• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရင်း ကျဆုံးသွားသူများအတွက် အောက်မေ့ဖွယ်အခမ်းအနား မီဇိုရမ်ပြည်နယ်တွင် ကျင်းပမည်

စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရင်း ကျဆုံးသွားသူများအတွက် အောက်မေ့ဖွယ်အခမ်းအနား မီဇိုရမ်ပြည်နယ်တွင် ကျင်းပမည်

0
By Editor on March 16, 2021 Khonumthung
#Unicode
ရစ်ချက် – မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ကာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြသည့်ပြည်သူများအား စစ်တပ်က အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုကြောင့် ကျဆုံးသွားသူများအတွက် အောက်မေ့ဖွယ်အခမ်းအနားကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်တွင် ယနေ့ည ပြုလုပ်ကြမည်ဟုသိရသည်။
အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားကို မီဇိုးကျောင်းသားသမဂ္ဂ(MZP) ၏ ဦးဆောင်မှုဖြင့် ယနေ့ည ၇ နာရီခွဲတွင် ပြည်နယ်၏မြို့တော် အိုင်ဇောလ်မြို့ Millennium ကုန်တိုက်ရှေ့တွင် ဖယောင်းတိုင်များထွန်းကာ Vanapa Hall အထိချီတက်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒဖော်ထုတ်သူများကို ရဲနှင့်စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုကြောင့် မတ်လ ၁၅ ရက်နေ့အထိ အရပ်သားပြည်သူ ၁၁၄ ဦးသေဆုံးပြီဟု Voice of Myanmar သတင်းဌာန၏ စာရင်းပြုစုချက်အရ သိရသည်။
မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့သည် မြန်မာ့ဒီမိုကရေစီအရေးနှင့်ပတ်သက်၍ ရှေ့တန်းမှအားပေးထောက်ခံသည့်အဖွဲ့ဖြစ်ပြီး ယခုလက်ရှိနိုင်ငံရေးအခြေအနေကြောင့် ၎င်းတို့ပြည်နယ်ထဲသို့ ထွက်ပြေးခိုလှုံလာကြသူများ ကူညီထောက်ပံ့နိုင်ရေးအ တွက် မတ်လ ၂၀ ရက်နေ့တွင် ရန်ပုံငွေရှာဖွေသည့် Mobile Concert လည်းပြုလုပ်ရန်စီစဉ်ထားကြောင်းသိရသည်။
မီဇိုရမ်ပြည်နယ်ပြည်ထဲရေးဌာန၏ မှတ်တမ်းအရ လက်ရှိတွင် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာသော မြန်မာနိုင်ငံသား (Refugee) လူဦးရေ ၃၇၀ ကျော် ရှိနေပြီဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu Lalchamliana က ပြော သည်။
#Zawgyi
ရစ္ခ်က္ – ျမန္မာႏိုင္ငံတြင္ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ေတာ္လွန္ကာ ၿငိမ္းခ်မ္းစြာဆႏၵေဖာ္ထုတ္ၾကသည့္ျပည္သူမ်ားအား စစ္တပ္က အၾကမ္းဖက္ၿဖိဳခြင္းပစ္ခတ္မႈေၾကာင့္ က်ဆံုးသြားသူမ်ားအတြက္ ေအာက္ေမ့ဖြယ္အခမ္းအနားကို အိႏိၵယႏိုင္ငံ အေရွ႕ေျမာက္ျပည္နယ္ မီဇိုရမ္တြင္ ယေန႔ည ျပဳလုပ္ၾကမည္ဟုသိရသည္။
အဆိုပါ ေအာက္ေမ့ဖြယ္အခမ္းအနားကို မီဇိုးေက်ာင္းသားသမဂၢ(MZP) ၏ ဦးေဆာင္မႈျဖင့္ ယေန႔ည ၇ နာရီခြဲတြင္ ျပည္နယ္၏ၿမိဳ႕ေတာ္ အိုင္ေဇာလ္ၿမိဳ႕ Millennium ကုန္တိုက္ေရွ႕တြင္ ဖေယာင္းတိုင္မ်ားထြန္းကာ Vanapa Hall အထိခ်ီတက္ၾကမည္ျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ စစ္အာဏာရွင္စနစ္ဆန္႔က်င္ဆႏၵေဖာ္ထုတ္သူမ်ားကို ရဲႏွင့္စစ္တပ္ကအၾကမ္းဖက္ၿဖိဳခြင္းပစ္ခတ္မႈေၾကာင့္ မတ္လ ၁၅ ရက္ေန႔အထိ အရပ္သားျပည္သူ ၁၁၄ ဦးေသဆံုးၿပီဟု Voice of Myanmar သတင္းဌာန၏ စာရင္းျပဳစုခ်က္အရ သိရသည္။
မီဇိုးေက်ာင္းသားသမဂၢအဖြဲ႔သည္ ျမန္မာ့ဒီမိုကေရစီအေရးႏွင့္ပတ္သက္၍ ေရွ႕တန္းမွအားေပးေထာက္ခံသည့္အဖြဲ႔ျဖစ္ၿပီး ယခုလက္ရွိႏိုင္ငံေရးအေျခအေနေၾကာင့္ ၎တို႔ျပည္နယ္ထဲသို႔ ထြက္ေျပးခိုလံႈလာၾကသူမ်ား ကူညီေထာက္ပံ့ႏိုင္ေရးအ တြက္ မတ္လ ၂၀ ရက္ေန႔တြင္ ရန္ပံုေငြရွာေဖြသည့္ Mobile Concert လည္းျပဳလုပ္ရန္စီစဥ္ထားေၾကာင္းသိရသည္။
မီဇိုရမ္ျပည္နယ္ျပည္ထဲေရးဌာန၏ မွတ္တမ္းအရ လက္ရွိတြင္ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးခိုလႈံလာေသာ ျမန္မာႏိုင္ငံသား (Refugee) လူဦးေရ ၃၇၀ ေက်ာ္ ရွိေနၿပီျဖစ္ေၾကာင္း မီဇိုရမ္ျပည္နယ္ ျပည္ထဲေရးဝန္ႀကီး Pu Lalchamliana က ေျပာ သည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

လက်နက်ကြီးကြောင့် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးအပါအဝင် လူ ၄ ဦးဒဏ်ရာရ

ချင်း-လူရှိုင်း-ကူကီးမျိူးနွယ်များ အုပ်ချုပ်မှုတစ်ခုအောက်မှာ ပြန်လည်စုစည်းနေထိုင်ရေး ဆောင်ရွက်မည်ဟုဆို

တီးတိန်မြို့နယ် တက်လွေး TeekLui ကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်ပြာကျ

Leave A Reply Cancel Reply

  • Featured Article
May 24, 2023

“စကစအနေနဲ့ ကူညီကယ်ဆယ်‌ရေး ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ ဝင်လာပြီး တပ်အင်အား ဖြည့်လာနိုင်တယ်”

April 27, 2023

ပထမဆုံး လွတ်မြောက်ဒေသဖြစ်လာမည့် ချင်းပြည်

April 14, 2023

အိပ်စက်သွားတဲ့နှလုံးသားတွေကို အချစ်စွမ်းအားနဲ့ နိုးထစေခဲ့သူ (သို့) ချင်းတောင်တန်းရဲ့ ဂီတကြယ်တစ်ပွင့်နှင့် တွေ့ဆုံခြင်း – အပိုင်း (၂)

April 14, 2023

“စစ်ကောင်စီယာဉ်အားလုံးကို ဖျက်ဆီးထိန်းသိမ်းနိုင်ခဲ့တယ် ဟားခါးကို တစ်စီးမှဝင်နိုင်မှာမဟုတ်တော့ပါဘူး”

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.