• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီက ဝေဘူလမြို့ကို ဗုံးကြဲတိုက်ခိုက်၊ အရပ်သားပြည်သူ ၉ ဦးသေဆုံးဟုဆို

စစ်ကောင်စီက ဝေဘူလမြို့ကို ဗုံးကြဲတိုက်ခိုက်၊ အရပ်သားပြည်သူ ၉ ဦးသေဆုံးဟုဆို

0
By Editor on April 12, 2023 Headline

ချင်းပြည်နယ် ဖလမ်းမြို့နယ် ဝေဘူလမြို့ကို စစ်ကောင်စီက ဧပြီလ ၁၀ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်ခန့်မှာ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားပြည်သူ ၉ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဧပြီလ ၁၀ ရက် မနက်ပိုင်းတွင် ဖလမ်းမြို့အနီး ဗာရ်ကျေးရွာက စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က တိုက်လေဖြင့် ဝေဟင်က နေဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ဝေဘူလမြို့ကိုလည်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများထံမှသိရသည်။

စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ဝေဘူလမြို့ စာသင်ကျောင်းနှင့် ဘောလုံးကွင်းအနီးတွင် ဗုံး ၂ လုံးကြဲချခဲ့ပြီး အရပ်သားပြည်သူ အနည်းဆုံး ၉ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“၉ ယောက်သေဆုံးတယ်လို့သိရတယ် ထိခိုက်ဒဏက်ရာရတဲ့သူ တော်တော်များတယ်၊ အမျိုးသူမီးတစ်ယောက်ဆို ကုသနေချိန်မှာ သေသွားတယ်၊ သေသွားတဲ့သူ လူဦးရေက အတိအကျပြောရဖို့ နည်းနည်းခက်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဝေဘူလဘက်က လိုင်းမကောင်းတဲ့အခါကြတော့ အတိအကျမသိနိုင်သေးဘူး” ဟု ဖလမ်းမြို့က ဒေသခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဝေဘူလမြို့ပေါ်က လူနေအိမ် ၅ လုံးလည်း မီးလောင်းပျက်စီးခဲ့သည်ဟု သိရသည်။

ဝေဘူလမြို့သည် ဗာရ်ကျေးရွာမှာ ၁၅ မိုင်ခန့်ကွာဝေးပြီး ကလေး-နတ်ချောင်း-ဖလမ်း လမ်းမပေါ်တွင်တည်ရှိသော မြို့တစ်မြို့ဖြစ်သည်။

စစ်ကောင်စီ၏ တိုက်လေယာဉ်သည် ဧပြီလ ၁၀ ရက်နေ့မနက်မှာ ဖလမ်းမြို့နယ် ဗာရ်းကျေးရွာနှင့် ကြောင်ဟဲကျေးရွာတို့တွင်လည်း ၆ ကြိမ်ထက်မနည်း ဗုံကြဲခဲ့ကြောင်း သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ချင်းပြည်တောင်ပိုင်း မတူပီမြို့နယ်တွင် စကစ နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့ ထိတွေ့မှုရှိ၊ မင်းတပ်-မတူပီလမ်းကို အသုံးမပြုရန် ထုတ်ပြန်

ချင်းပြည်နယ်သို့ ပြင်ပမှ ခရီးသည်များဝင်ရောက်ခွင့် CNF တားမြစ်

မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးဒဏ်သင့် ချင်းပြည်သူများ ကူညီထောက်ပံမှုများလိုအပ်နေ

Leave A Reply Cancel Reply

  • Featured Article
June 6, 2023

“စစ်ရေးအခြေနေကတော့ ပိုပြီးတော့ ဖြည့်ပြီးတော့ လုပ်လာမယ့်အနေအထားမှာရှိပါတယ်”

May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.