(006SV)
စင်ကာပူအနေနှင့် စစ်ဘက်-အရပ်ဘက်သုံး ကုန်ပစ္စည်းများ၊ နည်းပညာများနှင့် ရန်ပုံငွေများကို စစ်ကောင်စီက ရယူအသုံးပြုခြင်းကို တားမြစ်ပိတ်ပင်ရေးအတွက် စင်ကာပူနိုင်ငံခြားရေးဝန်ကြီးထံ အိတ်ဖွင့်ပေးစာကို ပြည်တွင်း၊ ပြည်ပ အရပ်ဖက်အဖွဲ့အစည်း ၂၀၀ က ပေးပို့ရာတွင် ချင်းအရပ်ဖက်အဖွဲ့အစည်း (၇) ဖွဲ့လည်း ပူးပေါင်းပါ၀င်တောင်းဆိုခဲ့သည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကို တောင်းဆိုသော အချက် (၃) ချက်တွင် စင်ကာပူမှ စစ်ကောင်စီထံ လက်နက်များ၊ စစ်ဘက်- အရပ်ဘက်နှစ်မျိုးသုံး ကုန်ပစ္စည်းများနှင့် နည်းပညာများကို လွှဲပြောင်း ရောင်းချရာတွင် ပါဝင်ပတ်သက်၊ လုပ်ကိုင်နေသော စင်ကာပူအခြေစိုက် ကုမ္ပဏီများကို လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်ရန်ဖြစ်သည်။
ထို့အပြင် ယင်းသို့ လုပ်ဆောင်မှုများကို တားဆီးပိတ်ဆို့ အရေးယူမှုများ စတင်လုပ်ဆောင်ရန်နှင့် စစ်အုပ်စုကို စင်ကာပူဘဏ္ဍာရေးစနစ်သို့ ဝင်ရောက်အသုံးပြုခွင့်ကို စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပိတ်ပင်ရန်ဖြစ်သည်။
စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာဗီဗီယန်ဘာလာခရစ်ရှနန်ထံ အချက် (၃) ချက်ပါသော အိတ်ဖွင့်ပေးစာကို သွေးစွန်ငွေ၏ စုစည်းလှုပ်ရှားမှုအဖြစ် ပြည်တွင်း ပြည်ပ အရပ်ဖက်အဖွဲ့အစည်း ၂၀၀ ကျော်နှင့်အတူ ချင်းအရပ်ဖက်အဖွဲ့အစည်းတွေ ဖြစ်သော Chin Community of Auckland၊ Chin Community in Norway၊ Norway Falam Community၊ Norway Matu Community၊ Zomi Christian Fellowship of Norway၊ Zomi Community Norway၊ Auckland Zomi Community တို့ကလည်း ပူးပေါင်းပါ၀◌င်ခဲ့ကြခြင်းဖြစ်သည်။