ချင်းပြည်နယ် ပလက်ဝမြို့နယ် သံထောင်အခြေစိုက် တပ်မ (၅၅) လက်အောက်ခံ ခလရ (၃) တပ်ရင်းမှ တပ်ကြပ်တစ်ဦးသည် သြဂုတ်လ ၂၉ ရက်နေ့က CDF-Daai တပ်ဖွဲ့ထံသို့ အလင်းဝင်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့သည်ဟု CDF-Daai က ထုတ်ပြန်သည်။
အဆိုပါတပ်ကြပ်အနေဖြင့် စစ်ခေါင်းဆောင်များမှ မိသားစုနှင့် အဆက်အသွယ်ဖြတ်ထားကာ အသေခံတပ်သားအဖြစ် အသုံးပြုနေမှုကို မလိုလားသည့်အတွက် တပ်ဆုတ်ခွါသည့်လမ်းကြောင်းမှ ထွက်ပြေးလာခဲ့ခြင်းဖြစ်သည်ဟု CDF-Daai က ဆိုသည်။
စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိဘဲ ပြည်သူ့ရင်ခွင်သို့ ခိုလုံလိုသူ ပြည်သူ့တပ်မတော်သားများကို နွေးထွေးစွာ ကြိုဆိုလက်ခံသွားမည်ဟု CDF-Daai က ထုတ်ပြန်ထားသည်။