• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကလေးမြို့နယ်၊ မှန်တောကျေးရွာ လူနေအိမ်များမှ အဖိုးတန်ပစ္စည်းများကို ခိုးယူသွား
Photo - The Chin Journal

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကလေးမြို့နယ်၊ မှန်တောကျေးရွာ လူနေအိမ်များမှ အဖိုးတန်ပစ္စည်းများကို ခိုးယူသွား

0
By Editor on November 6, 2021 Khonumthung

ကလေးမြို့နယ်တောင်ပိုင်း၊ ကလေး-ဂန့်ဂေါ ကားလမ်းမပေါ်ရှိ မှန်တောကျေးရွာအတွင်းမှ လူနေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများကို ခိုးယူသယ် ဆောင်သွားသည်ဟု PDF-Kalay သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုဝင်ဘာလ ၄ ရက်နေ့က ကလေးမြို့ဘက်မှ တောင်ပိုင်းကို ထွက်ခွာလာသော စစ်ကောင်စီကား ၃၀ ကျော်ပါဝင်သော စစ်ယာဉ်တန်းမှာ ညနေ ၆ နာရီဝန်းကျင်တွင် မှန်တောကျေးရွာအတွင်း ဝင်ရောက်ပစ်ခတ်သည့်အပြင် ရွာအတွင်းရှိ လူနေအိမ် ၁၁ အိမ်အတွင်းမှ ရွှေ၊ ငွေ၊ ဆိုင်ကယ်၊ အိမ်သုံးဆောင် အဖိုးတန်ပစ္စည်းများကို ယူဆောင်ပြီး ခန့်မှန်းချေတန်ဖိုးမှာ သိန်း ၂၀၀ ခန့်ရှိသည်ဟု ဖော်ပြထားသည်။

၎င်းအပြင် မှန်တောကျေးရွာမှ နာတာရှည်ရောဂါဝေဒနာခံစားနေရသော ဦးနိုင်နိုင်နေအိမ်မှ အောက်ဆီဂျင်စက် အကြီးတစ်လုံး ယူဆောင်သွားသည့်အပြင် တောင်သူဦးဒုတ်ထောင်းထံမှ နွားရောင်းချငွေ ၂၁ သိန်းကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခြိမ်းခြောက်လုယူသွားကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၈ နာရီခွဲက ကလေးမြို့ဘက်မှ တောင်ပိုင်းကို ဦးတည်လာသော စစ်ယာဉ်တန်း ၃ စီးကို သာယာကုန်းရွာနှင့် ထောက်ကြံရွာကြားတွင် ကလေး-PDF တပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကားကြီး ၁ စီး ထိမှန်ကာ စစ်ကောင်စီတပ်ဖွဲ့ ၂ ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူအများအပြားရှိသည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

January 13, 2023

“ဗုံးကြဲလေယာဉ်လာတဲ့အတွက် ပိုပြီးတော့ကြောက်ဖို့လည်းမလိုပါဘူး၊ စစ်ရေးမှာ ဘယ်လိုတုန့်ပြန်မလဲဆိုတာက နည်းနာတွေအများကြီးရှိပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.