• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေးအတွက် ပူပေါင်းပါဝင်သူများ မိမိအသိစိတ်ဖြင့် နှုတ်ထွက်ကြရန် CDF-Kanpetlet သတိပေး

စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေးအတွက် ပူပေါင်းပါဝင်သူများ မိမိအသိစိတ်ဖြင့် နှုတ်ထွက်ကြရန် CDF-Kanpetlet သတိပေး

0
By Editor on October 3, 2022 Headline

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်ရေးနှင့် အာဏာတည်တန့်ရေးအတွက် ပူးပေါင်းဆောင်ရွက်သူများအနေဖြင့် မိမိအသိစိတ်ဖြင့်နှုတ်ထွက်ကြရန် CDF-Kanpetlet တပ်ဖွဲ့က သတိပေးလိုက်သည်။

စစ်ကောင်စီအနေဖြင့် ၎င်း၏ အုပ်ချုပ်ရေးယန္တရားနှင့် အာဏာတည်တန့်ရေးအတွက် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ လူမှုရေး၊ စည်းရုံးရေး၊ ဒေသဖွံ့ဖြိုးရေး စသည့် အကြောင်းပြချက် ၅ မျိူးကို မဖြစ်မနေ အကောင်အထည်ဖော်ဆောင်ရန် ကြိုးပမ်းလျှက်ရှိပြီး ယင်းအတွက် ကျေးရွာတာဝန်ခံ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးနှင့် ရပ်မိ/ရပ်ဖအဖွဲ့ဝင်များအား အသုံးပြုထားသည်ဟု CDF-Kanpetlet တပ်ဖွဲ့၏ စက်တင်ဘာလ ၂၉ ရက်နေ့ ထုတ်ပြန်သောကြေညာချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ လုပ်ငန်းများဆောင်ရွက်ရန်အတွက် ကန်ပက်လက်မြို့နယ်ထဲမှ ကျေးရွာအုပ်စု တာဝန်ခံများ၊ ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများစုစုပေါင်း ၁၉ ဦး၊ အရံမီးသတ် ၇ ဦး၊ ပြည်သူ့စစ်မှ ၇ ဦး၊ ကြက်ခြေနီမှ ၇ ဦး၊ ရပ်မိရပ်ဖ ၇ ဦးနှင့် အခြားအဖွဲ့များမှ ၆ ဦး စုစုပေါင်း ၅၃ ဦးဖြင့် ဆောင်ရွက်လျှက်ရှိကာ လိုအပ်ပါက လက်နက်များလည်း တပ်ဆင်နိုင်ရန်အထိ ညွန်ကြားထားပြီးဖြစ်ကြောင်း အတိအကျသိရှိပြီးဖြစ်သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါပုဂ္ဂိုလ် ၅၃ ဦးအနေဖြင့် မိမိအသိစိတ်ဖြင့် အောက်တိုဘာလ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး နှုတ်ထွက်ကြရန် အကယ်၍ နှုတ်ထွက်ခြင်းမရှိဘဲ စစ်ကောင်စီယန္တရား လည်ပတ်ရေးအတွက် ဆက်လက်ပါဝင်ပူးပေါင်းနေပါက ပြည်သူ့သစ္စာဖောက်အဖြစ်သတ်မှတ်ပြီး တွေ့သည့်နေရာတွင် ရှင်းလင်းအရေးယူသွားမည်ဟု CDF-Kanpetlet ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.