Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး CDF-Hakha ထံ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး CDF-Hakha ထံ လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်

0
By Editor on March 11, 2024 Khonumthung

(004SS)

ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်မှ စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းနှင့်အတူ ၎င်းတို့ထံ အလင်းဝင်ရောက်လာကြောင်း CDF-Hakha က ထုတ်ပြန်သည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ ပြည်သူနှင့်အတူ ‌စစ်‌အာဏာရှင်တော်လှန်ရေးတွင် ပါဝင်မည်ဟုဆိုကာ ယမန်နေ့ မတ်လ ၁၀ ရက်နေ့တွင် အလင်းဝင်လာခြင်းဖြစ်သည်ဟု CDF-Hakha က ထုတ်ပြန်သည်။

၎င်းနှင့်အတူ သေနတ် တစ်လက်၊ ကျည်ဘောတ်စ် ၄ ခု နှင့် ကျည်ဆံအများအပြားဖြင့် ဝင်ရောက်လာကြောင်း CDF- Hakha က ထုတ်ပြန်သည်။

ထို့နောက် အဆိုပါရဲတပ်သားအား ဆုငွေလက်ဆောင် ငွေသား ကျပ်သိန်း ၅၀ ချီးမြှင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးကြောင်း သိရသည်။

“အဲလိုအလင်းဝင်တဲ့ စစ်သားနဲ့ရဲတွေက ကျွန်တော်တို့နဲ့အတူ ပြန်လည် တိုက်ပွဲဝင်ချင်တဲ့သူတွေလည်းရှိတယ်။ ဒါပေမဲ့ သူတို့လည်းပင်ပန်းနေပြီးပြီဆိုတော့ ကျွန်တော်တို့အနေနဲ့ ပြန်လည် တိုက်ပွဲမဝင်ခိုင်းတော့ဘဲ လွတ်မြောက်နယ်မြေရောက်တဲ့အထိ တာဝန်ယူပေးတယ်” ဟု CDF- Hakha တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်း ၃ နှစ်တာကာလအတွင်း CDF-Hakha တပ်ဖွဲ့ထံ အလင်း၀င်လာကြသူ စစ်ကောင်စီလက်အောက်ခံ ရဲ နှင့် စစ်သား အယောက် ၄၀ ခန့်ရှိပြီဖြစ်ကြောင်း CDF-Hakha တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်မတ်လ ၂ ရက်နေ့ကလည်း ချင်းပြည်နယ် ဟားခါးမြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦးသည် CDF-Hakha ထံလက်နက်အပြည့်အစုံဖြင့် အလင်းဝင်လာခဲ့ဖြစ်သည်။

စစ်ကိုင်းတိုင်း ကလေးမြို့ မှ ရဲတပ်သား တစ်ဦးသည်လည်း G3 လက်နက် အမျိုးစား ၁ လက် ၊ ကျည် ဘောက် ၅ ဘောက် ၊ ကျည်ဆံ အတောင့် ၃၃၀ လက်ပစ်ဗုံး တစ်လုံးနှင့်အတူ မတ်လ ၉ ရက်နေ့က CDF – KKG အဖွဲ့ထံသို့ အလင်းဝင်ခဲ့ရာ ကျပ်သိန်း ၅၀ ဆု ချီးမြင့် ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ခဲ့ကြောင်း CDF-KKG ကထုတ်ပြန်သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.