• Home
  • Featured
  • English
  • Headline
Facebook Twitter Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
Khonumthung Media Group
You are at:Home»Khonumthung»တမူးမြို့ ပစ်ခတ်မှုကြောင့် ဒေသခံအမြောက်အများ အိန္ဒိယဘက်ထွက်ပြေး

တမူးမြို့ ပစ်ခတ်မှုကြောင့် ဒေသခံအမြောက်အများ အိန္ဒိယဘက်ထွက်ပြေး

0
By Editor on April 13, 2021 Khonumthung
#Unicode
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းတမူးမြို့တွင် ယနေ့နံနက်ပိုင်းကစ၍ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက အင်အား အလုံးအရင်းဖြင့် ပြည်သူ့လုံခြုံရေးခံတပ်များကို ပစ်ခတ်ဖြိုခွင်းကာ မင်္သကာသည့်အိမ်များကို ဝင်ရောက်ရှာဖွေမှုများရှိ နေသည့်အတွက် ဒေသခံပြည်သူ ၂၀၀ ကျော် အိန္ဒိယဘက်ထွက်ပြေးကြရသည်ဟု သိရသည်။
ယနေ့တမူးပစ်ခတ်မှုတွင် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦး ကျည်ထိမှန်သည်ဟုသိရပြီး လူငယ်တစ်ဦးကိုလည်း ဓာတ်တိုင်မှာကြိုးတုပ်ဖမ်းထားကာ အပြင်မှာတွေ့ရှိသည့်ယောကျာင်္လေးမှန်သမျှကို လိုက်လံဖမ်းဆီးနေသည်ဟု တမူးဒေသခံကပြောသည်။
“တမူးမြို့ စျေးတန်း ၇/၈ ကို Operation ဝင်တယ်၊ တစ်အိမ်တက်ဆင်းဝင်တယ် သူတို့သံသယရှိတဲ့သူတွေကို တိုင်မှာ ကြိုးတုပ်ပြီး ရိုက်တယ်ဖမ်းတယ်ခေါ်သွားတယ် အခု ပြည်သူ အယောက် ၂၀၀ ကျော်က အိန္ဒိယဘက်ကို ထွက်ပြေးကြပြီ၊ ’’ ဟု တမူးဒေသခံကပြောသည်။
ထို့အပြင် Grace ဆေးရုံးဝင်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်ပြီး သူနာပြုဆရာမများအား ရိုက်နှက်ခြင်းပြုလု ပ်ခဲ့သည့်အပြင်၊ တမူးမြို့ Methodist ဘုရားကျောင်းဝင်းထဲသို့ဝင်ရောက်ရှာဖွေစစ်ဆေးမှုများလည်းပြုလုပ်သည်ဟု သိရသည်။
အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည် ယခုချိန်ထိ အာရှလမ်း၊ အလောင်းဘုရားလမ်း၊ မြို့ရှောင်လမ်းတို့တွင် တပ်စွဲထားသည်သည်ဟုသိရသည်။
ပြီးခဲ့သည့်ဧပြီလ ၁၀ ရက်နေ့ တမူးမြို့ပစ်ခတ်မှုတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံးမှုရှိခဲ့သည့်အတွက် တမူးမြို့ကို အင်အားအလုံးအရင်းဖြင့် ပစ်ခတ်မှုများပြုလုပ်နေခြင်းဖြစ်သည်ဟု ယူဆရသည်။
#Zawgyi
အိႏိၵယ-ျမန္မာနယ္စပ္ စစ္ကိုင္းတိုင္းတမူးၿမိဳ႕တြင္ ယေန႔နံနက္ပိုင္းကစ၍ အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႔မ်ားက အင္အား အလံုးအရင္းျဖင့္ ျပည္သူ႔လံုျခံဳေရးခံတပ္မ်ားကို ပစ္ခတ္ၿဖိဳခြင္းကာ မသၤကာသည့္အိမ္မ်ားကို ၀င္ေရာက္ရွာေဖြမႈမ်ားရွိ ေနသည့္အတြက္ ေဒသခံျပည္သူ ၂၀၀ ေက်ာ္ အိႏိၵယဘက္ထြက္ေျပးၾကရသည္ဟု သိရသည္။
ယေန႔တမူးပစ္ခတ္မႈတြင္ ၆ ႏွစ္အရြယ္ကေလးငယ္တစ္ဦးက်ည္ထိမွန္သည္ဟုသိရၿပီး လူငယ္တစ္ဦးကိုလည္း ဓာတ္တိုင္မွာႀကိဳးတုပ္ဖမ္းထားကာ အျပင္မွာေတြ႕ရွိသည့္ေယာက်ာၤေလးမွန္သမွ်ကို လိုက္လံဖမ္းဆီးေနသည္ဟု တမူးေဒသခံကေျပာသည္။
“တမူးၿမိဳ႕ ေစ်းတန္း ၇/၈ ကို Operation ၀င္တယ္၊ တစ္အိမ္တက္ဆင္း၀င္တယ္ သူတို႔သံသယရွိတဲ့သူေတြကို တိုင္မွာ ႀကိဳးတုပ္ၿပီး ႐ိုက္တယ္ဖမ္းတယ္ေခၚသြားတယ္ အခု ျပည္သူ အေယာက္ ၂၀၀ ေက်ာ္က အိႏိၵယဘက္ကို ထြက္ေျပးၾကၿပီ၊ ’’ ဟု တမူးေဒသခံကေျပာသည္။
ထို႔အျပင္ Grace ေဆးရံုး၀င္အတြင္းသို႔ စစ္ေကာင္စီတပ္ဖြဲ႔၀င္မ်ား၀င္ေရာက္ၿပီး သူနာျပဳဆရာမမ်ားအား ႐ိုက္ႏွက္ျခင္းျပဳလု ပ္ခဲ့သည့္အျပင္၊ တမူးၿမိဳ႕ Methodist ဘုရားေက်ာင္း၀င္းထဲသို႔၀င္ေရာက္ရွာေဖြစစ္ေဆးမႈမ်ားလည္းျပဳလုပ္သည္ဟု သိရသည္။
အာဏာသိမ္းစစ္ေကာင္စီ၏ တပ္ဖြဲ႔၀င္မ်ားသည္ ယခုခ်ိန္ထိ အာရွလမ္း၊ အေလာင္းဘုရားလမ္း၊ ၿမိဳ႕ေရွာင္လမ္းတို႔တြင္ တပ္စြဲထားသည္သည္ဟုသိရသည္။
ၿပီးခဲ့သည့္ဧၿပီလ ၁၀ ရက္ေန႔ တမူးၿမိဳ႕ပစ္ခတ္မႈတြင္ အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႔၀င္ ၁၈ ဦးေသဆံုးမႈရွိခဲ့သည့္အတြက္ တမူးၿမိဳ႕ကို အင္အားအလံုးအရင္းျဖင့္ ပစ္ခတ္မႈမ်ားျပဳလုပ္ေနျခင္းျဖစ္သည္ဟု ယူဆရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသော Mr. World Noble King 2023 ပြိုင်ပွဲတွင် ချင်းလူငယ်တစ်ဦးမှ ဆု ၂ ဆုဆွတ်ခူး

ပုဒ်မ ၅၀၅(ခ) ဖြင့် တရားစွဲခံရသော ချင်းပြည်နယ်က ဘာသာရေးဆရာတော်တစ်ပါးကို စစ်ကောင်စီက အမှုပိတ်သိမ်းပြီး ပြန်လွှတ်

တမူးမြို့ရွေးကောက်ပွဲ ကော်မရှင်ရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မီးရှို့

Leave A Reply Cancel Reply

  • Featured Article
January 30, 2023

ရခိုင်ပြည်နိုင်ငံရေးနဲ့ မတူကွဲပြား‌တဲ့ လူမျိုးအုပ်စုတွေရဲ့ အခန်းကဏ္ဍ

January 27, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – နိဂုံး

January 20, 2023

ပလက်ဝနှင့် ရက္ခိုင့်တပ်တော် – အပိုင်း (၄)

January 20, 2023

“CDF၊ PDF တွေလို အသက်ကိုစွန့်ပြီးတော့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်တာမျိုး စစ်မြေပြင်မှာဆင်းပြီးတော့ တိုက်ခိုက်နေတာမျိုး မလုပ်နိုင်ဘူးဆိုရင်တောင်မှ အနည်းဆုံး စစ်ကောင်စီနဲ့ မပူးပေါင်းဖို့၊ စစ်ကောင်စီယန္တရားကို မထောက်ခံဖို့ လိုပါတယ်”

Covid19 – Stay Safe
Leaderboard Ad
Archives
–
Leaderboard Ad
Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.