• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Headline»တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်
ပုံစာ - စစ်ကောင်စီကသတ်ဖြတ်တဲ့ ကျွန်းပင်သာကျေးရွာက အသက် ၂၅ နှစ်အရွယ် ကိုလက်မင်ထန်

တမူးမြို့နယ်က လူငယ် ၃ ဦး စစ်ကောင်စီတပ်ဖွဲ့က သတ်ဖြတ်

0
By Editor on January 26, 2023 Headline

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အထက်ပိုင်း ကွန်းတောင်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ စစ်ဆေးရေးဂိတ်တွင် ဇန်နဝါရီလ ၂၃ ရက်နေ့က ကျွန်းပင်သာကျေးရွာဖက်မှ ပြန်လာကြသည့် လူငယ် (၃) ဦးကို စစ်ကောင်စီတပ်ဖွဲ့က ရပ်တန့်စစ်ဆေးကာ သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

တမူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဖြစ်မြောက်ရေးကော်မတီဝင်တဦးက “ကွန်းတောင်းရွာမှာ တပ်စခန်းရှိတယ်၊ ရဲစခန်းရှိတယ်၊ အဲ့မှာ ချောင်းနက်ကြီးက လူငယ် ၂ ဦးနဲ့ ကျွန်းပင်သာက လူငယ် ၁ ဦး ခရီးသွားရင်းနဲ့ ကျွန်းပင်သာကနေ တမှုးဖက်ကိုလာတဲ့အချိန်မှာ ကွန်းတောင်းဂိတ်မှာ စစ်ဆေးမေးမြန်းတာ ကြမ်းလို့ထင်တယ် ပြန်လွတ်တဲ့အချိန် ဂိတ်အကျော်မှာ မကျေနပ်လို့ ပြန်အော်တော့ အော်ရကောင်းမှန်းဆိုပြီး ပြန်ဖမ်းပြီးတော့ အော်တဲ့ ၁ ယောက်ကို ပစ်သတ်တယ်၊ ကျန်တဲ့ ၂ ယောက်ကိုလည်း စစ်ရင်းရိုက်ရင်းနဲ့ လက်လွန်သွားတာထင်တယ် ၃ ယောက်စလုံး သေသွားတယ်။” ဟု ပြောသည်။

အဆိုပါ ဖမ်းဆီးသတ်ဖြတ်ခံရသည့် လူငယ်များမှာ ကျွန်းပင်သာကျေးရွာက အသက် ၂၅ နှစ်အရွယ် ကိုလက်မင်ထန်၊ မြို့မ (၁၄) ချောင်းနက်ကြီးရွာက အသက် (၂၃) နှစ်အရွယ် ကိုရွှေမင်းထန်နှင့် အသက် (၁၇) နှစ်အရွယ် ကိုငမ်မင်းဟောင် တို့ဖြစ်ကြသည်။

၎င်းတို့၏ ရုပ်အလောင်းကို စစ်ကောင်စီက ပြန်မပေးပဲ သူတို့သတ်ဖြတ်ခြင်းမဟုတ်ကြောင်း ငြင်းဆိုထားသည်ဟု သိရသည်။

“ဒီကလေးက တော်လှန်ရေးမှာ မပါဘူး၊ သူ့အိမ်မှာ ယောကျာၤလေးက သိပ်မရှိတော့ သူ့အိမ်ရဲ့ ကျွဲကျောင်းတယ်၊ နောက်ပြီးတော့ ထင်းတွေဘာတွေတိုက်တယ် အိမ်အလုပ်တွေလုပ်တယ်၊ ဒီလိုကိစ္စမျိုးက မလုပ်သင့်တဲ့ကိစ္စပဲ၊ ခရီးသွားတယောက်နဲ့ လူငယ်တွေကို ဒီလိုမျိုး သတ်ပစ်ရတဲ့အထိ မလုပ်ပြုလုပ်သင့်ဘူး။” ဟု ကျွန်းပင်သာ ကျေးရွာသားတစ်ဦးက ပြောသည်။

ဇန်နဝါရီလ ၅ ရက်နေ့တွင်လည်း တမူးမြို့နယ် သနန်ကျေးရွာက ဦးလက်ခိုလွန်းကိုလည်း အမည်မသိ လက်နက်ကိုင်များက ဖမ်းဆီးခဲ့ပြီး ရက်သတ္တပတ်အကြာတွင် ပျူစောထီးများနေသော ကျောင်းဘက်မှ ၎င်း၏ ပုံစံတူ တက်တူးထိုးထားသည့် လက်တဖက်ကို ခွေးချီလာခဲ့သောကြောင့် ဇန်နဝါရီ ၁၄ ရက်နေ့တွင် အလောင်းမပါ ဈာပနအစီအစဉ် ပြုလုပ်ခဲ့ရသည်ဟု သိရသည်။

ထို့အပြင် ဇန်နဝါရီလ ၂ ရက်နေ့က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လေရှီးမြို့နယ်မှ ဖိုင်လင်ကွက်ရွာသစ်တွင် နေထိုင်ကြသည့် ဆရာတော် အွန်ဟောင်နှင့် ကိုငမ်းလွန်းတို့သားဖသည် တမူးမြို့သို့ အသွားလမ်းခုလတ်တွင် လက်နက်ကိုင်တပ်ဖွဲ့ ရှမ်းနီအမျိုးသားတပ်မတော် (SNA) မှ ဖမ်းဆီးခဲ့ပြီး ယနေ့အထိ မိသားစုနှင့် ဆက်သွယ်မရသေးကြောင်း ကူကီးကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှ ထုတ်ပြန်ထားသည်။

တမူးမြို့နယ်ဘက်တွင် စစ်ကောင်စီတပ်ဖွဲ့၏ ဖမ်းဆီးသတ်ဖြတ်ခြင်းခံရသည့် အပြစ်မဲ့ရပ်သားပြည်သူ အမျိုးသား (၃၁) ဦး၊ အမျိုးသမီး (၃) ဦး ရှိပြီဟုသိရပြီး အများစုမှာ လူငယ်များဖြစ်ကြသည်ဟု သိရသည်။

ကွန်းတောင်းကျေးရွာသည် တမူးမြို့နှင့် (၈) မိုင်ခန့်အကွာတွင် တည်ရှိဟုသိရပြီး တမူး-အောင် ဇေယျကားလမ်းပေါ်တွင်ရှိသည့် ကူကီးချင်းလူမျိုးများ နေထိုင်သည့် ကျေးရွာဖြစ်သည်ဟု သိရသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဟားခါးမြို့တွင် စစ်ကောင်စီက အရပ်သားပြည်သူ ၁၃ ယောက်ကို ဖမ်းဆီးပြီး ၇ ယောက် ပြန်လွှတ်ပေး

စစ်ကောင်စီက မင်းတပ်မြို့နယ်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်၊ ဘုန်ကြီးကျောင်းနှင့် လူနေအိမ်များ ထိခိုက်ပျက်စီး

ဖလမ်းမြို့တွင်း ပစ်ခတ်မှုကြောင့် ဖမ်းခံရသူများအနက် ၅ ဦးကို ဆက်လက်ဖမ်းဆီးထား

Leave A Reply Cancel Reply

  • Featured Article
January 31, 2023

“၉ မြို့နယ်စလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို CNF နဲ့ CDF တပ်ဖွဲ့တွေက ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ရွေးကောက်ပွဲလုပ်ရင်တော့ ကျန်နေရာလောက်ပဲ လုပ်နိုင်ပါလိမ့်မယ်” ဆလိုင်းထက်နီ (ပြောခွင့်ရသူ၊ CNF)

January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.