• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး မိသားစုဝင် ၃ ဦးဒဏ်ရာရ

စစ်ကောင်စီတပ်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး မိသားစုဝင် ၃ ဦးဒဏ်ရာရ

0
By Editor on June 23, 2023 Headline

(04SS)

ကလေးမြို့တောင်ပိုင်း အရှေ့စံသာကျေးရွာတွင် ယမန်နေ့ညက တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးကာ မိသားစုဝင် ၃ ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း သိရသည်။

ဇွန်လ ၂၁ ရက် ည ၁၀ နာရီ မိနစ် ၂၀ အချိန်တွင် စစ်ကောင်စီတပ်ဖွဲ့မှ ပစ်ခတ်လိုက်သောလက်နက်ကြီးကျည်သည် အရှေ့စံသာကျေးရွာရှိ နေအိမ်တစ်လုံးပေါ်ကျရောက်ပေါက်ကွဲကာ အိမ်ထဲမှာ အိပျော်နေကြသော မိသားစုဝင်များ ထိမှန်ပြီး အငယ်ဆုံးသားဖြစ်သူ အသက် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦး ပွဲချင်းသေဆုံးကာ ကျန်မိသားစုဝင်များမှာ အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။

“လက်နက်ကြီး ရမ်းသမ်းပစ်တော့ မိသားစုဝင်တွေ အိပ်ပျော်နေတဲ့ချိန် လက်နက်ကြီးကျတော့ အမေဖြစ်သူဆိုညာ ခြေထောက်ကို ဒူးဆစ်ကနေ ဖြတ်ရတယ်၊ သားတယောက်ဆိုရင် ဦးခေါင်းမှာ ဒါဏ်ရာရထားတယ် စိုးရိမ်ရတဲ့ အနေအထားမှာရှိတယ်၊ ပြီးရင် ၁၂ နှစ်အရွယ်ကလေးကလဲ ထိခိုက်ထားတယ် ဘယ်နေရာထိခိုက်လဲတော့မသိဘူး မစိုးရိမ်ရဘူးလို့ပြောတယ်။ ပြီးတော့ အငယ်ဆုံးသားလေးကျတော့ ခေါင်းတောင်ပါမလာတော့ဘူး တခါတည်း သေသွားတယ်” ဟု ၎င်းကပြောသည်။

ဇွန်လ ၂၁ ရက်နေ့ မနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးမြို့ေတာင်ပိုင်း သာစည်ရွာသား အသက် ၂၃ နှစ်အရွယ် လူငယ်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်မှုကြောင့် သေဆုံးခဲ့ပြီးဖြစ်သည်။

ကလေးမြို့ပေါ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်ဖွဲ့များသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ညတိုင်းလိုလို လက်နက်ကြီး လက်နက်ငယ်များ ရမ်းသမ်းပစ်ခတ်လေ့ရှိပြီး အရပ်သားပြည်သူထိခိုက်မှုလည်း ပိုများလာခဲ့သည်ဟု ဒေသခံများကပြော သည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် ကလေးမြို့နယ်တွင် ဇွန်လအတွင်း အရပ်သား ၅ ဦးသေဆုံးပြီဖြစ်ကာ ထိခိုက်ဒါဏ်ရာရရှိသူ အယောက် ၂၀ ကျော်ရှိနေပြီဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“စစ်ကောင်စီတွေဆိုတာက ကျွန်တော်တို့ထက် အများကြီး စီနီယာကျတယ်ကွာ၊ လက်နက်ကြီးပစ်မယ်ဆိုရင်တောင်မှ ဒီဂရီတွေဘာတွေ အေးဆေးချိန်နိုင်တယ်ကွာ၊ ပြီးရင် လက်နက်ကိုင်အဖွဲ့အစည်းတွေဘယ်မှာ ရှိလဲဆိုတာ သူတို့ သိကောင်းသိနိုင်တယ်၊ မသိရင်လဲမသိဘူးပေါ့နော် ဒါပေမဲ့ ပစ်မယ်ဆိုလဲ ဘာလို့ဒီ ပြည်သူတွေရှိတဲ့ရွာထဲကိုပဲ ပစ်ပြီးတော့ ပြည်သူတွေ ဒီလောက်ထိ သေဆုံးအထိခိုက်များနေတာလဲပေါ့ ဒီလထဲမှာ ဆိုရင် စုစုပေါင်း ပြည်သူသေဆုံးက ၅ ဦးရှိပြီ၊ အထိအခိုက်က ၂၀ ကျော် ၃၀ နီးပါးကပ်လာပြီ“ ဟု ကလေးမြို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ဦး က ပြောသည်။

ယမန်နေ့ နံနက်ပိုင်း ၉ နာရီခွဲခန့်ကလည်း စစ်ကောင်စီတပ်ဖွဲ့က ကလေးမြို့ တောင်ဖီလာရပ်ကွက်ရှိ အမှတ် ၁၄ ကျောင်းအနီးတစ်ဝိုက်တွင် ဗုံးရှိသည်ဟုဆိုကာ ကင်းလှည့်ရင်း လက်နက်ကြီး လက်နက်ငယ်များ အကြီမ်ပေါင်း ၃၀ ထက်မနည်း ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ကလေးမြို့ပေါ်ရှိ လမ်းကြားများတွင် ကင်းပုန်းများချထားကာ လမ်းသွားလမ်းလာပြည်သူများအား တင်းတင်းကြပ်ကြပ်စစ်ဆေးမှုများ ပိုမိုပြုလုပ်လာနေသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့ အကျဥ်းထောင်ထဲက နိုင်ငံရေး အကျဥ်းသားများ ဆေးကုသခွင့်မရသည့်အပြင် လူ့အခွင့်ရေး ချိုးဖောက်မှုခံနေကြရ

မင်းတပ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦး ထိခိုက်

ပြည်သူအားလုံး တော်လှန်ရေးမှာ မိမိတတ်နိုင်သည့်ဖက်မှ ပူပေါင်းပါ၀င်ရန် CDF-Hakha Central Council ဖိတ်ခေါ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.