Close Menu
  • Home
  • Featured
  • English
  • Headline
  • About Us
Facebook X (Twitter) Instagram
Khonumthung Media Group
Khonumthung Ad
  • Home
  • Featured
  • English
  • Headline
  • About Us
Khonumthung Media Group
You are at:Home»Khonumthung»တမူးမြို့ ပစ်ခတ်မှုကြောင့် ဒေသခံအမြောက်အများ အိန္ဒိယဘက်ထွက်ပြေး
ပုံဟောင်း

တမူးမြို့ ပစ်ခတ်မှုကြောင့် ဒေသခံအမြောက်အများ အိန္ဒိယဘက်ထွက်ပြေး

0
By Editor on April 13, 2021 Khonumthung
#Unicode
အိန္ဒိယ-မြန်မာနယ်စပ် စစ်ကိုင်းတိုင်းတမူးမြို့တွင် ယနေ့နံနက်ပိုင်းကစ၍ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့များက အင်အား အလုံးအရင်းဖြင့် ပြည်သူ့လုံခြုံရေးခံတပ်များကို ပစ်ခတ်ဖြိုခွင်းကာ မင်္သကာသည့်အိမ်များကို ဝင်ရောက်ရှာဖွေမှုများရှိ နေသည့်အတွက် ဒေသခံပြည်သူ ၂၀၀ ကျော် အိန္ဒိယဘက်ထွက်ပြေးကြရသည်ဟု သိရသည်။
ယနေ့တမူးပစ်ခတ်မှုတွင် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦး ကျည်ထိမှန်သည်ဟုသိရပြီး လူငယ်တစ်ဦးကိုလည်း ဓာတ်တိုင်မှာကြိုးတုပ်ဖမ်းထားကာ အပြင်မှာတွေ့ရှိသည့်ယောကျာင်္လေးမှန်သမျှကို လိုက်လံဖမ်းဆီးနေသည်ဟု တမူးဒေသခံကပြောသည်။
“တမူးမြို့ စျေးတန်း ၇/၈ ကို Operation ဝင်တယ်၊ တစ်အိမ်တက်ဆင်းဝင်တယ် သူတို့သံသယရှိတဲ့သူတွေကို တိုင်မှာ ကြိုးတုပ်ပြီး ရိုက်တယ်ဖမ်းတယ်ခေါ်သွားတယ် အခု ပြည်သူ အယောက် ၂၀၀ ကျော်က အိန္ဒိယဘက်ကို ထွက်ပြေးကြပြီ၊ ’’ ဟု တမူးဒေသခံကပြောသည်။
ထို့အပြင် Grace ဆေးရုံးဝင်အတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များဝင်ရောက်ပြီး သူနာပြုဆရာမများအား ရိုက်နှက်ခြင်းပြုလု ပ်ခဲ့သည့်အပြင်၊ တမူးမြို့ Methodist ဘုရားကျောင်းဝင်းထဲသို့ဝင်ရောက်ရှာဖွေစစ်ဆေးမှုများလည်းပြုလုပ်သည်ဟု သိရသည်။
အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များသည် ယခုချိန်ထိ အာရှလမ်း၊ အလောင်းဘုရားလမ်း၊ မြို့ရှောင်လမ်းတို့တွင် တပ်စွဲထားသည်သည်ဟုသိရသည်။
ပြီးခဲ့သည့်ဧပြီလ ၁၀ ရက်နေ့ တမူးမြို့ပစ်ခတ်မှုတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈ ဦးသေဆုံးမှုရှိခဲ့သည့်အတွက် တမူးမြို့ကို အင်အားအလုံးအရင်းဖြင့် ပစ်ခတ်မှုများပြုလုပ်နေခြင်းဖြစ်သည်ဟု ယူဆရသည်။
#Zawgyi
အိႏိၵယ-ျမန္မာနယ္စပ္ စစ္ကိုင္းတိုင္းတမူးၿမိဳ႕တြင္ ယေန႔နံနက္ပိုင္းကစ၍ အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႔မ်ားက အင္အား အလံုးအရင္းျဖင့္ ျပည္သူ႔လံုျခံဳေရးခံတပ္မ်ားကို ပစ္ခတ္ၿဖိဳခြင္းကာ မသၤကာသည့္အိမ္မ်ားကို ၀င္ေရာက္ရွာေဖြမႈမ်ားရွိ ေနသည့္အတြက္ ေဒသခံျပည္သူ ၂၀၀ ေက်ာ္ အိႏိၵယဘက္ထြက္ေျပးၾကရသည္ဟု သိရသည္။
ယေန႔တမူးပစ္ခတ္မႈတြင္ ၆ ႏွစ္အရြယ္ကေလးငယ္တစ္ဦးက်ည္ထိမွန္သည္ဟုသိရၿပီး လူငယ္တစ္ဦးကိုလည္း ဓာတ္တိုင္မွာႀကိဳးတုပ္ဖမ္းထားကာ အျပင္မွာေတြ႕ရွိသည့္ေယာက်ာၤေလးမွန္သမွ်ကို လိုက္လံဖမ္းဆီးေနသည္ဟု တမူးေဒသခံကေျပာသည္။
“တမူးၿမိဳ႕ ေစ်းတန္း ၇/၈ ကို Operation ၀င္တယ္၊ တစ္အိမ္တက္ဆင္း၀င္တယ္ သူတို႔သံသယရွိတဲ့သူေတြကို တိုင္မွာ ႀကိဳးတုပ္ၿပီး ႐ိုက္တယ္ဖမ္းတယ္ေခၚသြားတယ္ အခု ျပည္သူ အေယာက္ ၂၀၀ ေက်ာ္က အိႏိၵယဘက္ကို ထြက္ေျပးၾကၿပီ၊ ’’ ဟု တမူးေဒသခံကေျပာသည္။
ထို႔အျပင္ Grace ေဆးရံုး၀င္အတြင္းသို႔ စစ္ေကာင္စီတပ္ဖြဲ႔၀င္မ်ား၀င္ေရာက္ၿပီး သူနာျပဳဆရာမမ်ားအား ႐ိုက္ႏွက္ျခင္းျပဳလု ပ္ခဲ့သည့္အျပင္၊ တမူးၿမိဳ႕ Methodist ဘုရားေက်ာင္း၀င္းထဲသို႔၀င္ေရာက္ရွာေဖြစစ္ေဆးမႈမ်ားလည္းျပဳလုပ္သည္ဟု သိရသည္။
အာဏာသိမ္းစစ္ေကာင္စီ၏ တပ္ဖြဲ႔၀င္မ်ားသည္ ယခုခ်ိန္ထိ အာရွလမ္း၊ အေလာင္းဘုရားလမ္း၊ ၿမိဳ႕ေရွာင္လမ္းတို႔တြင္ တပ္စြဲထားသည္သည္ဟုသိရသည္။
ၿပီးခဲ့သည့္ဧၿပီလ ၁၀ ရက္ေန႔ တမူးၿမိဳ႕ပစ္ခတ္မႈတြင္ အာဏာသိမ္းစစ္ေကာင္စီတပ္ဖြဲ႔၀င္ ၁၈ ဦးေသဆံုးမႈရွိခဲ့သည့္အတြက္ တမူးၿမိဳ႕ကို အင္အားအလံုးအရင္းျဖင့္ ပစ္ခတ္မႈမ်ားျပဳလုပ္ေနျခင္းျဖစ္သည္ဟု ယူဆရသည္။
Share. Facebook Twitter Pinterest LinkedIn Tumblr Email
Editor
  • Website

Related Posts

ပြည်သူများကို လိမ်လည်လှည့်ဖြားသည်ဟုဆိုကာ မြန်မာစစ်ဘေးရှောင် ၈ ဦးကို မီဇိုရမ်ပြည်နယ်ကနေ ထွက်ခွာဖို့ YMA ညွှန်ကြား

တမူးဘက် စစ်ဘေးရှောင်နေသည့် ကလေးမြို့၊ ပြည်တော်သာရွာမှ ချင်းလင်မယား သတ်ဖြတ်ခံရ

ခမ်းပတ်မြို့နှင့် ကနန်ရွာကို လေကြောင်းတိုက်ခိုက်မှုအတွင်း ဒေသခံ ၁ ဦး သေဆုံး၊ နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီး

Leave A Reply Cancel Reply


The reCAPTCHA verification period has expired. Please reload the page.

  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Ads
Leaderboard Ad
Archives
Leaderboard Ad
–
Leaderboard Ad
  • Featured Article
June 26, 2026

တောင်ဇလပ်မြေက တော်လှန်ရဲမေများရဲ့ဖက်ဒရယ်အိပ်မက်ထဲက အခက်အခဲ

June 4, 2026

နယ်စပ်က မျက်ရည်များနဲ့ ပျောက်ဆုံးနေသော အိပ်မက်များ

May 19, 2026

သေနတ်ကို ဥပဒေအောက်မှာ ထားနိုင်မှ ခုခံတော်လှန်ရေးက Nation-building ကို စတင်နိုင်မည်

February 19, 2026

“ကာကွယ်ရေး အသုံးစရိတ်ကို အရင်က ၆၅ ရာခိုင်နှုန်းကနေ ဒီနှစ်တော့ ကာကွယ်ရေးကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ်”

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Copyright © 2015 Khonumthung News Group. Design & Developed by ExL.

Type above and press Enter to search. Press Esc to cancel.