Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ကောင်စီ ယန္တရားကို လည်ပတ်စေသည့် Non-CDM ဝန်ထမ်း ၃၀၀ ကျော်ကို အမည်ပျက်ဝန်ထမ်းများအဖြစ် ကန်ပက်လက်(ပအဖ) ကြေညာ

စစ်ကောင်စီ ယန္တရားကို လည်ပတ်စေသည့် Non-CDM ဝန်ထမ်း ၃၀၀ ကျော်ကို အမည်ပျက်ဝန်ထမ်းများအဖြစ် ကန်ပက်လက်(ပအဖ) ကြေညာ

0
By Editor on July 5, 2023 Khonumthung

Salai Vakok

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်အတွင်း စစ်ကောင်စီ၏ ယန္တရားကို လည်ပတ်စေပြီး ပြည်သူ့အုပ်ချုပ်ရေးကို ထိခိုက်စေသည့် Non-CDM ဝန်ထမ်း ၃၀၀ ကျော်ကို အမည်ပျက်ဝန်ထမ်းများအဖြစ် ကန်ပက်လက်မြို့နယ်၊ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဇူလိုင်လ ၄ ရက်မှာ ကြေညာလိုက်သည်။ 

“အမည်ပျက်ကြေငြာခံရတဲ့သူတွေကို CDF ဂိတ်ဖြတ်သန်းခွင့် ပေးမှာ မဟုတ်ဘူး။ သူတို့ကို ထပ်ဆောင်းပြီးမှ အရေးယူမှုတွေ လုပ်သွားမှာပါ။ ဘာလို့ဆိုတော့ ကန်ပက်လက်မှာ စကစ ကျောင်း၊ တကျောင်းမှ မရှိစေရဘူး။ ဒါပေမဲ့ NonCDM ကို အရေးယူချင်တဲ့ ဆန္ဒနဲ့ အခုက ပထမ ဦးစားပေးမဟုတ်ပါဘူး။ ဘယ်သူက CDM ဝင်တယ်၊ ဘယ်သူက Non CDM ဖြစ်နေတယ်ဆိုတာ ဝေဝါးနေတဲ့အတွက် ဒီစာရင်းကို ကြည့်ပြီး ဆက်သွယ်စုံစမ်းလို့ ရအောင်ပါ”လို့ ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးမှ တာဝန်ရှိသူတဦးက ပြောသည်။ 

ယနေ့ အမည်ပျက်ဝန်ထမ်းအဖြစ် ကြေညာခံရသူများသည် ကန်ပက်လက်မြို့နယ် ပညာရေးဌာန၏ ဝန်ထမ်း ၈၀၀ ကျော်ထဲမှ Non- CDM အဖြစ် စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော ဝန်ထမ်း (၃၂၂) ဦးကို ထုတ်ပြန်ခြင်းဖြစ်သည်။ 

သို့သော် ယခုစာရင်းမှာ ပါဝင်နေသော CDM ဝန်ထမ်းများ ရှိပါက ခိုင်လုံသော အထောက်အထားဖြင့် CDM/Non-CDM စုံစမ်းစစ်ဆေးရေးကော်မတီထံသို့ အယူခံဝင်ခွင့်ရှိသည်ဟု သိရသည်။ 

အမည်ပျက်ဝန်ထမ်းအဖြစ် ကြေညာခံရသူများသည် စစ်ကောင်စီလက်အောက် ကျောင်းများမှာ စာသင်နေသူများ (Non-CDM)၊ CDM လုပ်သည်ဟု ပြောပြီ လစာခိုးထုတ်နေသူများနှင့် တချို့က ဝိုင်းကျူရှင်တွေဖွင့်ပြီး စာသင်နေသူများ ဖြစ်သည်ဟု သိရသည်။ 

စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသော ကန်ပက်လက်မြို့နယ်တွင်းမှ ဌာနအသီးသီးက Non-CDM များကို အမည်ပျက်စာရင်းထည့်သွင်းခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဟုသိရသည်။

ကန်ပက်လက်မြို့နယ်တွင် ကန်ပက်လက်မြို့ပေါ်က စာသင်ကျောင်းများနှင့် ကျင်ဒွေးမြို့က စာသင်ကျောင်းတွေသာ စစ်ကောင်စီက ဖွင့်လှစ်ထားနိုင်ပြီး ကျန်ရှိသော ကျေးရွာပေါင်း ၁၀၀ ကျော်မှာ ပြည်သူ့စာသင်းကျောင်းတွေ ဖွင့်လှစ်ထားသည်ဟု ကန်ပက်လက်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးမှ တာဝန်ရှိသူက ပြောသည်။ 

ကန်ပက်လက်မြို့နယ်ထဲက ပြည်သူ့ကျောင်းတွေမှာ CDM ပညာရေးဝန်ထမ်းတွေ၊ စေတနာဝန်ထမ်းတွေနှင့် မူလတန်းမှ အထက်တန်းအထိ သင်ကြားပေးနေသည်။ 

ထိုကျောင်းများမှာ စာရေးကိရိယာအပါအဝင် ကျောင်းသုံးပစ္စည်းတချို့ အခက်အခဲ ရင်ဆိုင်နေရပြီး ဆရာ/မ ရှားပါးမှု အနည်းငယ်လည်း ရှိနေသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CDF-Hakha အရာရှိအချင်းချင်းအငြင်းပွားရာမှ ပစ်ခတ်မှုဖြစ်ပြီး ဒုဥက္ကဌဟောင်း Salai Sang Ling ကျဆုံး

ထိန်းသိမ်းခံထားရစဉ် ရောဂါအခံဖြင့်သေဆုံးသည်ဟုဆိုသော ဦးထန်ခန်းဒါလ်၏ ရုပ်အလောင်းတွင် ဒဏ်ရာများတွေ့ရှိမှုအပေါ် ဝေဖန်မှုမြင့်တက်

ပြည်သူထံ ငွေညစ်ခြင်း၊ နေအိမ် ဖောက်ထွင်းဓါးပြတိုက်ခြင်း ကျူးလွန်နေသည့် စစ်တပ်ပြည်သူ့စစ် တစ်ဦးကို CDF – ဟားခါး ဖမ်းဆီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.