Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီကို စင်ကာပူ ဘဏ္ဍာရေးစနစ်သို့ ဝင်ရောက်အသုံးပြုခွင့် ပိတ်ဆို့ အရေးယူရန် အရပ်ဖက်အဖွဲ့အစည်း ၂၀၀ က တောင်းဆို

စစ်ကောင်စီကို စင်ကာပူ ဘဏ္ဍာရေးစနစ်သို့ ဝင်ရောက်အသုံးပြုခွင့် ပိတ်ဆို့ အရေးယူရန် အရပ်ဖက်အဖွဲ့အစည်း ၂၀၀ က တောင်းဆို

0
By Editor on August 24, 2023 Khonumthung

(006SV)

စင်ကာပူအနေနှင့် စစ်ဘက်-အရပ်ဘက်သုံး ကုန်ပစ္စည်းများ၊ နည်းပညာများနှင့် ရန်ပုံငွေများကို စစ်ကောင်စီက ရယူအသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ရေးအတွက် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးထံ အိတ်ဖွင့်ပေးစာကို ပြည်တွင်း၊ ပြည်ပ အရပ်ဖက်အဖွဲ့အစည်း ၂၀၀ က ပေးပို့ရာတွင် ချင်းအရပ်ဖက်အဖွဲ့အစည်း (၇) ဖွဲ့လည်း ပူးပေါင်းပါ၀င်တောင်းဆိုခဲ့သည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကို တောင်းဆိုသော အချက် (၃) ချက်တွင် စင်ကာပူမှ စစ်ကောင်စီထံ လက်နက်များ၊ စစ်ဘက်- အရပ်ဘက်နှစ်မျိုးသုံး ကုန်ပစ္စည်းများနှင့် နည်းပညာများကို လွှဲပြောင်း ရောင်းချရာတွင် ပါဝင်ပတ်သက်၊ လုပ်ကိုင်နေသော စင်ကာပူအခြေစိုက် ကုမ္ပဏီများကို လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်ရန်ဖြစ်သည်။

ထို့အပြင် ယင်းသို့ လုပ်ဆောင်မှုများကို တားဆီးပိတ်ဆို့ အရေးယူမှုများ စတင်လုပ်ဆောင်ရန်နှင့် စစ်အုပ်စုကို စင်ကာပူဘဏ္ဍာရေးစနစ်သို့ ဝင်ရောက်အသုံးပြုခွင့်ကို စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပိတ်ပင်ရန်ဖြစ်သည်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဗီဗီယန်ဘာလာခရစ်ရှနန်ထံ အချက် (၃) ချက်ပါသော အိတ်ဖွင့်ပေးစာကို သွေးစွန်ငွေ၏ စုစည်းလှုပ်ရှားမှုအဖြစ် ပြည်တွင်း ပြည်ပ အရပ်ဖက်အဖွဲ့အစည်း ၂၀၀ ကျော်နှင့်အတူ ချင်းအရပ်ဖက်အဖွဲ့အစည်းတွေ ဖြစ်သော Chin Community of Auckland၊ Chin Community in Norway၊ Norway Falam Community၊ Norway Matu Community၊ Zomi Christian Fellowship of Norway၊ Zomi Community Norway၊ Auckland Zomi Community တို့ကလည်း ပူးပေါင်းပါ၀◌င်ခဲ့ကြခြင်းဖြစ်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

မီဇိုရမ်ပြည်နယ်က ၁၅ နှစ်အရွယ်ကျောင်းသူကို သတ်ဖြတ်သူ ၂ ဦးကို ရဲတပ်ဖွဲ့ကဖော်ထုတ်ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

August 24, 2026

မတူပီမှာ CPU/ CPA က ဂိတ်ဆောက်လုပ်ခြင်းကို ဒေသခံရွာသားများ ကန့်ကွက်

August 24, 2026

ဆလိုင်းရိုးချင်း ကျဆုံးမှုသည် ချင်းအမျိုးသားတော်လှန်ရေးအတွက် အစားထိုးမရသော ဆုံးရှုံးမှုဟု CNF ပြော

August 22, 2026

လောင်တလိုင်မြို့တွင် ချင်းအမျိုးသားတစ်ဦးနဲ့ စစ်အသုံးအဆောင်ပစ္စည်းများ မီဇိုရမ်ရဲတပ်ဖွဲ့ ဖမ်းဆီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.