• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တပ္မေတာ္ေလေၾကာင္းစစ္ဆင္ေရးေၾကာင့္ ပလက္၀တြင္ ႏွစ္ရက္အတြင္း အရပ္သား (၂၁) ဦးေသဆံုး – ေဒသခံ ေထာင္ေက်ာ္ ထြက္ေျပးတိမ္းေရွာင္

တပ္မေတာ္ေလေၾကာင္းစစ္ဆင္ေရးေၾကာင့္ ပလက္၀တြင္ ႏွစ္ရက္အတြင္း အရပ္သား (၂၁) ဦးေသဆံုး – ေဒသခံ ေထာင္ေက်ာ္ ထြက္ေျပးတိမ္းေရွာင္

0
By Editor on March 17, 2020 Headline

#Zawgyi

ခ်င္းျပည္နယ္ေတာင္ပိုင္း၊ ပလက္၀ၿမိဳ႕နယ္အတြင္း ျမန္မာ့တပ္မေတာ္၏ ေလေၾကာင္းစစ္ဆင္ေရးေၾကာင့္ ႏွစ္ရက္အတြင္း အရပ္သား (၂၁) ဦးေသဆံုးၿပီး (၂၈) ဦးဒဏ္ရာရရွိခဲ့သည္။

ပလက္၀ၿမိဳ႕ႏွင့္ ဆမီးၿမိဳ႕အၾကားတြင္တည္ရွိသည့္ မိတ္စာ၀ ၂ ႏွင့္ ၃ ေက်းရြာတြင္ မတ္လ (၁၄) ရက္ေန႔က ျမန္မာ့တပ္မေတာ္မွ ေလေၾကာင္းျဖင့္ ဗံုးက်ဲတိုက္ခိုက္မႈေၾကာင့္ ရြာသား (၁၂) ဦးေသဆံုးၿပီး (၁၅) ဦး ဒဏ္ရာရရွိခဲ့ၾကသည္။ 

မတ္လ (၁၅) ရက္ေန႔တြင္လည္း ျမန္မာ့တပ္မေတာ္မွ ေလေၾကာင္းစစ္ဆင္မႈမ်ား ဆက္လက္ျပဳလုပ္ၿပီး ၀က္မေက်းရြာမွ ရြာသား (၈) ဦးေသဆံုးကာ (၁၂) ဦးဒဏ္ရာရရွိေၾကာင္း၊ ၿပိဳင္တိန္ေက်းရြာတြင္လည္း ရြာသားတစ္ဦးေသဆံုးကာ တစ္ဦးဒဏ္ရာရရွိခဲ့သည္ဟု ပလက္၀ၿမိဳ႕နယ္၊ အမ်ဴိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဆလိုင္းမ်ဴိးထိုက္ကေျပာသည္။

“(၁၄) ရက္ေန႔ မိတ္စာ၀ ၂ နဲ႔ ၃ မွာ ပြဲခ်င္းေသတာက (၁၂) ေယာက္ရွိတယ္၊ ဒဏ္ရာရတာက (၁၅) ေယာက္ရွိတယ္ (၁၅) ေယာက္ထဲမွာ (၁၃) ေယာက္ကို မတူပီေဆးရံုကိုပို႔တယ္၊ (၂) ေယာက္ကေတာ့ ဒဏ္ရာမျပင္းထန္လို႔ ဆမီးမွာပဲထားတယ္၊ မတ္လ (၁၅) ရက္ေန႔မွာျဖစ္တဲ့ဟာက ၀က္မအုပ္စု၊ ၀က္မရြာ၊ ညေနပိုင္းမွာျဖစ္တဲ့ဟာမွာ (၈) ေယာက္က ပြဲခ်င္းေသတယ္၊ (၁၂) ေယာက္ ဒဏ္ရာရတယ္၊ ၿပိဳင္တိန္ေက်းရြာမွာက ၅ တန္းေက်ာင္းသူေလးတစ္ေယာက္ ပြဲခ်င္းျပီးေသတယ္၊ သူ႔အေဒၚက ဒဏ္ရာရတယ္’’ ဟု ဆလုိင္းမ်ဴိးထိုက္ကေျပာသည္။

ျမန္မာ့တပ္မေတာ္ႏွင့္ ရကိၡဳင့္တပ္ေတာ္ (ေအေအ) တပ္ဖြဲ႔တို႔ျဖစ္ပြားသည့္တိုက္ပြဲအတြင္း တပ္မေတာ္မွ ေလေၾကာင္းအသံုးျပဳ၍ ဗံုးက်ဲတိုက္ခိုက္မႈမ်ားေၾကာင့္ (၂) ရက္အတြင္း အရပ္သားျပည္သူစုစုေပါင္း (၂၁) ဦးေသဆံုးၿပီး (၂၈) ဦး ဒဏ္ရာရရွိခဲ့ျခင္းျဖစ္သည္။

ယခုကိစၥႏွင့္ပတ္သက္၍ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႔မွ ဗိုလ္မွဴးႀကီးေဇာ္မင္းထြန္းကို ဖုန္းျဖင့္ ဆက္သြယ္ခဲ့ေသာ္လည္း ျပန္လည္ေျဖၾကားျခင္းမရွိခဲ့ေပ။

ဒဏ္ရာရရွိသူမ်ားကို မတူပီႏွင့္ မင္းတပ္ၿမိဳ႕ျပည္သူေဆးရံုမ်ားတြင္ ပို႔ေဆာင္ထားၾကၿပီး ဒဏ္ရာပိုမိုျပင္းထန္သည့္သူကို မႏၱေလးၿမိဳ႕သို႔ ပို႔ေဆာင္ထားသည္ဟု သိရသည္။

ပလက္၀ၿမိဳ႕နယ္၊ အမ်ဴိးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဆလိုင္းမ်ဴိးထိုက္က “တိုက္ပြဲဆိုတာ ဘာမွေကာင္းက်ဴိးမရွိဘူး၊ ဘာမွမဆီမဆိုင္တဲ့ျပည္သူေတြကို ဒုကၡမေပးတာအေကာင္းဆံုးဘဲ၊ ျပည္သူေတြက ေျမစာပင္ျဖစ္တာကေတာ့ မတရားဘူး’’ ဟုေျပာသည္။

ယခုလက္ရွိတြင္ တပ္မေတာ္မွ ဗံုးက်ဲတိုက္ခိုက္ခဲ့သည့္ ေက်းရြာ (၅) ရြာအျပင္ ငျမင္းေတာင္၊ ဆားႏွင့္ ကူ၀ရြာတို႔မွ အိမ္ေျခ (၃၀၅) အိမ္၊ လူဦးေရ (၁၄၄၉) ဦး တို႔သည္ ပလက္၀ၿမိဳ႕နယ္၊ ဆမီးၿမိဳ႕သို႔ ရြာလံုးကြ်တ္ ထြက္ေျပးတိမ္းေရွာင္ေနၾကရသည္ဟု သိရသည္။

၎တို႔ကို ဆမီးၿမိဳ႕ေပၚရွိ စာသင္ေက်ာင္း၊ ဘာသာေရးအေဆာက္အဦးႏွင့္ အစိုးရအေဆာက္အဦးမ်ားတြင္ ေနရာခ်ထားၾကၿပီး ေနာက္ထပ္ထြက္ေျပးလာၾကသူမ်ားလည္းရွိသည္ဟုသိရသည္။

တပ္မေတာ္မွ ေလေၾကာင္းျဖင့္ ဗံုးက်ဲတိုက္ခိုက္မႈျပဳလုပ္ခဲ့သည့္ ေက်းရြာမ်ားသည္ ရကိၡဳင့္တပ္ေတာ္ (AA) ႏွင့္ ရခိုင္လူမ်ိဳးမ်ား အေျခခ်ေနထုိင္ျခင္းမရွိဘဲ ခ်င္းလူမ်ိဳးမ်ားသာေနထိုင္ၾကၿပီး ယခုကဲ့သို႔ တပ္မေတာ္မွ မဆင္မျခင္တိုက္ခိုက္မႈအေပၚ အျပင္းအထန္႐ႈံ႕ခ်ကန္႔ကြက္သည္ဟု ခ်င္းအမ်ဴိးသားဒီမိုကေရစီအဖြဲ႔ခ်ဴပ္ (CNLD) က မတ္လ (၁၅) ရက္ေန႔တြင္ ေၾကညာခ်က္ထုတ္ျပန္ခဲ့သည္။

အဆိုပါေလေၾကာင္းတိုက္ခိုက္မႈတြင္ တာ၀န္ရွိသူမ်ားကို တပ္မေတာ္အေနျဖင့္ စစ္ေဆးအေရးယူၿပီး ေသဆံုးသူမ်ား၊ ထိခိုက္ဒဏ္ရာရသူမ်ားႏွင့္ ထိခိုက္ပ်က္စီးဆံုးရံႈးမႈမ်ားအားလံုးအတြက္ တာ၀န္ယူေလ်ာ္ေၾကးေပးရန္အျပင္ ထိခိုက္နစ္နာသူမိသားစုမ်ားအား တရား၀င္ေတာင္းပန္ရမည္ဟု CNLD ၏ ထုတ္ျပန္ခ်က္တြင္ပါရွိသည္။

Photo Credit: Khumi Media Group

#Unicode

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်း မြန်မာ့တပ်မတော်၏ လေကြောင်းစစ်ဆင်ရေးကြောင့် နှစ်ရက်အတွင်း အရပ်သား (၂၁) ဦးသေဆုံးပြီး (၂၈) ဦးဒဏ်ရာရရှိခဲ့သည်။

ပလက်ဝမြို့နှင့် ဆမီးမြို့အကြားတွင်တည်ရှိသည့် မိတ်စာဝ ၂ နှင့် ၃ ကျေးရွာတွင် မတ်လ (၁၄) ရက်နေ့က မြန်မာ့တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ရွာသား (၁၂) ဦးသေဆုံးပြီး (၁၅) ဦး ဒဏ်ရာရရှိခဲ့ကြသည်။ 

မတ်လ (၁၅) ရက်နေ့တွင်လည်း မြန်မာ့တပ်မတော်မှ လေကြောင်းစစ်ဆင်မှုများ ဆက်လက်ပြုလုပ်ပြီး ဝက်မကျေးရွာမှ ရွာသား (၈) ဦးသေဆုံးကာ (၁၂) ဦးဒဏ်ရာရရှိကြောင်း၊ ပြိုင်တိန်ကျေးရွာတွင်လည်း ရွာသားတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု ပလက်ဝမြို့နယ်၊ အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိူးထိုက်ကပြောသည်။

“(၁၄) ရက်နေ့ မိတ်စာဝ ၂ နဲ့ ၃ မှာ ပွဲချင်းသေတာက (၁၂) ယောက်ရှိတယ်၊ ဒဏ်ရာရတာက (၁၅) ယောက်ရှိတယ် (၁၅) ယောက်ထဲမှာ (၁၃) ယောက်ကို မတူပီဆေးရုံကိုပို့တယ်၊ (၂) ယောက်ကတော့ ဒဏ်ရာမပြင်းထန်လို့ ဆမီးမှာပဲထားတယ်၊ မတ်လ (၁၅) ရက်နေ့မှာဖြစ်တဲ့ဟာက ဝက်မအုပ်စု၊ ဝက်မရွာ၊ ညနေပိုင်းမှာဖြစ်တဲ့ဟာမှာ (၈) ယောက်က ပွဲချင်းသေတယ်၊ (၁၂) ယောက် ဒဏ်ရာရတယ်၊ ပြိုင်တိန်ကျေးရွာမှာက ၅ တန်းကျောင်းသူလေးတစ်ယောက် ပွဲချင်းပြီးသေတယ်၊ သူ့အဒေါ်က ဒဏ်ရာရတယ်’’ ဟု ဆလိုင်းမျိူးထိုက်ကပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (အေအေ) တပ်ဖွဲ့တို့ဖြစ်ပွားသည့်တိုက်ပွဲအတွင်း တပ်မတော်မှ လေကြောင်းအသုံးပြု၍ ဗုံးကျဲတိုက်ခိုက်မှုများကြောင့် (၂) ရက်အတွင်း အရပ်သားပြည်သူစုစုပေါင်း (၂၁) ဦးသေဆုံးပြီး (၂၈) ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

ယခုကိစ္စနှင့်ပတ်သက်၍ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးကြီးဇော်မင်းထွန်းကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

ဒဏ်ရာရရှိသူများကို မတူပီနှင့် မင်းတပ်မြို့ပြည်သူဆေးရုံများတွင် ပို့ဆောင်ထားကြပြီး ဒဏ်ရာပိုမိုပြင်းထန်သည့်သူကို မန္တလေးမြို့သို့ ပို့ဆောင်ထားသည်ဟု သိရသည်။

ပလက်ဝမြို့နယ်၊ အမျိူးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိူးထိုက်က “တိုက်ပွဲဆိုတာ ဘာမှကောင်းကျိူးမရှိဘူး၊ ဘာမှမဆီမဆိုင်တဲ့ပြည်သူတွေကို ဒုက္ခမပေးတာအကောင်းဆုံးဘဲ၊ ပြည်သူတွေက မြေစာပင်ဖြစ်တာကတော့ မတရားဘူး’’ ဟုပြောသည်။

ယခုလက်ရှိတွင် တပ်မတော်မှ ဗုံးကျဲတိုက်ခိုက်ခဲ့သည့် ကျေးရွာ (၅) ရွာအပြင် ငမြင်းတောင်၊ ဆားနှင့် ကူဝရွာတို့မှ အိမ်ခြေ (၃၀၅) အိမ်၊ လူဦးရေ (၁၄၄၉) ဦး တို့သည် ပလက်ဝမြို့နယ်၊ ဆမီးမြို့သို့ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

၎င်းတို့ကို ဆမီးမြို့ပေါ်ရှိ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးနှင့် အစိုးရအဆောက်အဦးများတွင် နေရာချထားကြပြီး နောက်ထပ်ထွက်ပြေးလာကြသူများလည်းရှိသည်ဟုသိရသည်။

တပ်မတော်မှ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည့် ကျေးရွာများသည် ရက္ခိုင့်တပ်တော် (AA) နှင့် ရခိုင်လူမျိုးများ အခြေချနေထိုင်ခြင်းမရှိဘဲ ချင်းလူမျိုးများသာနေထိုင်ကြပြီး ယခုကဲ့သို့ တပ်မတော်မှ မဆင်မခြင်တိုက်ခိုက်မှုအပေါ် အပြင်းအထန်ရှုံ့ချကန့်ကွက်သည်ဟု ချင်းအမျိူးသားဒီမိုကရေစီအဖွဲ့ချူပ် (CNLD) က မတ်လ (၁၅) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုတွင် တာဝန်ရှိသူများကို တပ်မတော်အနေဖြင့် စစ်ဆေးအရေးယူပြီး သေဆုံးသူများ၊ ထိခိုက်ဒဏ်ရာရသူများနှင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများအားလုံးအတွက် တာဝန်ယူလျော်ကြေးပေးရန်အပြင် ထိခိုက်နစ်နာသူမိသားစုများအား တရားဝင်တောင်းပန်ရမည်ဟု CNLD ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

အရေးပေါ်ကာလ နောက် ၆ လ ထပ်မံသက်တမ်းတိုး

ဖလမ်းမြို့နယ် Non-CDM ပညာရေးဝန်ထမ်းများလစာငွေ သိန်း ၈၀၀ ကျော် ဓားပြတိုက်ခံရဟုဆို

စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်ကြောင့် မင်းတပ်မြို့နယ်မှ ကလေး ၃ ဦးနှင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.