥကၠဌ ဦးဇိုေဘြ႕တို႔အပါအဝင္ ခ်င္းျပည္နယ္ ဝန္ႀကီးမ်ားအားလုံး ကို ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က တပ္မေတာ္က ရိပ္သာတြင္ ေခတၱဖမ္းဆီးထိန္းသိမ္းခဲ့သည္ဟု ခ်င္းျပည္နယ္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးေရႊထီးအိုကေျပာသည္။
“က်ေနာ္သိသေလာက္က ဦးဝီေကာရယ္ ဦးမာန္ဟင္ဒါလ္ရယ္ ဦးေပါင္လြန္မင္းထန္ က်ေနာ္ရယ္ ရိပ္သာကို ေခၚသြား ၿပီးေတာ့ဘာမွ စစ္ေမးတာေတြမရွိဘူး ထမင္းလည္းေကာင္းေကာင္းေကၽြးတယ္ ဘာမွလည္းမလုပ္ဘူး၊ ခုေတာ့အိမ္ျပန္ ေရာက္ၾကၿပီ၊ က်န္တဲ့သူေတြေတာ့ ဖုန္းလည္းဆက္မရဘူးဆိုေတာ့ ဘာမွမသိဘူး၊ ၄ ရက္ေန႔မွာ အေဆာင္ေယာင္ေတြ အကုန္ ျပန္အပ္ရမယ္ေျပာတယ္၊ တစ္ျခားေတာ့ဘာမွမရွိဘူး၊ ေကာင္းေကာင္းဆက္ဆံတယ္” ခ်င္းျပည္နယ္ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးေရႊထီးအိုကေျပာသည္။
ယခုလက္ရွိတြင္ ၎တို႔ကို ဝန္ႀကီးအိမ္ယာေနအိမ္အတြင္း အက်ယ္ခ်ဴပ္သေဘာျဖင့္ထားရွိကာ အဝင္အထြက္ဂိတ္ကို စစ္သားေတြက ေစာင့္ၾကပ္ထားသည္ဟုသိရသည္။
ခ်င္းျပည္နယ္ ဝန္ႀကီးခ်ဴပ္၊ လႊတ္ေတာ္ဥကၠဌ၊ ဒု-ဥကၠဌ၊ ဝန္ႀကီး ဦးစိုးထက္ႏွင့္ ဦးေဖြအားတို႔ကို ဟားခါးၿမိဳ႕ ႐ုန္းေတာင္ တပ္စခန္းတြင္ ဖမ္းဆီးထိန္းသိမ္းကာ ယေန႔နံနက္ပိုင္း ၁၁ နာရီဝန္းက်င္ခန႔္က ဝန္ႀကီးခ်ဴပ္ ဆလိုင္းလ်န္လြယ္တ စ္ဦးသာ ဝန္ႀကီးအိမ္ယာေနအိမ္သို႔ျပန္လည္ေရာက္ရွိၿပီး က်န္ ၄ ဦးမွာ ျပန္လည္လႊတ္ေပးျခင္းမရွိ ေသးေၾကာင္းသိရသည္။
ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ မနက္ပိုင္းက ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္သမၼတ႐ုံးမွ အမိန႔္ ေၾကညာစာအမွတ္ ၁/၂၀၂၁ျဖင့္ နိုင္ငံေတာ္အား အေရးေပၚအေျခအေနေၾကညာခဲ့ၿပီး နိုင္ငံေတာ္၏ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရး တရားစီရင္ ေရးလုပ္ငန္းမ်ားကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ထံ အာဏာလႊဲေျပာင္းလိုက္ေၾကာင္းေၾကညာခဲ့သည္။
တပ္မေတာ္က အာဏာလႊဲေျပာင္းမရယူခင္ မနက္အေစာပိုင္းတြင္ ေဒၚေအာင္ဆန္းစုၾကည္၊ နိုင္ငံေတာ္သမၼတႏွင့္ ျပည္ေထာင္စုအစိုးရအဖြဲ႕ဝင္မ်ား၊ တိုင္းႏွင့္ျပည္နယ္ အစိုးရအဖြဲ႕ဝင္မ်ား၊ NLD ပါတီ ဗဟိုေကာ္မတီမ်ား ႏွင့္ နိုင္ငံေရးသမား အခ်ိဳ႕ကို ဖမ္းဆီးခဲ့ၿပီး အခ်ိဳ႕မွာ ေနအိမ္သို႔ ျပန္လည္ေရာက္ရွိေနၿပီျဖစ္ေၾကာင္းသိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းလဲန်းကောင်စီဖွဲ့စည်းနိုင်ရေး  အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေဟုဆို

ချင်းကာကွယ်ရေးတပ်ဖွဲ့ဝင်များ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာမရနိုင်၍ သေဆုံးမှုများရှိလာ

ချင်းပြည်သူများ ဘယ်နိုင်ငံပဲရောက်ရောက် တော်လှန်ရေးနှင့် ချင်းစိတ်ဓါတ်ကို မမေ့ကြရန် ဒေါက်တာ ဆာဆာ ပြော

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

September 21, 2023

ချင်းပြည်နယ်က စိုးရိမ်ဖွယ်ရာ တကျော့ပြန် ငှက်ဖျားရောဂါ

September 13, 2023

တူမီးကို “ထီ” အဖြစ်ပြောင်းလဲပြီး နွေဦးတော်လှန်ရေးကို အားဖြည့်ပါဝင်ခဲ့သူ (သို့) ချင်းတော်လှန်ရေးလူငယ်…

September 9, 2023

ကျန်းမာရေး အကာအကွယ် မဲ့နေဆဲ တောင်ဇလပ်မြေ

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.