• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»စစ်ဘေးရှောင်ပြည်သူများ နေရပ်မပြန်နိုင်သေးသရွေ ့ကူညီသွားမည်ဟု မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ပြော

စစ်ဘေးရှောင်ပြည်သူများ နေရပ်မပြန်နိုင်သေးသရွေ ့ကူညီသွားမည်ဟု မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ပြော

0
By Editor on March 7, 2021 Khonumthung
#Unicode
ရစ်ချက် – မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသောနိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်ကို စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးလာသူများကို မိမိနိုင်ငံ၊ တိုင်ပြည်သို့ မပြန်နိုင်သေးသရွေ့ ကူညီဆောင်ရွက်ပေးသွားမည်ဟု မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ပြောသည်။
အဆိုပါကိစ္စကို မတ်လ ၅ ရက်နေ့က မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ် Vanapa ခန်းမတွင် ကျင်းပသည့် မီဇိုးလူမျိုးများ၏ အကြီးမားဆုံးသော ပွဲတစ်ခုဖြစ်သည့် Chapchar Kut 2021 ပွဲကျင်းပရာတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က သူ၏မိန့်ခွန်းတွင် ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။
“လက်ရှိမြန်မာနိုင်ငံမှာ အခက်အခဲပြဿနာတွေအများကြီးရှိတယ်။ စစ်အစိုးရရဲ့အုပ်ချုပ်မှုအောက်မှာ များစွာသော အခက်အခဲတွေနဲ့ တွေ့ကြုံနေကြရတယ်။ များစွာသောမြန်မာပြည်သားလည်း မီဇိုရမ်ပြည်နယ်ကို Refugee အဖြစ် ထွက်ပြေးလာကြတာကိုလည်း ကျနော်တို့ သိတယ်။ ခုလိုထွက်ပြေးလာတဲ့သူတွေအနေနဲ့ကလည်း မဖြစ်မနေ ထွက်ပြေးရတဲ့ အနေအထားဖြစ်တဲ့အတွက် ဘာမှမစိုးရိမ်ဖို့၊ မိမိတို့နိုင်ငံကို မပြန်နိုင်သေးသရွေ ့မီဇိုရမ် အစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးသွားမယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။
မီဇိုရမ်အစိုးရအနေဖြင့် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးလာကြသော စစ်ဘေးဒုက္ခသည်များ၏ စားဝတ်နေရေးအတွက်ကို လည်း ငွေရေးကြေး ရာထားပြီဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ယခုလို ဆက်ပြောပါသည်။
“ခုချိန်မှာ မီဇိုရမ်ကို ထွက်ပြေးလာကြတဲ့ Refugee အနေနဲ့ စားရေးသောက်ရေး အခက်အခဲရှိနိုင်တယ်။ အဲဒီအတွက် မီဇိုရမ် အစိုးရက သူတို့ စားရေးသောက်ရေးအတွက် ငွေရေးကြေးကိုလည်း ရာထားပြီဖြစ်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် တပ်မတော်က စစ်အာဏာသိမ်းယူလိုက်ပြီးနောက် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုများကြောင့် နယ်စပ်မှတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ မြန်မာနိုင်ငံသားများ ထွက်ပြေးတိမ်းရှောင်သူများရှိပါက မီဇိုရမ် အစိုးရအနေဖြင့် အတတ်နိုင်ဆုံး လက်ခံကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ပြောခဲ့သည်။
#Zawgyi
ရစ္ခ်က္ – ျမန္မာႏိုင္ငံအတြင္း ျဖစ္ပြားေနေသာနိုင္ငံေရးအေျခအေနေၾကာင့္ မီဇိုရမ္ျပည္နယ္ကို စစ္ေဘးဒုကၡသည္အျဖစ္ ထြက္ေျပးလာသူမ်ားကို မိမိႏိုင္ငံ၊ တိုင္ျပည္သို႕ မျပန္ႏိုင္ေသးသေရြ႔ ကူညီေဆာင္ရြက္ေပးသြားမည္ဟု မီဇိုရမ္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ပူးဇိုးရမ္းထန္းငါက ေျပာသည္။
အဆိုပါကိစၥကို မတ္လ ၅ ရက္ေန႕က မီဇိုရမ္ျပည္နယ္ ၿမဳိ႕ေတာ္အိုက္ေဇာလ္ Vanapa ခန္းမတြင္ က်င္းပသည့္ မီဇိုးလူမ်ဳိးမ်ား၏ အႀကီးမားဆံုးေသာ ပြဲတစ္ခုျဖစ္သည့္ Chapchar Kut 2021 ပြဲက်င္းပရာတြင္ မီဇိုရမ္ျပည္နယ္ ဝန္ႀကီးခ်ဳပ္က သူ၏မိန္႕ခြန္းတြင္ ယခုလို ေျပာဆိုခဲ့ျခင္းျဖစ္သည္။
“လက္ရွိျမန္မာႏိုင္ငံမွာ အခက္အခဲျပႆနာေတြအမ်ားႀကီးရွိတယ္။ စစ္အစိုးရရဲ႕အုပ္ခ်ဳပ္မႈေအာက္မွာ မ်ားစြာေသာ အခက္အခဲေတြနဲ႕ ေတြ႕ႀကံဳေနၾကရတယ္။ မ်ားစြာေသာျမန္မာျပည္သားလည္း မီဇိုရမ္ျပည္နယ္ကို Refugee အျဖစ္ ထြက္ေျပးလာၾကတာကိုလည္း က်ေနာ္တို႕ သိတယ္။ ခုလိုထြက္ေျပးလာတဲ့သူေတြအေနနဲ႕ကလည္း မျဖစ္မေန ထြက္ေျပးရတဲ့ အေနအထားျဖစ္တဲ့အတြက္ ဘာမွမစိုးရိမ္ဖို႕၊ မိမိတို႕ႏိုင္ငံကို မျပန္ႏိုင္ေသးသေရြ ့မီဇိုရမ္ အစိုးရအေနနဲ႕ ကူညီေဆာင္ရြက္ေပးသြားမယ္” ဟု ဝန္ႀကီးခ်ဳပ္က ေျပာသည္။
မီဇိုရမ္အစိုးရအေနျဖင့္ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးလာၾကေသာ စစ္ေဘးဒုကၡသည္မ်ား၏ စားဝတ္ေနေရးအတြက္ကို လည္း ေငြေရးေၾကး ရာထားၿပီျဖစ္ေၾကာင္း မီဇိုရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္က ယခုလို ဆက္ေျပာပါသည္။
“ခုခ်ိန္မွာ မီဇိုရမ္ကို ထြက္ေျပးလာၾကတဲ့ Refugee အေနနဲ႕ စားေရးေသာက္ေရး အခက္အခဲရွိႏိုင္တယ္။ အဲဒီအတြက္ မီဇိုရမ္ အစိုးရက သူတို႕ စားေရးေသာက္ေရးအတြက္ ေငြေရးေၾကးကိုလည္း ရာထားၿပီျဖစ္တယ္” ဟု ေျပာသည္။
ျမန္မာႏိုင္ငံတြင္ တပ္မေတာ္က စစ္အာဏာသိမ္းယူလိုက္ၿပီးေနာက္ ႏိုင္ငံေရးအေျခအေနမတည္ၿငိမ္မႈမ်ားေၾကာင့္ နယ္စပ္မွတဆင့္ အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္သို႕ ျမန္မာႏိုင္ငံသားမ်ား ထြက္ေျပးတိမ္းေရွာင္သူမ်ားရွိပါက မီဇိုရမ္ အစိုးရအေနျဖင့္ အတတ္ႏိုင္ဆံုး လက္ခံကူညီေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႕က မီဇိုရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ပူးဇိုးရမ္းထန္းငါက ေျပာခဲ့သည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

မတူပီမြို့တွင် ၈ နှစ်ရွယ်ကလေးငယ်တစ်ဦး မြေမြုပ်မိုင်းပေါက်ကွဲမှုကြောင့် ပြင်းထန် ဒဏ်ရာရရှိ

မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ချင်းပြည်နယ်မှာ ထိခိုက်ပျက်စီးမှုထပ်တိုးစာရင်း ICNCC က ထုတ်ပြန်၊ တပြည်နယ်လုံးမှာ အိမ်ခြေ ၃၀၀၀ နီးပါး ပျက်စီးမှုရှိ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.