• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»“တမူးမြို့နယ် မလူကျေးရွာအတွင်းသို့ ပီဒီအက်(ဖ်) အကြမ်းဖက်သမား ၅၀ ဦးခန့် ဝင်ရောက်လာပြီး ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း များအားလုယက်ယူဆောင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး” ဆိုတဲ့သတင်းအမှား

“တမူးမြို့နယ် မလူကျေးရွာအတွင်းသို့ ပီဒီအက်(ဖ်) အကြမ်းဖက်သမား ၅၀ ဦးခန့် ဝင်ရောက်လာပြီး ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း များအားလုယက်ယူဆောင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး” ဆိုတဲ့သတင်းအမှား

0
By Editor on January 31, 2023 Khonumthung

FactCheck

ဒီသတင်းအမှားကို လမင်းတမာန်ဘကောင်း ဆိုတဲ့အကောင့်ကနေပြီး “စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ မလူကျေးရွာအတွင်းသို့ ဇန်နဝါရီလ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်အချိန်၌ ပီဒီအက်(ဖ်) အကြမ်းဖက်သမား ၅၀ ဦးခန့် ဝင်ရောက်လာပြီး ကျေးရွာအတွင်း လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် ကျေးရွာနေပြည်သူများမှ ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားစဉ် အကြမ်းဖက်သမားများသည် ပြည်သူများ၏နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေကာ ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း များအားလုယက်ယူဆောင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး၍ ပြန်လည်ထွက်ခွာသွားခဲ့သဖြင့် အဆိုပါကျေးရွာနေ ပြည်သူများ ပိုင်ဆိုင်သည့် နေအိမ် ၁၀ လုံး၊ လယ်ထွန်စက် ၃ စီး၊ စပါးကြိတ်စက် ၃ လုံး၊ ထော်လာဂျီယာဉ် ၁ စီးနှင့် ရေစုပ်စက် ၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။” လို့ရေးသားဖော်ပြထားတာဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး တမူးမြို့နယ်၊ မလူကျေးရွာခံတစ်ဦးက “ပျူစောထီးအုပ်စုနဲ့ တမူး PDF တပ်ရင်း (၃) တို့ တိုက်ပွဲဖြစ်ပြီး ပျူစောထီးခေါင်းဆောင်နှစ်ဦး သေဆုံးတာ အဲ့ဒီလို ပျူခေါင်းဆောင်တွေသေဆုံးပြီးနောက် ပျူစောထီးအဖွဲ့ဝင်တွေက မလူကျေးရွာက NLD ပါတီတာဝန်ခံဟောင်း ကိုတင့်ကိုနေအိမ်ကနေ ခေါ်ဆောင်သတ်ဖြတ်ခဲ့ပြီး ရွာခံ NLD ပါတီ ဝင်တွေလည်း ထွက်ပြေးတိမ်းရှောင်နေကြရတာပါ” လို့ပြောပါတယ်။

ဆက်လက်ပြီး “ရွာထဲမှာတော့ ကမ္ဘာပျက်သလိုပဲ၊ သူတို့ဘက်က ပျူတွေသေတယ်ဆိုတော့ ပြန်လက်စားချေမယ်ဆိုပီး မင်းသမီးရွာကပျူတွေကိုပါခေါ်လာတာ၊ အကုန်ထွက်ပြေးရတာ၊ ကိုတင့်ကိုလည်း သူတို့ပဲသတ်ပစ်လိုက်ကြတာ၊ တခြားNLDကလူတွေ မိသားစုလိုက်ကိုထွက်ပြေးကြရတာ”လို့ ဒေသခံတစ်ဦးကပြောပါတယ်။

တမူးမြို့ဟာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလှုပ် ရှားမှုအားကောင်းသလို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးတွေလည်း စုဖွဲ့လှုပ်ရှားမှုအားကောင်းတဲ့ ဒေသဖြစ်တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဒါကြောင့် လမင်းတမာန်ဘကောင်း အကောင့်မှာရေးသာဖော်ပြထားသလို “အကြမ်းဖက်သမား ၅၀ ဦးခန့် ဝင်ရောက်လာပြီး ကျေးရွာအတွင်း လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သဖြင့် ကျေးရွာနေပြည်သူများမှ ကျေးရွာအတွင်းမှ ထွက်ပြေးတိမ်းရှောင်သွားစဉ် အကြမ်းဖက်သမားများသည် ပြည်သူများ၏နေအိမ်များအတွင်း ဝင်ရောက်ရှာဖွေကာ ငွေကြေးနှင့် တန်ဖိုးရှိပစ္စည်း များအားလုယက်ယူဆောင်ကာ နေအိမ်များအား မီးရှို့ဖျက်ဆီး” ဆိုတာသတင်းအမှားတစ်ပုဒ်သာဖြစ်ပါတယ်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

CNA နှင့် YPDF တို့အကြား ကာကွယ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

CDF-Kanpetlet အတွက် “နွားနောက် တစ်ကောင်ယူ၊ ခေါ်နူးအတွက် လှူ” ကံစမ်းမဲအစီစဉ်စတင်

အရေးတော်ပုံအောင်မြင်သည့်အထိ လက်တွဲတိုက်ပွဲဝင်ကြရန် ပြည်သူလူထုကို CNF တိုက်တွန်း

Leave A Reply Cancel Reply

  • Featured Article
March 22, 2023

ချင်းနိုင်ငံရေးပါတီများ စစ်ကောင်စီလက်အောက်မှာ ပါတီမှတ်ပုံတင်သင့် မတင်သင့် သူတို့ဘာပြောလဲ

March 21, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်း – အပိုင်း (၂)

March 20, 2023

နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် နှင့် ချင်းအမျိုးသားခေါင်းဆောင် ဦးဝမ္မသူးမောင်းအကြောင်း – (အပိုင်း ၁)

March 19, 2023

ချင်းအမျိုးသားရေး ပြန်လည်စည်းလုံးရေး လှုပ်ရှားမှုများသမိုင်း (အပိုင်း ၂)

Ads
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.