Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Featured»စစ်ရေးအရှိန်မြင့်လာဖွယ်ရှိတဲ့ ကလေးမြို့က ပြည်သူတွေရဲ့ စိုးရိမ်မှုသောက

စစ်ရေးအရှိန်မြင့်လာဖွယ်ရှိတဲ့ ကလေးမြို့က ပြည်သူတွေရဲ့ စိုးရိမ်မှုသောက

0
By Editor on December 16, 2023 Featured

ချင်းတောင်ခြေက ကလေးမြို့ဟာ စစ်ရေးကြောင့် ချင်းပြည်မြောက်ပိုင်းကဒေသခံပြည်သူတွေ ဒါမှမဟုတ် ကလေးမြို့၊ တမူးမြို့နယ်က ဒေသခံစစ်ဘေးရှောင်တွေ ၀င်ရောက်ခိုလုံလေ့ရှိတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မြို့ပေါ်ထက် ကျေးလက်ဒေသတွေမှာ တိုက်ပွဲအများစု ဖြစ်ပွားလေ့ရှိကြတာကြောင့် စစ်ဖြစ်ပွားရာဒေသက ပြည်သူတွေဟာ ကလေးမြို့ပေါ်ကို ထွက်ပြေးတိမ်းရှောင်လေ့ရှိကြတာပါ။

မြို့ပေါ်မှာလည်း ပစ်ခတ်မှုတွေရှိပေမယ့် ကျေးလက်ဒေသတွေထက် ကြီးမှားတဲ့ စစ်ဆင်ရေးတွေမရှိသေးတာကြောင့် ကလေးမြို့ပေါ်ကို လာရောက်ခိုလုံလေ့ရှိကြပါတယ်။

ဒါပေမယ့် ခုအခါမှာတော့ ကလေးမြို့ပေါ်ဟာလည်း စစ်ရိပ် စစ်ငွေ့တွေရိုက်ခတ်လာမှုကြောင့် ယခင်က စစ်ဘေးရှောင်တွေ ခိုလုံရာ၊ နားခိုရာမြို့က ပြည်သူတွေဟာလည်း မြို့ကိုစွန့်ခွါပြီး တိမ်းရှောင်သူ တဖြည်းဖြည်းပိုများလာနေတယ်လို့ သိရပါတယ်။

အကြောင်းကတော့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကလေးမြို့မှာ စစ်ရေးအရှိန် မြှင့်တင်တော့မှာဖြစ်တာကြောင့် စစ်ကောင်စီတပ် ဖွဲ့တွေတပ်စွဲယူထားတဲ့ နေရာအနီးမှာ နေထိုင်ကြတဲ့ မိဘပြည်သူတွေအနေနဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ရှောင်တိမ်းကြဖို့ နို၀င်ဘာလ ၂၆ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာကြောင့်လို့ ဆိုကြပါတယ်။

ဒီကြေညာချက် ထုတ်ပြန်လာတဲ့နောက်ပိုင်းမှာ ကလေးမြို့ပေါ်မှာ မြို့သမ်းတိုက်ပွဲတွေ ဖြစ်လာတော့မယ်ဆိုတဲ့ ပြောဆိုချက်တွေဟာ ချက်ချင်းပြန်နှံ့သွားပြီး လူထုကြားမှာ စိုးရိမ်မှု မြင့်တက်လာကြပါတယ်။ မြို့ပေါ်နေပြည်သူတွေဟာ ကျေးလက်ဒေသ တခြားမြို့နဲ့ နယ်စပ်ဘက်ကို ကြိုတင်တိမ်းရှောင်သွားသူ များလာတယ်လို့ ကလေးမြို့ တာဟန်းရပ်ကွက်က အရပ်ဖက်အဖွဲ့အစည်းတစ်ခုက ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

“ရောဂါအခံရှိတဲ့သူတွေ၊ နှလုံးရောဂါအခံရှိတဲ့သူတွေ ရွှေ့ကြတယ်၊ ကလေးဖက်လည်းတော်တော်များများ ရွှေ့လာကြ တယ်။ မြို့တွင်းမှာက ညတိုင်းမဟုတ်၊ မနက်တိုင်း ကြက်တွန်သံလိုပဲ စောစောစီးစီးကနေ မြည်နေတာများတော့ ကြောက်တတ်တဲ့သူတွေ ထွက်ကြတာပေါ့၊ တချို့လူတွေ-အိန္ဒိယဘက်သွားနိုင်တဲ့သူတွေသွားတာပေါ့၊ တချို့က ခမ်းပတ် ဘက်သွားတယ်”

ကလေးမြို့ဟာ ရပ်ကွက်ပေါင်း ၁၉ ရပ်ကွက်နဲ့ဖွဲ့စည်းထားပြီး အိန္ဒိယ-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်မှာ တည်ရှိတဲ့ စီးပွားရေးအချက်အချာကျတဲ့မြို့ဖြစ်ပါတယ်။ မြို့နယ်လူဦးရေ ၄ သိန်းလောက်ရှိပြီးတော့ ဗမာနဲ့ ချင်းလူမျိုး အများစုနေထိုင်တဲ့မြို့ဖြစ်ပါတယ်။

အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေကြတဲ့ ပြည်သူတွေကို အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့တဲ့ စစ်ကောင်စီကို ကလေးမြို့ပြည်သူတွေက တာဟန်းခံတပ် တည်ဆောက်ပြီး အဦးဆုံး လက်နက်ကိုင်ဆန့်ကျင်တော်လှန်ခဲ့တဲ့မြို့ဖြစ်ပါတယ်။

စစ်ရေးနဲ့ စီးပွားရေးမှာ အဓိကအချက်ချာကျတဲ့မြို့ဖြစ်တဲ့ ကလေးမြို့မှာ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ဒကစ)၊ ၂၂၈၊ ၈၉၊ ထောက်ပို့တပ် အပါအ၀င် စစ်ကောင်စီတပ်ရင်း အနည်းဆုံး ၅ ခုလောက်ရှိတည်ပါတယ်။ ယခုလက်ရှိအနေအထားမှာ ကလေးမြို့နယ်ရဲ့ ကျေးလက်ဒေသအများစုကိုတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စိုးမိုးနိုင်ပြီလို့ ဆိုနိုင်ပေမယ့် ကလေးမြို့ပေါ်ကိုတော့ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်သေးတယ်လို့ဆိုရမှာပါ။

ဒါပေမယ့် ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ကလေးမြို့ပေါ်က စကစတပ်ရင်း၊ တပ်စခန်းတွေ၊ ရဲစခန်း စစ်ဆေး ရေးဂိတ်တွေ စကစ တပ်စွဲရာနေရာအပါအဝင် ပျူစောထီးကျေးရွာအနီးတို့မှာ နေထိုင်ကြတဲ့ ပြည်သူတွေ ဘေးလွတ်ရာ ကို အချိန်မီ ရှောင်တိမ်းကြဖို့ ထုတ်ပြန်လာပြီးတဲ့နောက်မှာတော့ မြို့ပေါ်စစ်ဆင်ရေးတွေ စတင်ဖော်ဆောင်တော့မယ်ဆိုပြီး စိုးရိမ်လာကြတာကြောင့် အဲဒီအနီးအနားမှာရှိတဲ့ ပြည်သူတွေသာမက မြို့ထဲကပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေကြတာဖြစ်ပါတယ်။

ကလေးမြို့ ဒကစ တပ်အနီးမှာတည်ရှိတဲ့ ဒေါ်မီးမီး (နာမည်လွဲ) ကတော့ တိုက်ပွဲဖြစ်လာမှာ စိုးရိမ်တာကြောင့် ဘေးလွတ်ရာဆွေမျိုးတွေအိမ်ကို ပြောင်းရွှေနေရတယ်လို့ ခုလိုပြောဆိုပါတယ်။

“အခုလောလောဆယ် ကျွန်တော်လည်း ရွေ့နေရတယ်။ ကျွန်တော်က တပ်ဘေးမှာလေ၊ ကျွန်တော်ကတော့ ဆွေမျိုးသားချင်းအိမ်ပဲရွေ့ရတာပေါ့။ အဝေးကြီးလည်းမသွားနိုင်ဘူးဆိုတော့၊ ပြီးတော့ လမ်းတွေကလည်း ပိတ်တဲ့ နေရာက ပိတ်ထားတယ်ဆိုတော့၊ အဝေးသွားဖို့လည်း လမ်းစရိတ်တွေက မလုံလောက်ကြဘူး၊ မြို့ထဲမှာပဲ ဆွေမျိုးနီးစပ်တဲ့ နေရာမှာပဲနေကြတာ ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဖြစ်တဲ့နေရာမှာပဲ၊ကြုံတဲ့အရာကို ရင်ဆိုင်တော့မယ်ဆိုပြီး ရွေ့ လိုက်တော့တာ”

ကလေးမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ရင်း တပ်စခန်းအနီးမှာရှိတဲ့သူတွေ အမျာစုကတော့ အကုန်လုံးနီးပါး ဘေးလွတ်ရာကို ပြောင်းရွှေ့နေကြပြီလို့ ဒေါ်မီးမီးသူက ဆက်ပြောပါတယ်။

“တော်တော်ရွှေ့ကြတယ်၊ ကျွန်တော်တို့ တပ်ဘေးကသူတွေတော့ ရွှေ့ကုန်ကြပြီ၊ အခုလက်ရှိလည်း ရွှေ့နေဆဲသူတွေလည်းရှိတယ်၊ သူတို့ဆွေးမျိုးရှိတဲ့နေရာ၊ တချို့ကျတော့လည်း တောင်ပေါ်ဖက်ကို၊ တချို့ကြတော့လည်း စစ်တပ်နဲ့ နည်းနည်းဝေးတဲ့နေရာ မြို့တွင်း အတွင်းပိုင်းကျကျသွားကြတယ်”

ယခုလက်ရှိမှာလည်း ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုံခြုံရေးအခြေအနေကြောင့် ကျေးလက်ဒေသက ပြည်သူတွေကို ကျန်းမာရေး အရေးပေါ်ကိစ္စကလွဲပြီး ကလေးမြို့ပေါ်သို့ သွားလာခွင့်ပိတ်ပင်ထားပြီး ကလေးမြို့ပေါ်ကလူတွေလည်း ကျေးရွာဘက်သို့ သွားလာခွင့်ပိတ်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကလေးမြို့နဲ့ ပြည်မဘက်ကိုဆက်သွယ်ထားတဲ့ ကားလမ်းမကြီးတွေလည်းဖြတ်သန်းသွားလာခွင့်မရှိ သလို တချို့မှာ ကားလမ်းပျက်စီးမှုတွေကြောင့် ကလေးမြို့ထဲကို ကုန်တင်ကားတွေမ၀င်ရောက်နိုင်တာကြောင့် ကုန်ပစ္စည်းနဲ့ လောင်စာဆီတွေလည်း ပြတ်လပ်လုနီးပါးဖြစ်နေပြီလို့သိရပါတယ်။

“ကုန်စျေးနူန်းကလည်း မတရားမြင့်တယ်ဆိုတော့ ဝယ်စရာ၊ချမ်းစရာလည်း မရှိတော့ဘူး၊ ကိုယ်ကပြေးမယ်ဆိုတော့ ကလေးတွေလည်းပါတယ်ဆိုတော့ ခေါက်ဆွဲခြောက်လေး၊ဘာ လေးဝယ်တာတောင်မှမရွိတော့ဘူး၊ ဟိုနားနည်းနည်း ဒီးနားနည်းနည်း ဝယ်စုရတော့တာ”

တချိန်တည်းမှာပဲ ကလေးမြို့နဲ့ ချင်းပြည်နယ်မြောက်ပိုင်းကို ဆက်သွယ်တဲ့ ကလေး-သိုင်းငင်းကားလမ်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF CDM-Siyin တပ်ဖွဲ့က စစ်ရေးလုံခြုံရေးအခြေအနေကြောင့် နို၀င်ဘာလ ၂၇ ရက်နေ့ ကတည်းက ပိတ်ပင်ထားတာကြောင့် ချင်းတောင်ဘက်မှာလည်း လောင်စာဆီပြတ်လပ်မှု အခက်အခဲတွေကြုံနေရတယ် လို့ ဖလမ်းမြို့နယ် ဗားလုံကျေးရွာက ကော်ဖီထုပ်တောင်သူတစ်ဦးက ပြောပါတယ်။

“ကျွန်မတို့က ခါတိုင်းဆို တောင်ယာသွားရင်လည်း ဆိုင်ကယ်ပဲသုံးတာ၊ အထူးသဖြင့် ကော်ဖီထုပ်တွေသယ်တဲ့အခါ ဆိုင်ကယ်နဲ့ပဲသယ်တာ၊ အခုတော့ လူကပဲထမ်းနေရတယ် အိမ်အထိ ၃ မိုင်လောက်ကို။ ပြီးတော့ ခြေလျှင်နဲ့ပဲသွား လာနေရတော့တယ်။ ဓာတ်ဆီဝယ်ဖို့တောင် ရွာထဲမှာ မရှိသလောက်ပဲအခု”

ချင်းပြည်နယ်မြောက်ပိုင်းဒေသက ပြည်သူတွေဟာ သီးနှံနဲ့ ကုန်စိမ်းတွေကို ကလေးမြို့သို့ တင်ပို့နေကြတာဖြစ်ပြီး အခုလို တောင်ယာထွက်သီးနှံတွေ အရောင်းဝယ်မလုပ်ကိုင်နိုင်တော့တာကြောင့် ဝင်ငွေပြတ်လပ်မှု အကြပ်တည်းတွေ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။

ဒီလိုကားလမ်းပိတ်ထားမှုကြောင့် ချင်းတောင်ဒေသက သီးနှံများ အရောင်အဝယ်လုပ်ကိုင်သူတွေနဲ့ တောင်ယာစိုက်မျိုးရေး လုပ်ကိုင်သူတွေ အကြပ်အတည်းကြုံတွေ့နေရတယ်လို့ တောင်ယာလုပ်ကိုင်သူတစ်ဦးက ပြောပါတယ်။

“ကျွန်တော်တို့က တောင်ယာကထွက်တဲ့ ကော်ဖီထုပ်နဲ့ အာလူးတွေ၊ ကောက်ပဲသီးနှံတွေအားလုံးက ကလေးကို ကားနဲ့သည်ပြီး ရောင်းနေရတာ။ အခုက ကားလမ်းကလည်းပိတ်တော့ သီးနှံတွေက ရောင်းလို့မရဘူး။ သီးနှံတွေကလည်း သူ့အချိန်နဲ့အခါ ယူရတာ၊ မဟုတ်ရင် ရစ်ကုန်ပြီးတော့ ပုပ်သိုးတာ ဂေါ်ဖီထုပ်တွေဆို။ အခုလလည်း ဒီတိုင်း တောင်ယာမှာ ထားလိုက်တယ် မယူတော့ဘူး။ ဝတ်စာအတွက်ပဲယူဖြစ်တယ်”

ကလေး-သိုင်းငင်းကားလမ်းပိတ်ထားတာကြောင့် ကလေးမြို့ကဒေသခံပြည်သူတွေဟာ အိန္ဒိယ-မြန်မာ နယ်စပ်ဘက်ကိုသွားချင်ရင် ကလေး-ေ၀ဘူလ-ဖလမ်း ဘက်ကနေ ကွေ့ပတ်ပြီး သွားလာရတာကြောင့် ကားခမှာလည်း ၅ ဆကျော်မြင့် တက်သွားတယ်လို့ သိရပါတယ်။

ယခင်က ကလေးမြို့ကနေ အိန္ဒိယ-မြန်မာနယ်စပ် ရိခေါဒါရ်မြို့ကို သွားမယ်ဆိုရင် လူတစ်ဦးမှာ ကျပ်ငွေ ၃ သောင်းခွဲ လောက်ပေးရပေမယ့် ခုအခါမှာတော့ တစ်သိန်းရှစ်သောင်းအထိမြင့်တက်သွားတာဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် ကလေးမြို့က ပြည်သူတွေဟာ နယ်စပ်ဘက်ကို တိမ်းရှောင်ချင်ပေမယ့် ငွေကြေးအခက်အခဲ လမ်းပန်းဆက် သွယ်ရေးအခက်အခဲကြောင့် ဘယ်မှသွားမရပဲဖြစ်နေကြတာလို့ ဒေသခံတွေကပြောပါတယ်။

ယခုလက်ရှိအနေအထားမှာတော့ ကလေးမြို့ပေါ်မှာ ကြီးမားတဲ့ စစ်ဆင်ရေးတွေ ဖြစ်မလာသေးပေမယ့် စစ်ကောင်စီတပ်ကတော့ ပြည်သူ့ကာကွယ်ရေးတွေ အခြေစိုက်တယ်လို့ ယူဆတဲ့ ကျေးရွာတွေဘက်ကို နေ့ရောညပါ လက်နက်ကြီးပစ်ခတ်နေပါတယ်။ ဒါ့အပြင် မြို့ပေါ်မှာလည်း လုံခြုံရေးစစ်ဆေးမှုတွေကို တင်းတင်ကြပ်ကြပ်ဆောင်ရွက်နေပြီး အလုပ်အကိုင် အကြပ်အတည်းသာမက စားဝတ်နေရေးအထိ တဖြည်းဖြည်းနဲ့ အထွေထွေကြပ်တည်းမှုကပ်စိုက်လာမယ့် အခြေအနေမှာ ရှိနေပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

#Article”ချင်းကို ကာရံညှိခြင်း”

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
January 17, 2026

#interview“ဝန်ကြီးချုပ်ဆိုရင် သူ့ရဲ့ PSO က အစ၊ သူရဲ့ အမျိုးတွေ အကုန်လုံး ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့ လုပ်နေကြတာ” CDF – ဟားခါး ဥက္ကဌ Salai Hram Lian

January 7, 2026

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

January 2, 2026

#Article”ချင်းကို ကာရံညှိခြင်း”

December 17, 2025

တူမီးတော်လှန်ရေးရဲ့ လက်တကမ်းမှာ ပိုခက်ခဲလာတဲ့ အမေ့လျှော့ခံ ချင်းစစ်ဘေးရှောင်ရဲ့ ရှေ့ခရီး

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.