• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တပ်မတော် စစ်အာဏာသိမ်းမှု ချင်းလူငယ်များ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ

တပ်မတော် စစ်အာဏာသိမ်းမှု ချင်းလူငယ်များ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချ

0
By Editor on February 10, 2021 Headline

#Unicode

By လားနွန် – ၂၀၂၀ ခုနှစ်အထွေထွေရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုကို အကြောင်းပြပြီး မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာ သိမ်းယူမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချကြောင်း ချင်းလူငယ်များအဖွဲ့များက ကြေညာချက်ထုတ်ပြန်ခဲ့ကြသည်။
ဖေဖော်ဝါရီလ ၂ ရက်နေ့စွဲဖြင့်ထုတ်ပြန်သော ချင်းလူငယ်များကွန်ယက်၏ ထုတ်ပြန်ကြေညာချက်တွင် “ နိုင်ငံတော်၏ အာဏာကို လက်နက်ဖြင့်အတင်းအဓမ္မခြိမ်းခြောက်သိမ်းယူခြင်းကို လုံးဝ(လုံးဝ) လက်မခံဘဲ ပြင်းပြင်းထန်ထန်ကန့်ကွက်ရှုတ်ချပြီး ယခုလုပ်ရပ်ကြောင့် တည်ဆောက်နေဆဲ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ ထောက်တိ်ုင်များအား ထိခိုက်ပျက်စီးစေသည့်အတွက် အာဏာသိမ်းမြန်မာ့စစ်ခေါင်းဆောင်များ ဦးဆောင်သော စစ်အာဏာရှင်အစိုးရကို လုံးဝအသိအမှတ်မပြု’’ ဟု ဖော်ပြထားသည်။
ထို့အပြင် တပ်မတော်မှ ဖမ်းဆီးထားသည့် လူပုဂ္ဂိုလ်များအားလုံး အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် နိုင်ငံရေးပြသနာများကို နိုင်ငံရေးဆွေးနွေးမှုများပြုလုပ်ကာအမြန်ဆုံးအဖြေရှာနိုင်ရန် တိုင်းရင်းသားပါတီများ၊ တိုင်းရင်းသားတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်မနိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများပါဝင်သော နိုင်ငံရေးတွေ့ ဆုံဆွေးနွေးပွဲများ အမြန်ဆုံးပြုလုပ်ကြရန် အလေးအနက်တောင်းဆိုသည်ဟု ဖော်ပြထားသည်။
အလားတူ ချင်းပြည်နယ်လူငယ်ရေးရာကော်မတီကလည်း ဖေဖော်ဝါရီလ ၁ ရက်နေ့စွဲဖြင့် ကြေညာချက်တစ်စော င်ထုတ်ပြန်ကာ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၈) ရက်နေ့ ကျင်းပပြုလုပ်ခဲ့သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ၏ဆန္ဒကို အလေးအနက်ထားရန်၊ ရွေးကောက်ပွဲလဒ်ကို လေးစားလိုက်နာရန်နှင့် ဒီမိုကရေစီစံသတ်မှတ်ချက်တွေကို စောင့်ထိန်းလိုက်နာရန်တောင်းဆိုထားသည်။
ထို့အပြင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အပါအဝင်၊ သမ္မတ ပြည်နယ်နှင့်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်ဥက္ကဌများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများကို တရားမဲ ဖမ်းဆီးထိန်း သိမ်းထားသည့်အပေါ် အပြင်းအထန်ကန့်ကွက်ကြောင်း၎င်းတို့၏ကြေညာချက်တွင်ဖော်ပြထားသည်။
၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုပြုနိုင်သောမဲစာရင်းပေါင်း ၁၀ သန်းကျော်ရှိသည်ဟု တပ်မတော်၏ တွေ့ရှိချက်နှင့်ပတ်သက်၍ အရေးယူဆောင်ရွက်ခြင်းမပြုသည့်အပြင် ပြည်သူလွှတ်တော်နှင့် အမျိူးသားလွှတ်တော်ကို ရွှေ့ဆိုင်းပေးရန် တောင်းဆိုမှုကိုလည်း ရွှေ့ဆိုင်းပေးခြင်းမရှိဘဲ လွှတ်တော်ခေါ်ယူသည့် အတွက်ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ နိုင်ငံတော်အား အရေးပေါ်အခြေအနေ ကြေညာပြီး ဖေဖော်ဝါရီလ ၁ ရက်နေ့က တပ်မတော်က အာဏာသိမ်းယူလိုက်ခြင်းဖြစ်သည်။
#Zawgyi
By လားႏြန္ – ၂၀၂၀ ခုႏွစ္အေထြေထြေရြးေကာက္ပြဲဆိုင္ရာ အျငင္းပြားမႈကို အေၾကာင္းျပၿပီး ျမန္မာ့တပ္မေတာ္က နိုင္ငံေတာ္အာဏာ သိမ္းယူမႈကို ျပင္းျပင္းထန္ထန္ကန႔္ကြက္ရႈတ္ခ်ေၾကာင္း ခ်င္းလူငယ္မ်ားအဖြဲ႕မ်ားက ေၾကညာခ်က္ထုတ္ျပန္ခဲ့ၾကသည္။
ေဖေဖာ္ဝါရီလ ၂ ရက္ေန႔စြဲျဖင့္ထုတ္ျပန္ေသာ ခ်င္းလူငယ္မ်ားကြန္ယက္၏ ထုတ္ျပန္ေၾကညာခ်က္တြင္ “ နိုင္ငံေတာ္၏ အာဏာကို လက္နက္ျဖင့္အတင္းအဓမၼၿခိမ္းေျခာက္သိမ္းယူျခင္းကို လုံးဝ(လုံးဝ) လက္မခံဘဲ ျပင္းျပင္းထန္ထန္ကန႔္ကြက္ရႈတ္ခ်ၿပီး ယခုလုပ္ရပ္ေၾကာင့္ တည္ေဆာက္ေနဆဲ လူ႔အခြင့္အေရးႏွင့္ ဒီမိုကေရစီ ေထာက္တိ္ုင္မ်ားအား ထိခိုက္ပ်က္စီးေစသည့္အတြက္ အာဏာသိမ္းျမန္မာ့စစ္ေခါင္းေဆာင္မ်ား ဦးေဆာင္ေသာ စစ္အာဏာရွင္အစိုးရကို လုံးဝအသိအမွတ္မျပဳ’’ ဟု ေဖာ္ျပထားသည္။
ထို႔အျပင္ တပ္မေတာ္မွ ဖမ္းဆီးထားသည့္ လူပုဂၢိဳလ္မ်ားအားလုံး အျမန္ဆုံးျပန္လႊတ္ေပးရန္ႏွင့္ နိုင္ငံေရးျပသနာမ်ားကို နိုင္ငံေရးေဆြးေႏြးမႈမ်ားျပဳလုပ္ကာအျမန္ဆုံးအေျဖရွာနိုင္ရန္ တိုင္းရင္းသားပါတီမ်ား၊ တိုင္းရင္းသားေတာ္လွန္ေရး လက္နက္ကိုင္အဖြဲ႕အစည္းမ်ား၊ ျပည္မနိုင္ငံေရးပါတီမ်ား၊ အရပ္ဘက္အဖြဲ႕အစည္းမ်ားပါဝင္ေသာ နိုင္ငံေရးေတြ႕ ဆုံေဆြးေႏြးပြဲမ်ား အျမန္ဆုံးျပဳလုပ္ၾကရန္ အေလးအနက္ေတာင္းဆိုသည္ဟု ေဖာ္ျပထားသည္။
အလားတူ ခ်င္းျပည္နယ္လူငယ္ေရးရာေကာ္မတီကလည္း ေဖေဖာ္ဝါရီလ ၁ ရက္ေန႔စြဲျဖင့္ ေၾကညာခ်က္တစ္ေစာ င္ထုတ္ျပန္ကာ ၂၀၂၀ ခုႏွစ္ နိုဝင္ဘာလ (၈) ရက္ေန႔ က်င္းပျပဳလုပ္ခဲ့သည့္ ပါတီစုံဒီမိုကေရစီ အေထြေထြေရြးေကာက္ပြဲတြင္ ျပည္သူမ်ား၏ဆႏၵကို အေလးအနက္ထားရန္၊ ေရြးေကာက္ပြဲလဒ္ကို ေလးစားလိုက္နာရန္ႏွင့္ ဒီမိုကေရစီစံသတ္မွတ္ခ်က္ေတြကို ေစာင့္ထိန္းလိုက္နာရန္ေတာင္းဆိုထားသည္။
ထို႔အျပင္ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္အပါအဝင္၊ သမၼတ ျပည္နယ္ႏွင့္တိုင္းေဒသႀကီး အစိုးရအဖြဲ႕ဝင္မ်ား၊ လႊတ္ေတာ္ဥကၠဌမ်ား၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ နိုင္ငံေရးတက္ႂကြလႈပ္ရွားသူမ်ားကို တရားမဲ ဖမ္းဆီးထိန္း သိမ္းထားသည့္အေပၚ အျပင္းအထန္ကန႔္ကြက္ေၾကာင္း၎တို႔၏ေၾကညာခ်က္တြင္ေဖာ္ျပထားသည္။
၂၀၂၀ ခုႏွစ္ပါတီစုံအေထြေထြေရြးေကာက္ပြဲတြင္ မဲမသမာမႈျပဳနိုင္ေသာမဲစာရင္းေပါင္း ၁၀ သန္းေက်ာ္ရွိသည္ဟု တပ္မေတာ္၏ ေတြ႕ရွိခ်က္ႏွင့္ပတ္သက္၍ အေရးယူေဆာင္ရြက္ျခင္းမျပဳသည့္အျပင္ ျပည္သူလႊတ္ေတာ္ႏွင့္ အမ်ိဴးသားလႊတ္ေတာ္ကို ေရႊ႕ဆိုင္းေပးရန္ ေတာင္းဆိုမႈကိုလည္း ေရႊ႕ဆိုင္းေပးျခင္းမရွိဘဲ လႊတ္ေတာ္ေခၚယူသည့္ အတြက္ဟုဆိုကာ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၁၇ အရ နိုင္ငံေတာ္အား အေရးေပၚအေျခအေန ေၾကညာၿပီး ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က တပ္မေတာ္က အာဏာသိမ္းယူလိုက္ျခင္းျဖစ္သည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.