• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသောလုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဟု ICNCC ပြော

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသောလုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဟု ICNCC ပြော

0
By Editor on October 25, 2022 Khonumthung

ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့က လေကြောင်းမှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုသည် အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းသောလုပ်ရပ်ဖြစ်ပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်သည်ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC ပြောဆိုလိုက်သည်။

ယမန်နေ့ အောက်တိုဘာ ၂၃ ရက်ည ၈ နာရီခန့်က ဖားကန့်မြို့နယ် KIO/KIA တပ်မဟာ ၉ နယ်မြေရှိ အနန်ပါတွင် KIO/KIA ဖွဲ့စည်းတည်တောင်ခြင်း အထိမ်းအမှတ်နေ့ အကြိုဂီတပွဲကျင်းပပြုလုပ်နေကြစဉ် စစ်ကောင်စီမှ တိုက်လေယာဉ်အသုံးပြုကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယင်းဗုံကြဲတိုက်ခိုက်မှုကြောင့် ကချင်းတိုင်းရင်းသား အနုပညာရှင်များ၊ လုပ်ငန်းရှင်များနင့် ပြည်သူများ အနည်းဆုံး ယောက် ၅၀ ခန့် သေဆုံးခဲ့ပြီး၊ အရေအတွက်ဆယ်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းများတွင် ရေးသားဖော်ပြချက်နင့် KIO/KIA ပြောရေးဆိုခွင့်ရှိသူ၏ ပြောပြချက်များမှ ကြားသိရသဖြင့် များစွာ ဝမ်းနည်းစိတ်မကောင်းဖြစ်ရသည်ဟု ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီက ဆိုသည်။

“ယခုလို ပြုမှုခြင်းသည် စစ်ကောင်စီအနေဖြင့် တိုင်းရင်းသားပြည်သူလူထုများအား အမြစ်ပြတ်ချေမှုန်းရေး ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပြီး အလွန်ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသောလုပ်ရပ်ဖြစ်သဖြင့် ပြင်းထန်စွာရှုတ်ချသည်” ဟု ICNCC ၏ ထုတ်ပြန်ချက် ဖော်ပြထားသည်။

စစ်ကောင်စီ၏ ရက်စက်ယုတ်မာသောလုပ်ရပ်ကြောင့် အသက်သေဆုံးခဲ့ကြရသူများ၏ ကျန်ရစ်သူမိသားစုများအပါဝင် ကချင်တိုင်းရင်းသားညီအစ်ကိုမောင်နှမများနှင့် ထပ်တူရပ်တည်လျှက်ရှိနေကြောင်း ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ဆိုသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.