(005MK)
မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်ခိုလုံနေကြသော စစ်ဘေးရှောင်များအနေဖြင့် ယာဉ်မောင်းခွင့် နှင့် ယာဉ်ပိုင်ဆိုင်ခွင့် မရှိဘဲ ချိုးဖောက်သူများကို ဥပဒေကြောင်းအရ အရေးယူသွားမည်ဟု Lunglei ခရိုင်ရဲမှူးကပြောသည်။
Lunglei ခရိုင်ရဲမှူး J Lalmuankima သည် Lunglei မြို့က မီဇိုးလူငယ်အသင်း(YMA)၊ မီဇိုးကျောင်းသားအဖွဲ့အစည်း များ ဖြစ်ကြသော MZP,MSU က ဦးဆောင်သူများနှင့်အတူ ယမန်နေ့က မြန်မာစစ်ဘေးရှောင်များနေထိုင်သော Nghasiha စစ်ရှောင်စခန်းကို သွားရောက်ကာ အသိပညာ ပေးအစီစဉ် ပြုလုပ်ရာမှာ ထိုကဲ့သို့ ပြောဆိုသွားခြင်း ဖြစ်သည်ဟု မီဇိုရမ်ဒေသတွင်းသတင်းဌာန Bengvarna ကဖော်ပြသည်။
မီဇိုရမ်ပြည်နယ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသူအများစုမှာ မြန်မာနိုင်ငံသားများဖြစ်ကြပြီး၊ မကောင်းမှုပြု လုပ်သူများကြောင့် ကောင်းကောင်းမွန်မွန်နေထိုင်ကြသော စစ်ဘေးရှောင်များကို နာမည်ပျက်စေကြောင်း၊ အိန္ဒိယ ဗဟိုအစိုးရက စစ်ဘေးရှောင်များကို တရားဝင်နေထိုင်ခွင့်မပြုသည့်ကြားမှ မကောင်းမှုပြုလုပ်သောလူတစ်စုကြောင့် စစ်ဘေးရှောင်များ၏ နေရေးထိုင်ရေးပိုင်းမှာ စိုးရိမ်စရာဖြစ်လာနိုင်ကြောင်း ခရိုင်ရဲမှူးကပြေဆိုသွားသည်။
စစ်ဘေးရှောင်တွေအနေဖြင့် မကောင်းမှုဒုစရိုက်၊ မူးယစ်ဆေးဝါးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြရန်၊ မူးယစ်ဆေးဝါးတွင် ပါဝင်ပတ်သက်သူများရှိပါက တာဝန်ရှိသူများထံ အကြောင်းကြားခြင်းအားဖြင့် ကူညီပေးကြ ရန်လည်း ခရိုင်ရဲမှူးကပြောဆိုသွားသည်။
Lunglei မြို့သည် မီဇိုရမ်ပြည်နယ်တွင် ဒုတိယအကြီးဆုံးမြို့တော်ြဖစ်ပြီး မြန်မာနိုင်ငံက စစ်ဘေးရှောင်အမြောက် အများနေထိုင်ကြသည်။
ပြီးခဲ့သည့် ဧပြီလ ၁၈ ရက်ကစကလည်း Lunglei ခရိုင်အတွင်းသို့ စစ်ဘေးရှောင်များပါလာသော တရုတ်နိုင်ငံထုတ် ၁၂၅ ဆိုင်ကယ်အစီး ၆၀ ကျော်ကို ခရိုင်ရဲတပ်ဖွဲ့က သိမ်းဆည်းလိုက်ပြီး ဆိုင်ကယ်ပိုင်ရှင်များအနေဖြင့် မိမိနေရပ်ပြန် ချင်အခါ ရဲစခန်းမှာ ပြန်လည်ထုတ်ယူရမည်ဟု သိရသည်။
ယခုလက်ရှိ မီဇိုရမ်ပြည်တစ်ခုလုံးတွင် မြန်မာနိုင်ငံမှ ဝင်ရောက်ခိုလုံလာကြသော စစ်ဘေးရှောင် ၃ သောင်းကျော်ရှိ သည်ဟု သိရသည်။ မီဇိုရမ်ပြည်နယ်သို့ စစ်ဘေးရှောင်ကြသည်မှာ ၄ နှစ်ခန့်ရှိလာပြီး ဒေသခံပြည်သူလူထုအကြား မှာလည်း စစ်ဘေးရှောင်များအား ငြိုငြင်မှုများရှိသလို ရပ်ကွက် နှင့် ကျေးရွာတိုင်းလိုလိုမှာလည်း စစ်ဘေးရှောင်များအပေါ် ကန့်သတ်တင်းကြပ်မှုများရှိလာနေသည်။