• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တပ္မေတာ္ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အရပ္သားတစ္ဦးေသဆံုးၿပီး ေနအိမ္မ်ားမီးေလာင္

တပ္မေတာ္ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အရပ္သားတစ္ဦးေသဆံုးၿပီး ေနအိမ္မ်ားမီးေလာင္

0
By Editor on March 6, 2020 Headline

Zawgyi

ခ်င္းျပည္နယ္၊ ပလက္၀ၿမိဳ႕နယ္၊ ပြီ၀ုန္းေက်းရြာအနီးတြင္ ျမန္မာ့တပ္မေတာ္ႏွင့္ ရကၡိဳင့္တပ္ေတာ္ (AA) တို႔ မတ္လ (၄) ရက္ေန႔ ညေနပိုင္းက တိုက္ပြဲျဖစ္ပြားကာ တပ္မေတာ္၏ ေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ အရပ္သားတစ္ဦးေသဆံုးၿပီး လူေနအိမ္ (၃) လံုး မီးေလာင္ခဲ့သည္ဟုသိရသည္။

ပြီ၀ုန္းေက်းရြာသည္ ပလက္၀ၿမိဳ႕ႏွင့္ ေက်ာက္ေတာ္ၿမိဳ႕အၾကား ကုလားတန္ျမစ္နံေဘးတြင္တည္ရွိသည့္ ေက်းရြာျဖစ္ၿပီး ရကၡိဳင့္တပ္ေတာ္သည္ အဆိုပါေက်းရြာအနီးတ၀ိုက္တြင္ ေျခကုတ္ယူထားသည္ဟုသိရသည္။

မတ္လ (၄) ရက္ေန႔ညေနပိုင္းက ျမန္မာ့တပ္မေတာ္က ေလေၾကာင္းျဖင့္ ဗံုးက်ဲတိုက္ခိုက္ရာတြင္ အသက္ (၃၀) အရြယ္ခန္႔ရွိေသာ ေဒသခံတစ္ဦးေသဆံုးခဲ့ၿပီး လူေနအိမ္ (၃) လံုးမီးေလာင္မႈျဖစ္ပြားခဲ့သည္ဟု အမည္မေဖာ္လိုသည့္ ပလက္၀ၿမိဳ႕ေဒသခံတစ္ဦးေျပာသည္။

“AA တပ္ဖြဲ႔ေတြက အဲဒီပြီ၀ုန္းေက်းရြာနားမွာ ေျခကုတ္ယူထားေတာ့ တပ္မေတာ္က ေလေၾကာင္းအသံုးျပဳၿပီး တိုက္ခိုက္တဲ့အခါ မဆိုင္တဲ့ရြာသားေတြသြားထိတာေပါ့’’ ဟု အဆိုပါေဒသခံကေျပာသည္။

အဆိုပါေလေၾကာင္းတိုက္ခိုက္မႈေၾကာင့္ ပြီ၀ုန္းေက်းရွိ ရြာသားမ်ားသည္ ရြာမွာမေနရဲၾကေတာ့ပဲ ေရခ်မ္း၀ေက်းရြာဘက္သို႔ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကသည္ဟုသိရသည္။

Unicode

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ပွီဝုန်းကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ မတ်လ (၄) ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားကာ တပ်မတော်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးပြီး လူနေအိမ် (၃) လုံး မီးလောင်ခဲ့သည်ဟုသိရသည်။

ပွီဝုန်းကျေးရွာသည် ပလက်ဝမြို့နှင့် ကျောက်တော်မြို့အကြား ကုလားတန်မြစ်နံဘေးတွင်တည်ရှိသည့် ကျေးရွာဖြစ်ပြီး ရက္ခိုင့်တပ်တော်သည် အဆိုပါကျေးရွာအနီးတဝိုက်တွင် ခြေကုတ်ယူထားသည်ဟုသိရသည်။

မတ်လ (၄) ရက်နေ့ညနေပိုင်းက မြန်မာ့တပ်မတော်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ရာတွင် အသက် (၃၀) အရွယ်ခန့်ရှိသော ဒေသခံတစ်ဦးသေဆုံးခဲ့ပြီး လူနေအိမ် (၃) လုံးမီးလောင်မှုဖြစ်ပွားခဲ့သည်ဟု အမည်မဖော်လိုသည့် ပလက်ဝမြို့ဒေသခံတစ်ဦးပြောသည်။

“AA တပ်ဖွဲ့တွေက အဲဒီပွီဝုန်းကျေးရွာနားမှာ ခြေကုတ်ယူထားတော့ တပ်မတော်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်တဲ့အခါ မဆိုင်တဲ့ရွာသားတွေသွားထိတာပေါ့’’ ဟု အဆိုပါဒေသခံကပြောသည်။

အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် ပွီဝုန်းကျေးရှိ ရွာသားများသည် ရွာမှာမနေရဲကြတော့ပဲ ရေချမ်းဝကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်ဟုသိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

စစ်အုပ်ချုပ်ရေးကြေညာထားသော ချင်းပြည်နယ်မြို့နယ် ၇ မြို့နယ်မှာ လူ ၅ ဦးထက် ပိုမစုရနှင့် ညမထွက်ရအမိန့် ထုတ်ပြန်

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကြောင့် ပါတီအများစု ပျက်ပြယ်သွားနိုင်လို့ CNLD ပါတီဥက္ကဌပြော

စစ်ကောင်စီတပ်က ဇိုတုန်နယ်ကအရပ်သားပြည်သူ ၁၀ ဦးကို လူသားဒိုင်းအဖြစ် အသုံးပြု

Leave A Reply Cancel Reply

  • Featured Article
February 7, 2023

“ရွေးကောက်ပွဲရှိတာဟာ အခြေခံဥပဒေအရ အာဏာပြန်လွဲပြောင်းဖို့ လမ်းဖြစ်တယ်”

January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.