Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ဘေးရှောင်ပြည်သူများ နေရပ်မပြန်နိုင်သေးသရွေ ့ကူညီသွားမည်ဟု မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ပြော

စစ်ဘေးရှောင်ပြည်သူများ နေရပ်မပြန်နိုင်သေးသရွေ ့ကူညီသွားမည်ဟု မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်ပြော

0
By Editor on March 7, 2021 Khonumthung
#Unicode
ရစ်ချက် – မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသောနိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်ကို စစ်ဘေးဒုက္ခသည်အဖြစ် ထွက်ပြေးလာသူများကို မိမိနိုင်ငံ၊ တိုင်ပြည်သို့ မပြန်နိုင်သေးသရွေ့ ကူညီဆောင်ရွက်ပေးသွားမည်ဟု မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ပြောသည်။
အဆိုပါကိစ္စကို မတ်လ ၅ ရက်နေ့က မီဇိုရမ်ပြည်နယ် မြို့တော်အိုက်ဇောလ် Vanapa ခန်းမတွင် ကျင်းပသည့် မီဇိုးလူမျိုးများ၏ အကြီးမားဆုံးသော ပွဲတစ်ခုဖြစ်သည့် Chapchar Kut 2021 ပွဲကျင်းပရာတွင် မီဇိုရမ်ပြည်နယ် ဝန်ကြီးချုပ်က သူ၏မိန့်ခွန်းတွင် ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။
“လက်ရှိမြန်မာနိုင်ငံမှာ အခက်အခဲပြဿနာတွေအများကြီးရှိတယ်။ စစ်အစိုးရရဲ့အုပ်ချုပ်မှုအောက်မှာ များစွာသော အခက်အခဲတွေနဲ့ တွေ့ကြုံနေကြရတယ်။ များစွာသောမြန်မာပြည်သားလည်း မီဇိုရမ်ပြည်နယ်ကို Refugee အဖြစ် ထွက်ပြေးလာကြတာကိုလည်း ကျနော်တို့ သိတယ်။ ခုလိုထွက်ပြေးလာတဲ့သူတွေအနေနဲ့ကလည်း မဖြစ်မနေ ထွက်ပြေးရတဲ့ အနေအထားဖြစ်တဲ့အတွက် ဘာမှမစိုးရိမ်ဖို့၊ မိမိတို့နိုင်ငံကို မပြန်နိုင်သေးသရွေ ့မီဇိုရမ် အစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးသွားမယ်” ဟု ဝန်ကြီးချုပ်က ပြောသည်။
မီဇိုရမ်အစိုးရအနေဖြင့် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးလာကြသော စစ်ဘေးဒုက္ခသည်များ၏ စားဝတ်နေရေးအတွက်ကို လည်း ငွေရေးကြေး ရာထားပြီဖြစ်ကြောင်း မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ်က ယခုလို ဆက်ပြောပါသည်။
“ခုချိန်မှာ မီဇိုရမ်ကို ထွက်ပြေးလာကြတဲ့ Refugee အနေနဲ့ စားရေးသောက်ရေး အခက်အခဲရှိနိုင်တယ်။ အဲဒီအတွက် မီဇိုရမ် အစိုးရက သူတို့ စားရေးသောက်ရေးအတွက် ငွေရေးကြေးကိုလည်း ရာထားပြီဖြစ်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံတွင် တပ်မတော်က စစ်အာဏာသိမ်းယူလိုက်ပြီးနောက် နိုင်ငံရေးအခြေအနေမတည်ငြိမ်မှုများကြောင့် နယ်စပ်မှတဆင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ မြန်မာနိုင်ငံသားများ ထွက်ပြေးတိမ်းရှောင်သူများရှိပါက မီဇိုရမ် အစိုးရအနေဖြင့် အတတ်နိုင်ဆုံး လက်ခံကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၅ ရက်နေ့က မီဇိုရမ်ပြည်နယ်ဝန်ကြီးချုပ် ပူးဇိုးရမ်းထန်းငါက ပြောခဲ့သည်။
#Zawgyi
ရစ္ခ်က္ – ျမန္မာႏိုင္ငံအတြင္း ျဖစ္ပြားေနေသာနိုင္ငံေရးအေျခအေနေၾကာင့္ မီဇိုရမ္ျပည္နယ္ကို စစ္ေဘးဒုကၡသည္အျဖစ္ ထြက္ေျပးလာသူမ်ားကို မိမိႏိုင္ငံ၊ တိုင္ျပည္သို႕ မျပန္ႏိုင္ေသးသေရြ႔ ကူညီေဆာင္ရြက္ေပးသြားမည္ဟု မီဇိုရမ္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ပူးဇိုးရမ္းထန္းငါက ေျပာသည္။
အဆိုပါကိစၥကို မတ္လ ၅ ရက္ေန႕က မီဇိုရမ္ျပည္နယ္ ၿမဳိ႕ေတာ္အိုက္ေဇာလ္ Vanapa ခန္းမတြင္ က်င္းပသည့္ မီဇိုးလူမ်ဳိးမ်ား၏ အႀကီးမားဆံုးေသာ ပြဲတစ္ခုျဖစ္သည့္ Chapchar Kut 2021 ပြဲက်င္းပရာတြင္ မီဇိုရမ္ျပည္နယ္ ဝန္ႀကီးခ်ဳပ္က သူ၏မိန္႕ခြန္းတြင္ ယခုလို ေျပာဆိုခဲ့ျခင္းျဖစ္သည္။
“လက္ရွိျမန္မာႏိုင္ငံမွာ အခက္အခဲျပႆနာေတြအမ်ားႀကီးရွိတယ္။ စစ္အစိုးရရဲ႕အုပ္ခ်ဳပ္မႈေအာက္မွာ မ်ားစြာေသာ အခက္အခဲေတြနဲ႕ ေတြ႕ႀကံဳေနၾကရတယ္။ မ်ားစြာေသာျမန္မာျပည္သားလည္း မီဇိုရမ္ျပည္နယ္ကို Refugee အျဖစ္ ထြက္ေျပးလာၾကတာကိုလည္း က်ေနာ္တို႕ သိတယ္။ ခုလိုထြက္ေျပးလာတဲ့သူေတြအေနနဲ႕ကလည္း မျဖစ္မေန ထြက္ေျပးရတဲ့ အေနအထားျဖစ္တဲ့အတြက္ ဘာမွမစိုးရိမ္ဖို႕၊ မိမိတို႕ႏိုင္ငံကို မျပန္ႏိုင္ေသးသေရြ ့မီဇိုရမ္ အစိုးရအေနနဲ႕ ကူညီေဆာင္ရြက္ေပးသြားမယ္” ဟု ဝန္ႀကီးခ်ဳပ္က ေျပာသည္။
မီဇိုရမ္အစိုးရအေနျဖင့္ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးလာၾကေသာ စစ္ေဘးဒုကၡသည္မ်ား၏ စားဝတ္ေနေရးအတြက္ကို လည္း ေငြေရးေၾကး ရာထားၿပီျဖစ္ေၾကာင္း မီဇိုရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္က ယခုလို ဆက္ေျပာပါသည္။
“ခုခ်ိန္မွာ မီဇိုရမ္ကို ထြက္ေျပးလာၾကတဲ့ Refugee အေနနဲ႕ စားေရးေသာက္ေရး အခက္အခဲရွိႏိုင္တယ္။ အဲဒီအတြက္ မီဇိုရမ္ အစိုးရက သူတို႕ စားေရးေသာက္ေရးအတြက္ ေငြေရးေၾကးကိုလည္း ရာထားၿပီျဖစ္တယ္” ဟု ေျပာသည္။
ျမန္မာႏိုင္ငံတြင္ တပ္မေတာ္က စစ္အာဏာသိမ္းယူလိုက္ၿပီးေနာက္ ႏိုင္ငံေရးအေျခအေနမတည္ၿငိမ္မႈမ်ားေၾကာင့္ နယ္စပ္မွတဆင့္ အိႏိၵယႏိုင္ငံ မီဇိုရမ္ျပည္နယ္သို႕ ျမန္မာႏိုင္ငံသားမ်ား ထြက္ေျပးတိမ္းေရွာင္သူမ်ားရွိပါက မီဇိုရမ္ အစိုးရအေနျဖင့္ အတတ္ႏိုင္ဆံုး လက္ခံကူညီေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၂၅ ရက္ေန႕က မီဇိုရမ္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ပူးဇိုးရမ္းထန္းငါက ေျပာခဲ့သည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

UFC ချန်ပီယံ Joshua Van သွေးချင်းဌာနေ မီဇိုရမ်ပြည်နယ်သို့ ရောက်ရှိ

UFC ကမ္ဘာ့ ချန်ပီယံ Joshua Van ကို မီဇိုရမ်ဝန်ကြီးချုပ်က တွေ့ဆုံဂုဏ်ပြု၊ Joshua Van ၏ အောင်မြင်မှုကြောင့် မီဇိုးလူငယ်များအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေဟုဆို

ဖလမ်းမှာ ပြည်သူ ၂ ဦးနှင့် ချင်းရဲဘော် ၂ ဦးတို့ကို စစ်တပ်က သတ်ဖြတ်ထားသည့် ရုပ်အလောင်းများ တွေ့ရှိ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

February 2, 2026

သွေးစွန်းသော မဲပုံးများနှင့် “Made in China” အရိပ်အောက်က ရွေးကောက်ပွဲ

February 1, 2026

#article”ပြည်သူ့အားနဲ့ ရိုက်ချိုးကြ၊ CSOs အားနဲ့ ထိုးဖောက်ကြ”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.