• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»“စစ်တပ်မှ ပြည်တွင်းရှိ ဒေါ်လာအားလုံးကို သိမ်းပြီး ဒေါ်လာအစားထိုး FEC စနစ်ကို ပြန်လည်အသက်သွင်းဖို့ ပြင်ဆင်နေပြီ” ဆိုတဲ့ သတင်းအမှား

“စစ်တပ်မှ ပြည်တွင်းရှိ ဒေါ်လာအားလုံးကို သိမ်းပြီး ဒေါ်လာအစားထိုး FEC စနစ်ကို ပြန်လည်အသက်သွင်းဖို့ ပြင်ဆင်နေပြီ” ဆိုတဲ့ သတင်းအမှား

0
By Editor on July 27, 2022 Khonumthung

၂၀၂၂ နှစ်ကုန်ပိုင်းတွင် ဒေါ်လာတန်ဖိုးနှင့်ညီမျှသော FEC ငွေကြေးစနစ်ပုံစံအား ပြန်လည်အကောင်အထည် ဖော်မည် ဆိုသည် ကောလဟာလသတင်းများ လူမှုကွန်ယက်စာမျက်နှာတွင် ပြန်နံလျှက်ရှိပါတယ်။

ချစ်တုန်း၊ Sai Tun Aye စတဲ့အကောင့်မှာလည်း “ခုဆိုရင် ဒေါ်လာ မှောင်ခိုစျေးကွက်ကြီး ပီပီပြင်ပြင် ဖြစ်ပေါ်လာပြီဖြစ်သလို လက်နက်အားကိုးနဲ့ ဘာမဆိုလုပ်ရဲတယ် ဆိုတဲ့ စစ်တပ်ကကောင်တွေ ဗဟိုဘဏ်နဲ့ စီးပွားရေးကဏ္ဍတွေမှာ အရှက်မရှိ ခပ်တည်တည်နဲ့ နေရာတွေဝင်ယူထားပြီး ဘာမှမသိဘဲ ဟိုအမိန့်ပေး ဒီအမိန့်ထုတ် လုပ်နေကြပါတယ်။ စီနီယာဖြစ်ရင် ဂျူနီယာကို ပါးရိုက်လို့ ရတယ်၊ ရေဗူးပေါက်တာ မလိုချင်ဘူး.. ရေပါလာတာပဲ လိုချင်တယ် ဆိုတဲ့ ဦးနှောက်တွေနဲ့ တစ်ချိန်ကကျင့်သုံးခဲ့တဲ့ ‌ဒေါ်လာအစားထိုး FEC စနစ်ကိုပါ ပြန်လည် အကောင်အထည်ဖော်တော့မယ်လို့လည်း သိရပါတယ်။” လို့ ရေးသားဖော်ပြထားပါတယ်။

အမေရိကန်ဒေါ်လာတန်ဖိုးနှင့်ညီမျှသော FEC (FOREIGN EXCHANGE CERTIFICATE) ကို ၁၉၉၃ ခုနှစ်မှစတင်ကာ နှစ်ပေါင်း ၂၀ ကြာ အသုံးပြုခဲ့ကြပြီး ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပြန်လည်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ကတော့ ဒေါ်လာအစားထိုး FEC စနစ်ကို ပြန်လည်အသက်သွင်းဖို့ မရှိဘူးလို့ ခုလိုထုတ်ပြန်လာပါတယ်။

“၂၀၂၂ နှစ်ကုန်ပိုင်းတွင် ဒေါ်လာတန်ဖိုးနှင့် ညီမျှသော FEC ငွေကြေးပုံစံစနစ်အား ပြန်လည်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဟူသောကိစ္စမှာ ကောလာဟလသာဖြစ်ပြီး နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ ဆောင်ရွက်နိုင်ခြင်းမရှိကြောင်းနှင့် ဆောင်ရွက်ရန်အစီအစဉ် လုံးဝမရှိကြောင်း အသိပေးအပ်ပါသည်” ဟု ထုတ်ပြန်ထားပါတယ်။

ဒါကြောင့်”စစ်တပ်မှ ပြည်တွင်းရှိ ဒေါ်လာအားလုံးကို သိမ်းပြီး ဒေါ်လာအစားထိုး FEC စနစ်ကို ပြန်လည်အသက်သွင်းဖို့ ပြင်ဆင်နေပြီ” ဆိုတာလက်ရှိအချိန်အထိ သတင်းအမှားတစ်ပုဒ်ဖြစ်ကြောင်းဖော်ပြပေးလိုက်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ကလေးမြို့အနောက်တောင်ပိုင်းတွင် လက်နက်ကြီးကြောင့် အမျိုးသမီးတစ်ဦးပွဲချင်းသေဆုံး၊ အမျိုးသား ၃ ဦး ထိခိုက် ဒါဏ်ရာရ

ကလေးမြို့ မွန်းလိုင်ရပ်ကွက်တွင် ဗုံးပေါက်ကွဲမှုကြောင့် ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံး

ကန်ပက်လက်မြို့အဝင်တွင် ချင်းအလံလွှင့်ထူ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 28, 2023

ခန္ဓာချို့ယွင်းပေမယ့် စိတ်ဓာတ်ခိုင်မာတဲ့ အောက်ချင်းသားများ

September 26, 2023

စစ်အာဏာရှင်ကိုကျောခိုင်းပြီး အမျိုးသားလွတ်မြောက်ရေးအတွက် တော်လှန်တိုက်ပွဲ ၀င်နေသူ (သို့) ဓမ္မဘက်ကို ရပ်တည်သော စစ်သည်ကောင်း

September 26, 2023

“အစုအဖွဲ့တစ်ခုရဲ့ ကြိုးကိုင်မှု အောက်မှာ ကျနော်တို့ရဲ့ အဖွဲ့အစည်းတစ်ခုလုံး၊ မျိုးနွယ်စုတစ်ခုလုံးကို ထိုးအပ်လိုက်မယ့် အနေအထားမျိုး ရောက်သွားလိမ့်မယ်လို့ ယူဆတဲ့အတွက်ကြောင့် မပါဝင်ရခြင်းဖြစ်ပါတယ်’’ ဆလိုင်းပီတာထန်း

September 21, 2023

“ကျွန်တော်တို့က စစ်ကောင်စီနဲ့ ဘယ်သောအခါမှ နိုင်ငံရေးအရပဲဖြစ်ဖြစ် စစ်ရေးအရပဲဖြစ်ဖြစ် ပူးပေါင်းထားတာ မရှိပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.