• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»ဇိုတုန်နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က မောင်းပြန်သေနတ် ၂ လက် သိမ်းဆည်းရမိ

ဇိုတုန်နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ ချင်းကာကွယ်ရေးတပ်ဖွဲ့ဘက်က မောင်းပြန်သေနတ် ၂ လက် သိမ်းဆည်းရမိ

0
By Editor on February 9, 2023 Headline

ချင်းပြည်နယ် မတူပီမြို့နယ် ဇိုတုန်နယ်မြေဒေသတွင် ယနေ့ နေ့ခင်းပိုင်းက စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားကာ စစ်ကောင်စီဘက်က အများအပြားကျဆုံးနိုင်ပြီး မောင်းပြန်သေနတ် ၂ လက်လည်း သိမ်းဆည်းရမိသည်ဟု CDF-Zotung က သတင်းထုတ်ပြန်သည်။

ယနေ့ဖေဖော်ဝါရီလ ၈ ရက် နေ့လည် ၁၂ နာရီမှ ၂ နာရီအထိ စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသော CDF-Zotung၊ CNA ၊ CDF-Matupi ၊ CDF-Senthang ၊ CDF- lautu ၊ CDF-Zophei တို့ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့ကြပြီး ချင်းကာကွယ်ရေးဘက် အထိအခိုက်မရှိကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့များသည် ရေဇွာမြို့နှင့် မိုင် ၂၀ အကွာရှိ ဇိုတုန်ရွာတစ်ရွာတွင် ညအိပ်တပ်စွဲခဲ့ကြသည်ဟု CDF-Zotung က ဆိုသည်။

“သူတို့နေတဲ့နေရာက ရွာနဲ့မိုင် ၂၀ လောက်ဝေးတဲ့နေရာမှာပဲဆို‌တော့ ပိုးပြီးတော့ တိုက်ပွဲဖြစ်လာနိုင်ခြေရှိတယ်” ဟု CDF-Zotung ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဒေနီက ပြောသည်။

ထို့ကြောင့် ဇိုတုန်ဒေသတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်လာနိုင်ဖွယ်ရှိပြီး အများပြည်သူများအနေဖြင့် ရေဇွာ-မတူပီကြား ခရီးသွားလာခြင်းမပြုရန် CDF-Zotung က အသိပေးထားသည်။

ဇိုတုန်နယ်တွင် လွန်ခဲ့သော ဖေဖော်ဝါရီ ၅ ရက်နေ့မှစတင်ပြီး စစ်ကောင်စီနှင့် ချင်းကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်လာခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦးခန့် သေဆုံးမှုရှိခဲ့ပြီး၊ CDF-Zotung ဘက်မှ တပ်ရင်းမူးအပါဝင် ၂ ဦးကျဆုံးကာ စစ်ကောင်စီက အရပ်သားပြည်သူ ၈ ဦးကိုလည်း လူသားဒိုင်ကာအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့သည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNLD က နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံတင်မည်မဟုတ်

မတူပီမြို့နယ်တွင် စစ်ကောင်စီတပ်ကို CDF-Matupi က ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၁၂ ဦးသေဆုံး

ကလေးမြို့ တွင် လေယာဉ်လက်မှတ်ဈေးနှုန်းအဆမတန် မြှင့်တက်နေမူကြောင့် ခရီးသွားပြည်သူများ အခက်အခဲ ကြုံတွေ့နေရ

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.