Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Headline»စစ်ဘေးရှောင်များ၏ ဇီ၀မှတ်တမ်းကောက်ယူမည်မဟုတ်ဟု မီဇိုရမ်အစိုးရပြော
ပုံစာ - မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးများ အစည်း‌ဝေးပြုလုပ်စဉ်

စစ်ဘေးရှောင်များ၏ ဇီ၀မှတ်တမ်းကောက်ယူမည်မဟုတ်ဟု မီဇိုရမ်အစိုးရပြော

0
By Editor on September 28, 2023 Headline

(005MK)

မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးရှောင်လာကြသော မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့မှ သွေးချင်းညီအကို စစ်ဘေးရှောင် ပြည်သူများ၏ ဇီ၀မှတ်တမ်း (biometric နှင့် biographic) ကောက်ယူရန် အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေး၀န်ကြီးဌာနမှ ဖိအားပေးမှုခံနေရသော်လည်း ကောက်ယူမည်မဟုတ်ကြောင်း မီဇိုရမ်အစိုးရကပြောဆိုလိုက်သည်။ 

ယမန်နေ့ စက်တင်ဘာလ ၂၇ ရက်က ကျင်းပသော မီဇီုရမ်ပြည်နယ်အစိုးရ ၀◌န်ကြီးများအစည်းအ‌‌ဝေးမှာ အဆိုပါကိစ္စကို ဆွေးနွေးကြရာတွင် ဗဟိုအစိုးရ၏ အပြင်းအထန် ဖိအားပေးမှုခံနေရသော်လည်း မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ သွေးချင်းညီအစ်ကို စစ်ဘေးရှောင်များ၏ biometric နှင့် biographic ကောက်ယူမှတ်တမ်းတင်မှုများ လုပ်ဆောင်မည်ဆိုပါက မလိုလာအပ်သော နောက်ဆက်တွဲပြသနာများ ဖြစ်လာနိုင်သည်ဟု မီဇိုရမ်အစိုးရ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဝန်ကြီး Pu Lalruatkima က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ကြောင့် သွေးချင်းညီအကို စစ်ဘေးရှောင်များအတွက် နောက်ဆက်တွဲ ဖြစ်လာနိုင်သော ပြသနာများကို ရှေးရှူလျက် ဇီ၀မှတ်တမ်းတင်ကောင်ယူမှုကို ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း ဗဟိုအစိုးရထံ အကြောင်းပြန်ကြားရန် ၀န်ကြီးများ အစည်းအ‌ဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ၀န်ကြီး Pu Lalruatkima က ပြောသည်။

မြန်မာစစ်ဘေးရှောင် ၃ သောင်းကျော်နေထိုင်သော မီဇိုရမ်ပြည်နယ်တွင် စစ်ဘေးရှောင်များ၏ ဇီ၀အချက်အလက်မှတ်တမ်းများ ကောက်ယူရန် ဗဟိုအစိုးရ ပြည်ထဲရေး၀န်ကြီးဌာနက ပြည်နယ်အစိုးရကို အကြောင်းကြားခဲ့ပြီးနောက် ဇူလိုင်လကုန်ပိုင်းကစ၍ စစ်ဘေးရှောင်စခန်းတချို့တွင် ဇီ၀အချက်အလက်မှတ်တမ်း ကောက်ယူမှုကို စတင်လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါကိစ္စအပေါ်  အရပ်ဖက်အဖွဲ့အစည်းတချို့မှ ဝေဖန်ကန့်ကွက်မှုများရှိလာသည့်နောက်ပိုင်း ဇီ၀မှတ်တမ်းကောက်ယူမှုကို ရပ်နားကာ ယခုအခါ ဇီ၀မှတ်တမ်းကောက်ယူမှုကို လုပ်ဆောင်နိုင်မည်မဟုတ်ကြောင်း မီဇိုရမ်ပြည်နယ်အစိုးရက တရား၀င် ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။

ပုံစာ – မီဇိုရမ်ပြည်နယ်အစိုးရအဖွဲ့ ၀◌န်ကြီးများ အစည်း‌ဝေးပြုလုပ်စဉ်

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

မင်းတပ်မြို့က အစိုးရ အဆောက်အဦးနှင့် နေအိမ်များ လေကြောင်းတိုက်ခိုက်ခံရ၊ အရပ်သားများ သေဆုံးမှုရှိဟုဆို

စစ်ကောင်စီကြောင့် ဧပြီလအတွင်း အမျိုးသမီး ၇၀ ကျော်သေဆုံး

မူးယစ်ဆေးဝါးကြောင့် ဖမ်းခံရသူ ၄ ဦးနှင့် မိသားစုဝင်များကို မီဇိုးလူငယ်အသင်း YMA က မြန်မာပြည်ပြန်ရန် နှင်ထုတ်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

March 27, 2025

“ကျွန်မတို့ ယောကျ်ားလေးတွေနဲ့ တန်းတူလုပ်ရတာဆိုလို့ သင်တန်းမှာပဲရတယ်။ မိန်းကလေးတွေက ငါတို့ကိုလဲ တာဝန်တွေပေးတော့မှာဆိုတဲ့ မျှော်လင့်ချက်နဲ့ သင်တန်းမှာ ကြိုးစားလိုက်ကြတာ သင်တန်းလဲပြီးရော စားဖိုဆောင် ပြန်ပို့ခံရတယ်လေ” GiGi (လက်ဖြောင့်တပ်သား – PDF-Zoland)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.