Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တမူးမြို့တွင် PSI စလောင်းတပ်ဆင်သူများ ပြန်လည်ဖြုတ်သိမ်း

တမူးမြို့တွင် PSI စလောင်းတပ်ဆင်သူများ ပြန်လည်ဖြုတ်သိမ်း

0
By Editor on May 6, 2021 Khonumthung
#Unicode
မာဂရက် – အာဏာသိမ်းစစ်ကောင်စီက ရုပ်မြင်သံကြားဖမ်းယူကြည့်ရူနိုင်သည့် ဂြိုလ်တုစလောင်းများ တပ်ဆင်သူ များအား ထောင်ဒဏ်နှင့်ငွေဒဏ်ချမှတ်အရေးယူနိုင်ကြောင်း ကြေညာပြီးသည့်နောက် စစ်ကိုင်းတိုင်း ဒေသကြီး တမူးမြို့တွင် PSI စလောင်းတပ်ဆင်သူအများစုသည် ပြန်လည်ဖြုတ်သိမ်းနေ ကြသည်ဟု သိရသည်။
“တမူးမှာတော့ PSI စလောင်းတပ်တဲ့သူအားလုံးနီးပါးကတော့ အကုန်ပြန်ဖြုတ်ကြပြီ’’ ဟု တမူးဒေသခံ တစ်ဦးကပြောသည်။
ဂြိုလ်တု၊ ရုပ်မြင်သံကြားဖမ်းစက်များကို တပ်ဆင်အသုံးပြုဖမ်းယူကြည့်ရှုမှုများ ပြုလုပ်ပါက ရုပ်မြင်သံကြားနှင့် ဗီဒီယိုဥပဒေအရ ထောင်ဒဏ် ၁ နှစ်နှင့် ဒဏ်ငွေ ၅ သိန်းအထိအရေးယူခံရနိုင်ကြောင်း မေလ ၄ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့သည်။
PSI ဂြိုလ်စလောင်းသည် အာဏာသိမ်းစစ်ကောင်စီမှ ထုတ်လွှတ်ခွင့် ပိတ်ထားသည့် Mizzima နှင့် DVD သတင်းများကို ကြည့်ရှုနိုင်သည့်အတွက် ဖြုတ်သိမ်းခိုင်းခြင်းဖြစ်သည်။
အလားတူ ချင်းပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ ပြီးခဲ့သည့်ဧပြီလကတည်းက PSI/ TATA စလောင်းများ တပ်ဆင်ခြင်းရှိ မရှိ တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေး သိမ်းယူမှုရှိခဲ့ ကြောင်းလည်း သိရသည်။
#Zawgyi
မာဂရက္ – အာဏာသိမ္းစစ္ေကာင္စီက ႐ုပ္ျမင္သံၾကားဖမ္းယူၾကည့္႐ူႏိုင္သည့္ ၿဂိဳလ္တုစေလာင္းမ်ား တပ္ဆင္သူ မ်ားအား ေထာင္ဒဏ္ႏွင့္ေငြဒဏ္ခ်မွတ္အေရးယူႏိုင္ေၾကာင္း ေၾကညာၿပီးသည့္ေနာက္ စစ္ကိုင္းတိုင္း ေဒသႀကီး တမူးၿမိဳ႕တြင္ PSI စေလာင္းတပ္ဆင္သူအမ်ားစုသည္ ျပန္လည္ျဖဳတ္သိမ္းေန ၾကသည္ဟု သိရသည္။
“တမူးမွာေတာ့ PSI စေလာင္းတပ္တဲ့သူအားလံုးနီးပါးကေတာ့ အကုန္ျပန္ျဖဳတ္ၾကၿပီ’’ ဟု တမူးေဒသခံ တစ္ဦးကေျပာသည္။
ၿဂိဳလ္တု၊ ႐ုပ္ျမင္သံၾကားဖမ္းစက္မ်ားကို တပ္ဆင္အသံုးျပဳဖမ္းယူၾကည့္ရႈမႈမ်ား ျပဳလုပ္ပါက ႐ုပ္ျမင္သံၾကားႏွင့္ ဗီဒီယိုဥပေဒအရ ေထာင္ဒဏ္ ၁ ႏွစ္ႏွင့္ ဒဏ္ေငြ ၅ သိန္းအထိအေရးယူခံရႏိုင္ေၾကာင္း ေမလ ၄ ရက္ေန႔က အာဏာသိမ္းစစ္ေကာင္စီက ထုတ္ျပန္ေၾကညာခဲ့သည္။
PSI ျဂဳိလ္စေလာင္းသည္ အာဏာသိမ္းစစ္ေကာင္စီမွ ထုတ္လႊတ္ခြင့္ ပိတ္ထားသည့္ Mizzima ႏွင့္ DVD သတင္းမ်ားကုိ ၾကည့္ရႈႏုိင္သည့္အတြက္ ျဖဳတ္သိမ္းခုိင္းျခင္းျဖစ္သည္။
အလားတူ ခ်င္းျပည္နယ္အပါအ၀င္ ျမန္မာႏိုင္ငံတစ္၀န္းလံုးမွာ ၿပီးခဲ့သည့္ဧျပီလကတည္းက PSI/ TATA စေလာင္းမ်ား တပ္ဆင္ျခင္းရွိ မရွိ တစ္အိမ္တက္ဆင္း လုိက္လံစစ္ေဆး သိမ္းယူမႈရွိခဲ့ ေၾကာင္းလည္း သိရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

ရခိုင်ရေဘေးအတွက် မရာလဲန်းကာကွယ်ရေးတပ်ဖွဲ့ MTC / MDF က ကျပ်သိန်း ၅၀ ထောက်ပံ့ကူညီ

မလေးရှားမှာ ချင်းလူမျိုးအပါအဝင် အထောက်အထားမဲ့နိုင်ငံခြားသားအများအပြားဖမ်းဆီးခံနေရ

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
July 18, 2026

မံဆောင်းတံတား ပြန်လည်အသုံးပြုဖြတ်သန်းနိုင်ပြီ

July 17, 2026

CNF/ CNA ဌာနချုပ်နှင့် အနီးဆုံးမြို့ဖြစ်သည့် ထန်တလန်မြို့ကို အလုံးစုံပြန်သိမ်းပြီဟု စစ်တပ်ထုတ်ပြန်

July 17, 2026

စစ်တပ်ထိန်းချုပ်သည့် ဖလမ်းမြို့တွင် နေရပ်ပြန်ပြည်သူများ နှိပ်စက်သတ်ဖြတ်ခံရမှုနှင့် အကြောင်းရင်းမသိ သေဆုံးမှုများလာ၍ စိုးရိမ်မှုမြင့်တက်

July 16, 2026

နိုင်ငံ၏ အုပ်ချုပ်ရေးသည် နေပြည်တော်မှာပဲ သီးသန့်မရှိတော့ကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံအပြီး SCEF က ထုတ်ပြန်

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.