Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်ရှောင်ချင်းလူငယ်များ နေရပ်ပြန်တိုက်ပွဲဝင်ကြရန် မီဇိုရမ်အထက် လွှတ်တော်အမတ် တိုက်တွန်း

စစ်ရှောင်ချင်းလူငယ်များ နေရပ်ပြန်တိုက်ပွဲဝင်ကြရန် မီဇိုရမ်အထက် လွှတ်တော်အမတ် တိုက်တွန်း

0
By Editor on April 12, 2025 Khonumthung

(005MK)

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အတွင်း စစ်ဘေးတိမ်းရှောင်နေကြသည့် ချင်းလူငယ်များအနေဖြင့် နေရပ်ပြန်ပြီး တိုက်ပွဲဝင်ကြရန် မီဇိုရမ်ပြည်နယ် အထက် လွှတ်တော်အမတ် Pu K.Vanlalvena ကပြောသည်။

မီဇိုရမ်ပြည်နယ် ၊ အိုင်ဇောလ်မြို့ရှိ မီဇိုးအမျိုးသားတပ်ဦးပါတီ(MNF) ရုံးခန်းတွင် ဧပြီလ ၁၁ရက်နေ့ က ကျင်းပပြုလုပ် သည့် ပါတီအစည်းအဝေးတွင် လွှတ်တော်အမတ်က ထိုကဲ့သို့တိုက်တွန်းပြောဆိုသွားခြင်းဖြစ်သည်။

“ချင်းပြည်နယ်က ငါတို့ပြည်နယ်ဖြစ်တယ်လို့ ခံယူတယ်ဆိုရင် တော်လှန်ရေးမှာပါဝင်ပြီး စစ်ကောင်စီကိုတိုက်ခိုက်ဖို့ နေရပ်ပြန်ဖို့လိုပါတယ်၊ လိုအပ်တဲ့အကူအညီတွေကို ထောက်ပံ့ပေးဖို့ ကျနော်တို့ အဆင်သင့် ရှိပါတယ်” ဟု မီဇိုရမ် အထက်လွှတ်တော်အမတ်က ပြောသည်။

မီဇိုရမ်ပြည်နယ်ထက် သုံးဆခန့်ကျယ်ဝန်းသော ချင်းပြည်နယ်တွင် လူဦးရေ ၅၀၀,၀၀၀ (ငါးသိန်း) ခန့်သာရှိပြီး စစ်ရေး ပဋိပက္ခများကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေကြရကာ မီဇိုရမ်ပြည်နယ်မြို့ကြီးများတွင် ချင်းလူငယ်အများအပြားကို တွေ့မြင်နေရသည်ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် မီဇိုရမ်တွင်ရောက်ရှိနေကြသည့် ချင်းလူငယ်အများအနေဖြင့် စစ်ကောင်စီကို တိုက်ထုတ်ရန် နေရပ်ပြန်ပြီး တိုက်ပွဲဝင်ရန်လိုအပ်သည်ဟု ပြောသည်။

၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မြန်မာ့နိုင်ငံရေးအခြေအနေကြောင့် မီဇိုရမ်ပြည်နယ်အတွင်း ဝင်ရောက်လာသည့် စစ်ဘေးရှောင်များကို ပြည်နယ်အစိုးရအနေဖြင့် တတ်နိုင်သမျှ ကူညီစောင့်ရှောက်ခဲ့ကြသော်လည်း အချိန်ကြာလာသည်နှင့်အမျှ ဆက်လက်အကူအညီပေးရေးများတွင် အခက်အခဲရှိလာသည်ဟုလည်း ၎င်းကပြောသည်။

ယခုလက်ရှိ မီဇိုရမ်ပြည်နယ်တွင် မြန်မာစစ်ဘေးရှောင် ၃ သောင်းကျော်နေထိုင်ကြသည်ဟု သိရသည်။

မီဇိုရမ်ပြည်နယ် အထက်လွှတ်တော်အမတ် Pu K.Vanlalvena သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ချင်းအမျိုးသားတပ်ဦး CNF ဗဟိုဌာနချုပ် Chinlung မြို့ကို သွားရောက်ပြီး ချင်းပြည်ကောင်စီ၊ ချင်းပြည်အစိုးရ၊ ချင်းအမျိုးသားတပ်ဦး CNF တို့နှင့် တွေ့ဆုံနွေးဆွေးမှုပြုလုပ်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းနှင့်အတူ CDF- Hakha ထံလင်းဝင်၊ စစ်သား ၁ ဦးအရှင်ဖမ်းမိ

CDF – အရှို စစ်ရေးနယ်မြေမှာ အခြေခံပညာကျောင်းများ ဖွင့်လှစ်မှုကို ဝင်ရောက်စွက်ဖက်မည် မဟုတ်ဟုဆို

ပလက်ဝမြို့နယ်တွင် သိက္ခာတော်ရပါစတာတစ်ဦးကို AA အရာရှိတဦးက အကြောင်းမဲ့ ရိုက်နှက်

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
May 16, 2025

“စစ်ချုပ်တစ်ဦးက “Yes” လို့ ပြောရင် အောက်ခြေအထိ “Yes” ဖြစ်မယ့် Chain of Command ကောင်းကောင်းကို တည်ဆောက်နိုင်အောင်အချိန်ယူပြီးတော့ ပြင်ဆင်နေတဲ့အချိန် ဖြစ်တယ်”

April 24, 2025

“ZRA က တွန်းဇန်မြို့နယ်နဲ့ တီးတိန်မြို့နယ်ကို ဇိုမီးပြည်နယ်ပုံစံအနေနဲ့ သီးခြားပြည်နယ်ပုံစံမျိုးနဲ့ ရပ်တည်ချင်တာ”

April 11, 2025

“ကျနော်တို့ ငါးလကျော် တိုက်ခိုက်ခဲ့ရတဲ့ အကြောင်းအရင်းက ဖလမ်းက ဗျူဟာအရ အရမ်းကို အချက်အချာကျတဲ့ မြို့တစ်မြို့ဖြစ်ပါတယ်”

March 31, 2025

“သူများနိုင်ငံမှာ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့တော့မသေချင်ဘူး၊ မြန်မာပြည်ကြီး အမြန် ကောင်းစေချင်လှပါပြီ”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.