စစ်ကောင်စီတပ်က ရုံးခန်းတစ်ခုကို စီးနင်းနေစဉ် ငါးလွှာမှပြုတ်ကျသေဆုံးသည့် ချင်းအမျိူးသမီးရုပ်အလောင်း ကလေးမြို့သို့ ပြန်သယ်

0
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ၉၁ လမ်းရှိ We Love Yangon အသင်းရုံးခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီး နင်းနေစဉ်တွင် ငါးလွှာထပ်မှပြုတ်ကျသေဆုံးခဲ့သည့် အသက် (၃၅) နှစ်အရွယ် ချင်းအမျိူးသမီး မာဇွာလ်အီး၏ ရုပ်အေ လာင်းကို မင်္ဂလာဒုံ ကုတင်တ စ်ထောင်ဆံ့ စစ်ဆေးရုံမှထုတ်ယူပြီး ယနေ့မွန်းလွဲပိုင်း ၂ နာရီခန့်က မွေးရပ်မြေ ကလေးမြို့သို့ ပြန်လည်သယ်ဆောင်သွားပြီဟုသိရသည်။
မတ်လ ၂၁ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီ၏လုံခြုံရေးတပ် ရဲနှင့် စစ်သားများက We Love Yangon အသင်းရုံးခန်းကို သေနတ်ပစ်ဖောက်ကာ တခါးများဖျက်ဆီး၍ ဝင်ရောက်စီးနင်းစဉ်တွင် ရုံးအပေါ်ထပ် ၅ လွှာတွင်နေထိုင်သူ အဆိုပါ ချင်းအမျိူးသမီးသည် ကြောက်လန့်ကာ အခန်းမှ အနောက်ဘက်သို့ထွက်ပြေးစဉ် ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
မာဇွာလ်အီးသည် ကလေးမြို့ စန်းမြို့ (စတောမ်) ရပ်ကွက်တွင်နေထိုင်သူဖြစ်သည်။
Photo – Salai Ceu Bik Thawng
Share.

About Author

Leave A Reply