Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး CDF-Hakha ထံ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး CDF-Hakha ထံ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

0
By Editor on March 11, 2024 Khonumthung

(004SS)

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ၎င်းတို့ထံ အလင်းဝင်ရောက်လာကြောင်း CDF-Hakha က ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူနှင့်အတူ ‌စစ်‌အာဏာရှင်တော်လှန်ရေးတွင် ပါဝင်မည်ဟုဆိုကာ ယမန်နေ့ မတ်လ ၁၀ ရက်နေ့တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟု CDF-Hakha က ထုတ်ပြန်သည်။

၎င်းနှင့်အတူ သေနတ် တစ်လက်၊ ကျည်ဘောတ်စ် ၄ ခု နှင့် ကျည်ဆံအများအပြားဖြင့် ဝင်ရောက်လာကြောင်း CDF- Hakha က ထုတ်ပြန်သည်။

ထို့နောက် အဆိုပါရဲတပ်သားအား ဆုငွေလက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးကြောင်း သိရသည်။

“အဲလိုအလင်းဝင်တဲ့ စစ်သားနဲ့ရဲတွေက ကျွန်တော်တို့နဲ့အတူ ပြန်လည် တိုက်ပွဲဝင်ချင်တဲ့သူတွေလည်းရှိတယ်။ ဒါပေမဲ့ သူတို့လည်းပင်ပန်းနေပြီးပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ ပြန်လည် တိုက်ပွဲမဝင်ခိုင်းတော့ဘဲ လွတ်မြောက်နယ်မြေရောက်တဲ့အထိ တာဝန်ယူပေးတယ်” ဟု CDF- Hakha တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း ၃ နှစ်တာကာလအတွင်း CDF-Hakha တပ်ဖွဲ့ထံ အလင်း၀င်လာကြသူ စစ်ကောင်စီလက်အောက်ခံ ရဲ နှင့် စစ်သား အယောက် ၄၀ ခန့်ရှိပြီဖြစ်ကြောင်း CDF-Hakha တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်မတ်လ ၂ ရက်နေ့ကလည်း ချင်းပြည်နယ် ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦးသည် CDF-Hakha ထံလက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့ဖြစ်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့ မှ ရဲတပ်သား တစ်ဦးသည်လည်း G3 လက်နက် အမျိုးစား ၁ လက် ၊ ကျည် ဘောက် ၅ ဘောက် ၊ ကျည်ဆံ အတောင့် ၃၃၀ လက်ပစ်ဗုံး တစ်လုံးနှင့်အတူ မတ်လ ၉ ရက်နေ့က CDF – KKG အဖွဲ့ထံသို့ အလင်းဝင်ခဲ့ရာ ကျပ်သိန်း ၅၀ ဆု ချီးမြင့် ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ကြောင်း CDF-KKG ကထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်ကော်မရှင်၏ အတုအယောင်ကျင်းပရမည့် ချင်းအမျိုးသားနေ့သို့ ပြည်သူများ ပါဝင်ခြင်းမပြုရန် CDF-Hakha အသိပေး

BNRA တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်နဂါး အာဏာသိမ်းစစ်ကော်မရှင်ထံ လက်နက်ချပူးပေါင်း

ချင်းဒုက္ခသည်အများစုနေထိုင်သည့် နယူးဒေလီမြို့ရပ်ကွက်တစ်ခုမှာ နေ့ခင်းကြောင်တောင် ကလေးခိုးမှုဖြစ်ပွား

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.