Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရင်း ကျဆုံးသွားသူများအတွက် အောက်မေ့ဖွယ်အခမ်းအနား မီဇိုရမ်ပြည်နယ်တွင် ကျင်းပမည်

စစ်အာဏာရှင်စနစ်ဆန့်ကျင်တော်လှန်ရင်း ကျဆုံးသွားသူများအတွက် အောက်မေ့ဖွယ်အခမ်းအနား မီဇိုရမ်ပြည်နယ်တွင် ကျင်းပမည်

0
By Editor on March 16, 2021 Khonumthung
#Unicode
ရစ်ချက် – မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ကာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ကြသည့်ပြည်သူများအား စစ်တပ်က အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုကြောင့် ကျဆုံးသွားသူများအတွက် အောက်မေ့ဖွယ်အခမ်းအနားကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပြည်နယ် မီဇိုရမ်တွင် ယနေ့ည ပြုလုပ်ကြမည်ဟုသိရသည်။
အဆိုပါ အောက်မေ့ဖွယ်အခမ်းအနားကို မီဇိုးကျောင်းသားသမဂ္ဂ(MZP) ၏ ဦးဆောင်မှုဖြင့် ယနေ့ည ၇ နာရီခွဲတွင် ပြည်နယ်၏မြို့တော် အိုင်ဇောလ်မြို့ Millennium ကုန်တိုက်ရှေ့တွင် ဖယောင်းတိုင်များထွန်းကာ Vanapa Hall အထိချီတက်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒဖော်ထုတ်သူများကို ရဲနှင့်စစ်တပ်ကအကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုကြောင့် မတ်လ ၁၅ ရက်နေ့အထိ အရပ်သားပြည်သူ ၁၁၄ ဦးသေဆုံးပြီဟု Voice of Myanmar သတင်းဌာန၏ စာရင်းပြုစုချက်အရ သိရသည်။
မီဇိုးကျောင်းသားသမဂ္ဂအဖွဲ့သည် မြန်မာ့ဒီမိုကရေစီအရေးနှင့်ပတ်သက်၍ ရှေ့တန်းမှအားပေးထောက်ခံသည့်အဖွဲ့ဖြစ်ပြီး ယခုလက်ရှိနိုင်ငံရေးအခြေအနေကြောင့် ၎င်းတို့ပြည်နယ်ထဲသို့ ထွက်ပြေးခိုလှုံလာကြသူများ ကူညီထောက်ပံ့နိုင်ရေးအ တွက် မတ်လ ၂၀ ရက်နေ့တွင် ရန်ပုံငွေရှာဖွေသည့် Mobile Concert လည်းပြုလုပ်ရန်စီစဉ်ထားကြောင်းသိရသည်။
မီဇိုရမ်ပြည်နယ်ပြည်ထဲရေးဌာန၏ မှတ်တမ်းအရ လက်ရှိတွင် မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခိုလှုံလာသော မြန်မာနိုင်ငံသား (Refugee) လူဦးရေ ၃၇၀ ကျော် ရှိနေပြီဖြစ်ကြောင်း မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu Lalchamliana က ပြော သည်။
#Zawgyi
ရစ္ခ်က္ – ျမန္မာႏိုင္ငံတြင္ စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ေတာ္လွန္ကာ ၿငိမ္းခ်မ္းစြာဆႏၵေဖာ္ထုတ္ၾကသည့္ျပည္သူမ်ားအား စစ္တပ္က အၾကမ္းဖက္ၿဖိဳခြင္းပစ္ခတ္မႈေၾကာင့္ က်ဆံုးသြားသူမ်ားအတြက္ ေအာက္ေမ့ဖြယ္အခမ္းအနားကို အိႏိၵယႏိုင္ငံ အေရွ႕ေျမာက္ျပည္နယ္ မီဇိုရမ္တြင္ ယေန႔ည ျပဳလုပ္ၾကမည္ဟုသိရသည္။
အဆိုပါ ေအာက္ေမ့ဖြယ္အခမ္းအနားကို မီဇိုးေက်ာင္းသားသမဂၢ(MZP) ၏ ဦးေဆာင္မႈျဖင့္ ယေန႔ည ၇ နာရီခြဲတြင္ ျပည္နယ္၏ၿမိဳ႕ေတာ္ အိုင္ေဇာလ္ၿမိဳ႕ Millennium ကုန္တိုက္ေရွ႕တြင္ ဖေယာင္းတိုင္မ်ားထြန္းကာ Vanapa Hall အထိခ်ီတက္ၾကမည္ျဖစ္သည္။
ျမန္မာႏိုင္ငံတြင္ စစ္အာဏာရွင္စနစ္ဆန္႔က်င္ဆႏၵေဖာ္ထုတ္သူမ်ားကို ရဲႏွင့္စစ္တပ္ကအၾကမ္းဖက္ၿဖိဳခြင္းပစ္ခတ္မႈေၾကာင့္ မတ္လ ၁၅ ရက္ေန႔အထိ အရပ္သားျပည္သူ ၁၁၄ ဦးေသဆံုးၿပီဟု Voice of Myanmar သတင္းဌာန၏ စာရင္းျပဳစုခ်က္အရ သိရသည္။
မီဇိုးေက်ာင္းသားသမဂၢအဖြဲ႔သည္ ျမန္မာ့ဒီမိုကေရစီအေရးႏွင့္ပတ္သက္၍ ေရွ႕တန္းမွအားေပးေထာက္ခံသည့္အဖြဲ႔ျဖစ္ၿပီး ယခုလက္ရွိႏိုင္ငံေရးအေျခအေနေၾကာင့္ ၎တို႔ျပည္နယ္ထဲသို႔ ထြက္ေျပးခိုလံႈလာၾကသူမ်ား ကူညီေထာက္ပံ့ႏိုင္ေရးအ တြက္ မတ္လ ၂၀ ရက္ေန႔တြင္ ရန္ပံုေငြရွာေဖြသည့္ Mobile Concert လည္းျပဳလုပ္ရန္စီစဥ္ထားေၾကာင္းသိရသည္။
မီဇိုရမ္ျပည္နယ္ျပည္ထဲေရးဌာန၏ မွတ္တမ္းအရ လက္ရွိတြင္ မီဇိုရမ္ျပည္နယ္ကို ထြက္ေျပးခိုလႈံလာေသာ ျမန္မာႏိုင္ငံသား (Refugee) လူဦးေရ ၃၇၀ ေက်ာ္ ရွိေနၿပီျဖစ္ေၾကာင္း မီဇိုရမ္ျပည္နယ္ ျပည္ထဲေရးဝန္ႀကီး Pu Lalchamliana က ေျပာ သည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

အိန္ဒိယ- မြန်မာနယ်စပ်က မရာလူငယ်အဖွဲ့၏စစ်ဆေးရေးဂိတ်ကို မီးရှို့သည့် ရခိုင်ကုန်သည်တချို့ကို အရေးယူပေးရန် ULA/AA ထံ IFM တောင်းဆို

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 4, 2026

ကလေးမြို့က သားသည်မိခင်တို့၏ ညစဉ်ခြောက်လှန့်အိပ်မက်နှင့် ပေါ်တာဆွဲမှု အရေခြုံစစ်မှုထမ်းဥပဒေ

August 26, 2026

“ဒဏ်ရာများထက် ပိုမိုတောက်ပသော အနာဂတ်အတွက် ပေးဆပ်မှု”

June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
September 17, 2026

Palangvum (သို့) ပလက်ဝတွင် ဘာတွေဖြစ်နေလဲ

September 16, 2026

ဆိုင်းဇန်ရွာတွင် နှစ်ထပ်အိမ် မီးလောင်ပြာကျ၊ ကျပ်သိန်း ၁၀၀၀ ကျော် ဆုံးရှုံး

September 16, 2026

ထွက်ပြေးသွားသော စစ်သုံ့ပန်း ၈၀ ကျော်ထဲမှ ထက်ဝက်ခန့် တီးတိန်မြို့ ခရလ ၂၆၉ ထံဝင်ရောက်၊ ၂၀ နီးပါးကို PDF-Zoland ပြန်လည်ဖမ်းမိ

September 16, 2026

လုံခြုံရေးအခြေအနေကြောင့် တီးတိန်-ရိဒ် လမ်းပိုင်းကို CDF-Hualngoram ပိတ်ထား

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.