• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Leaderboard Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တတိယအကြိမ် ICJ ကြားနာမှု မြန်မာအကြမ်းဖက်စစ်ကောင်စီ ပိတ်သိမ်းခံရ စစ်ခေါင်းဆောင် (၃) ဦး ICJ မှ အမှုသီးသန့်စစ်ဆေးမည်ဆိုတဲ့ သတင်းအမှား

တတိယအကြိမ် ICJ ကြားနာမှု မြန်မာအကြမ်းဖက်စစ်ကောင်စီ ပိတ်သိမ်းခံရ စစ်ခေါင်းဆောင် (၃) ဦး ICJ မှ အမှုသီးသန့်စစ်ဆေးမည်ဆိုတဲ့ သတင်းအမှား

0
By Editor on February 24, 2022 Khonumthung

ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲထားတဲ့အမှု နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ကြားနာမှုတွေ စတင်နေပါတယ်။

မြန်မာဘက်က လျှောက်လဲချက်ပေးဖို့အတွက် စစ်ကောင်စီကိုယ်စားလှယ် ဦးကိုကိုလှိုင်က သွားရောက်ခဲ့တာဖြစ်ပါတယ်။

ဂျပန်နာမည်နဲ့ အကောင်းတစ်ခုမှာတင်ထားတဲ့ သတင်းအမှားမှာဖော်ပြထားတာကတော့ “တတိယအကြိမ် ICJ ကြားနာမှု မြန်မာအကြမ်းဖက်စစ်ကောင်စီ ပိတ်သိမ်းခံရ စစ်ခေါင်းဆောင် (၃) ဦး ICJ မှ အမှုသီးသန့်စစ်ဆေးမယ်” ဆိုပြီး YouTube Link နဲ့တကွဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းမှန်မမှန် စစ်ဆေးကြည့်တဲ့အခါမှာ တိကျတဲ့ သတင်းအချက်အလက်တွေကို သတင်းဌာနကြီးတွေမှာ တင်ထားတာမတွေသေးပါဘူး။ အဲ့ဒီအပြင် VOA မှာလည်း “ICJ အမှု မြန်မာစစ်ကောင်စီကိုယ်စားလှယ်ဦးကိုကိုလှိုင်နဲ့ VOA မေးမြန်းမှု” ဆိုတဲ့ ခေါင်းစဉ်နဲ့ မေးမြန်းမှုမှာလည်း အဲ့အကြောင်းပါဝင်ခြင်းမရှိတဲ့အတွက် “တတိယအကြိမ် ICJ ကြားနာမှု မြန်မာအကြမ်းဖက်စစ်ကောင်စီ ပိတ်သိမ်းခံရ စစ်ခေါင်းဆောင် (၃)ဦး ICJ မှ အမှုသီးသန့်စစ်ဆေးမယ်” ဆိုတာသတင်းအမှားဖြစ်ကြောင်းဖော်ပြလိုက်ရပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာမွတ်ဆလင်တွေကို လူမျိုးတုံးသတ်ဖြတ်ခဲ့တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို ICJ မှာ တရားစွဲထားတဲ့အမှုအတွက် ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နယ်သာလန်စံတော်ချိန် နေ့လည် ၃ နာရီကနေ ၄ နာရီခွဲအထိ မြန်မာဘက်က ဒုတိယ အကျော့ တင်ပြမှာဖြစ်ပြီး ၂၈ ရက်နေ့ နေ့လည် ၃ နာရီကနေ ၄ နာရီခွဲအထိ ဂမ်ဘီယာဘက်က ဒုတိယအကျော့ တင်ပြမှာဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

တာဟန်းရပ်ကွက်တွင် နေအိမ်တလုံးပေါ် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၊ အိမ်ရှင်အမျိုးသားဒဏ်ရာရ

သေဘောထိုစခန်းသိမ်းစစ်ပွဲတွင် မြန်မာ့တပ်မတော်က နီပိတ် ၆ ဦးကို အရှင်လက်ရဖမ်းဆီးဆိုတဲ့သတင်းအမှား

ထန်တလန်မြို့တွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား ၆ ယောက်သေဆုံး

Leave A Reply Cancel Reply

  • Featured Article
May 18, 2022

“မင်းအောင်လှိုင်ရဲ့စိတ်ရင်းမှာ တကယ့်တကယ် တိုင်းပြည်ရဲ့၊ နိုင်ငံတော်ရဲ့ပြဿနာကို ဖြေရှင်းဖို့ရည်ရွယ်ချက်ဆိုတာ မရှိပါဘူး”

May 3, 2022

“စကစ ရဲ့ ဖိတ်ခေါ်မှုအပေါ် တွေဝေနေစရာမလိုဘူး ကိုယ့်ရပ်တည်ချက်အပေါ် မြဲမြဲရပ်တည်ဖို့ ပြောချင်တယ်”

April 29, 2022

ထန်တလန် စစ်ဘေးရှောင်တို့ မျှော်နေရသည့် အိမ်ပြန်ခွင့်

April 18, 2022

“ကျွန်တော်တို့စီမှာ ခိုင်လုံတဲ့အထောက်အထား တွေရှိတယ်၊ အကြမ်းဖက်အဖွဲ့နဲ့ပေါင်းစည်းပြီးတော့မှ ကျွန်တော်တို့လုပ်ဆောင်ချက်အပေါ်မှာ နှောက်ယှက်တာမျိုးရှိတာ ကြောင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်တာဖြစ်တယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.