ချင်းပြည်နယ် ထန်တလန်မြို့တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့မှုကြောင့် ပြီးခဲ့သည့်စက်တင်ဘာ လမှ ဒီဇင်ဘာလဆန်းအထိ ဘုရားကျောင်းများအပါအဝင် လူနေအိမ်ခြေ ၅၀၀ ကျော်လောင်ကျွမ်းခဲ့ရပြီး ယင်းသည် မြို့ပေါ်အိမ်ခြေ၏ လေးပုံတစ်ပုံကျော်ပျက်စီးသွားခြင်းဖြစ်သည်။
အိမ်ခြေ နှစ်ထောင်ခန့်ရှိပြီး လူဦးရေတစ်သောင်းဝန်းကျင်ခန့်ရှိသည့် ထန်တလန်မြို့တွင် စက်တင်ဘာလကစ၍ အာဏာ သိမ်း စစ်ကောင်စီနှင့် ချင်းပြည်သူ့ကာကွယ်ရေးတပ် (CDF-Thantlang) တပ်တို့အကြား တိုက်ပွဲဖြစ်ပွားလာသည့် နောက်ပိုင်း စစ်ကောင်စီတပ်က မြို့ပေါ်တွင်လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ်များစတင်လောင်ကျွမ်း လာခဲ့ခြင်း ဖြစ်သည်။
ထန်တလန်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ ရက်နေ့ကစ၍ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ၄ လအတွင်း စစ်ကောင်စီ တပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုနှင့်တမင်တကာမီးရှို့မှုကြောင့် မီးလောင်ကျွမ်းမှု ၁၁ ကြိမ်ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၅၀၀ ကျော်ပျက်စီးခဲ့ရသည်ဟု CDF-Thantlang မှပြောရေးဆိုခွင့်ရှိသူကပြောသည်။
“စက်တင်ဘာလကနေ နောက်ဆုံးလောင်တဲ့အထိနဲ့ဆိုရင် ၅၃o အိမ်ဝန်းကျင်ဆိုတော့ လေးပုံတစ်ပုံကျော်ကျော်လိုု့ပြော လို့ရမယ်။ မီးလောင်တာက ၁၁ ကြိိမ်မြောက်ရှိပြီ” ဟု CDF- ထန်တလန်မှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးပစ်ခတ်မှုနှင့် ရမီးကြောင့် ထန်တလန်မြို့ပေါ်က ဇုန်မွန်၊ လုံတီာလ်း၊ စျေး၊ စိုက်ပျိုးေ ရးနှင့် ဘုရာကျောင်းရပ်ကွက်တို့တွင်အများဆုံးမီးလောင်ခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့က အိမ် ၁၉ လုံး၊ အောက်တို ဘာလ ၂၉ တွင် ၁၆၄ လုံး၊ နိုဝင်ဘာလ ၆ ရက်မှ ၂၉ ရက်အတွင်း အိမ် ၂၇၈ လုံး၊ ဒီဇင်ဘာလ ၄ ရက်နှင့် ၅ ရက်တွင် အိမ်ခြေ ၅၇ လုံး စုစုပေါင်း အိမ်ခြေ ၅၁၈ လုံး လောင်ကျွမ်းပြာကျခဲ့ရသည်ဟု Thantlang Placement Affairs Committee – IDPs Help အဖွဲ့၏ စာရင်းမှတ်တမ်းအရသိရသည်။
အဆိုပါမီးလောင်ကျွမ်း မှုထဲတွင် ထန်တလန်မြို့ပေါ်ရှိ Church on the Rock၊ Presbyterian Church၊ Thantlang Centenary Baptist Church၊ United Pentecostal Church၊ St.Nicholas’ Catholic Church စသည့် ဘုရားကျောင်း ၅ ကျောင်းသည်လည်း မီးလောင်းပျက်စီးခဲ့ရသည်။
ထန်တလန်မြို့အစောပိုင်းမီးလောင်မှုများသည် စစ်ကောင်စီတပ်ဖွဲ့များမှ ရမ်းသမ်းပစ်ခတ်သော လက်နက်ကြီးများကြောင့် လောင်ကျွမ်းခြင်းဖြစ်သည်ဟု ဆိုနိုင်သော်လည်း နောက်ပိုင်းမီးလောင်မှုများမှာ စစ်ကောင်စီက တမင်တကာမီရခဲ့ခြင်းဖြစ် ပြီး သက်သေအထောက်အထားများလည်းရှိသည်ဟု CDF-Thantlang ပြောရေးဆိုခွင့်ရှိသူကပြောသည်။
“အဓိကတော့ သူတို့တမင်သက်သက်မီးရှို့တာပဲ သူတို့ဝင်တဲ့ချိန်မှာ ဝင်ပြီးထွက်လာတဲ့ချိန်မှာ မီးခိုးကတခါတည်းထွက်လာ တာပေါ့နော အဲဒါကျနော် ဒုန်းသက်သေလည်းရှိတယ်၊ ဗီဒီယိုနဲ့ရိုက်ထားတဲ့သက်သေအထောက်အထားတွေလည်းရှိတယ်၊ နောက်ဆုံးလောင်ထားတဲ့ဟာတွေကတော့ လက်နက်ခဲယမ်းတွေကြောင့်မဟုတ်ဘူး တမင်သက်သက်မီးရှို့တာသူတို့က’’ ဟု CDF-Thantlang ပြောရေးဆိုခွင့်ရှိသူကပြောသည်။
ထန်တလန်မြို့ပေါ်ရှိပြည်သူများမှာ စက်တင်ဘာလ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားပြီးနောက် မြို့ပေါ်တွင်မနေရဲတော့ပဲ အိန္ဒိယ-မြန်မာနယ်စပ်ကျေးရွာများနှင့် တဖက်မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်သည်။ ယခုလက်ရှိ ထန်တလန်မြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့သာရှိနေပြီး CDF-Thantlang တပ်ဖွဲ့နှင့် ပစ်ခတ်မှုမကြာမကြာဖြစ်ပွားလေ့ရှိ သည်။